ဂျပန်နိုင်ငံ၊ Nagano States Shinshu မြို့မှာ ဂျပန်မြန်မာယဉ်ကျေးမှုဖလှယ်ပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။

အဆိုပါ ယဥ်ကျေးမှုဖလှယ်ပွဲကို စက်တင်ဘာ ၇ ရက် မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး Nagano States Shinshu မြို့တော်ဝန် Mr. Ogiwara Kenji၊ အဆိုပါဒေသက လွှတ်တော်ကိုယ်စားလှယ် Mr. Sugio၊ NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း၊ Nagano မြို့ခံဂျပန်နဲ့ မြန်မာလူမျိုးတွေ၊ Tokyo အပါအဝင် တခြားပြည်နယ်က လာတဲ့ မြန်မာနိုင်ငံသားတိုင်းရင်းသားတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

မြို့တော်ဝန် Mr.Ogiwara Kenji က ငြိမ်းချမ်းလာတဲ့ သူတို့တိုင်းပြည်နဲ့ သူတို့မြို့အကြောင်း ပြောကြားခဲ့သလို ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ကလည်း မြန်မာနိုင်ငံရဲ့ မငြိမ်းချမ်းသေးတဲ့ အကြောင်းအရာတွေကို ပြောကြားခဲ့ပြီး နှစ်နိုင်ငံရိုးရာအဝတ်အစားတွေနဲ့ နှစ်နိုင်ငံအကတွေကို ဖလှယ်တင်ဆက်ခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာမှာ အပစ်ရပ် သက်တမ်းတိုးဖို့ မလေးရှားတိုက်တွန်း

လူသားချင်းစာနာမှုလုပ်ငန်းတွေကို အထူးသဖြင့် ငလျင်ဒဏ်သင့်နေရာတွေမှာ လုံခြုံဘေးကင်းပြီး အဟန့်အတားမရှိ လုပ်ကိုင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့က သက်တမ်းကုန်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ လက်ရှိ အပစ်အခတ်ရပ်စဲရေးကို ထပ်မံ တိုးချဲ့ဖို့နဲ့ သက်တမ်းတိုးဖို့ မလေးရှားက တောင်းဆိုလိုက်ပါတယ်။
Read More

ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းကျိန်ပွဲကို ရာထူးဆိုင်းငံ့ခံထားရသည့် ဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ် ယဥ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက် 

ရာထူးတာဝန်ကနေ ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ဟာ အသစ်ဖွဲ့စည်းထားတဲ့  ထိုင်းအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို ယဉ်ကျေးမှုဝန်ကြီးအဖြစ် တက်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ 
Read More

အာဏာသိမ်းစစ်တပ်လက်ထဲက နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်အလှူငွေတွေကို စောင့်ကြည့်ဖို့လိုအပ်ဟု သတိပေး

အာဏာသိမ်းစစ်တပ်လက်ထဲမှာ ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် နိုင်ငံတကာကလှူဒါန်းထားတဲ့ စီးဆင်းငွေ အမေရိကန်ဒေါ်လာ ၁၃၆ သန်းအထိ ရရှိထားတာကြောင့် ပြည်သူတွေထံ ရောက်ရှိဖို့ စောင့်ကြည့်ရမယ်လို့ Burma News International နဲ့ Myanmar Peace Monitor တို့က ပူးတွဲထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။
Read More

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင် အကျုံးဝင်စေဖို့ အာဆီယံလိုလားဟုဆို

လာမဲ့နှစ် စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာ အားလုံးပါဝင်အကျုံးဝင်စေဖို့ အာဆီယံအဖွဲ့ဝင်တွေအနေနဲ့ လိုလားမှာဖြစ်ကြောင်း ထိုင်းက စစ်ကောင်စီကို ပြောဆိုခဲ့တယ်လို့ ထိုင်းအရာရှိတွေက ဒီဇင်ဘာ ၂၁ ရက် သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
Read More

စင်ကာပူ သွားမည်ဆိုပြီး လေယာဉ်လမ်းကြောင်းပြောင်းရခြင်းဟာ ဒွန်မောင်းလေဆိပ် လဝက စစ်ဆေးမှုများဖြင့် အချိန်ကြန့်ကြာခြင်းကြောင့် ဖြစ်ဟု သက်ဆင် ပြော

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ် လူဝင်မှုကြီးကြပ်ရေးမှာ နှောင့်နှေးမှုကြောင့် စင်ကာပူကို သွားဖို့ စီစဉ်ထားပေမယ့် ပုဂ္ဂလိကလေယာဉ် ဆင်းသက်ရာ စင်ကာပူရှိ ဆီလီတာလေဆိပ် ပိတ်သွားတာကြောင့် ဒူဘိုင်းကို ခရီးစဥ်ပြောင်းလဲခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
Read More

စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို အာဆီယံနှင့် အာရှအင်အားကြီးနိုင်ငံများ ကန့်ကွက်ဖို့ HRW အဖွဲ့ တောင်းဆို

အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့်  ရွေးကောက်ပွဲကို အာဆီယံနိုင်ငံတွေနဲ့ အာရှအင်အားကြီး နိုင်ငံတွေအနေနဲ့ လုံး၀ ကန့်ကွက်သင့်တယ်လို့  လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။