တောင်ကိုးရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့မှာ‌ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်ရှိစေရေးအတွက် ထောက်ခံဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့တယ်လို့ တောင်ကိုးရီးယားနိုင်ငံ တော်လှန်ပြည်သူတွေထံက သိရပါတယ်။

အဆိုပါ ဆန္ဒပြပွဲကို ဒီနေ့ စက်တင်ဘာ ၇ ရက် နေ့လယ် ၃ နာရီကနေ ညနေ ၅ နာရီအထိ ဒယ်ဂူးဘူတာရှေ့ ရင်ပြင်မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဆန္ဒပြပွဲကို မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC)၊ ပူးပေါင်းအဖွဲ့အစည်းဖြစ်တဲ့ Rise Again Myanmar အဖွဲ့အစည်းတို့ကနေ ဦးဆောင်ကျင်းပခဲ့ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေလည်း ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။

“UN မှာ မြန်မာပြည်သူတွေရဲ့ ကိုယ်စား၊ မြန်မာပြည်သူတွေရဲ့အသံဖြစ်တဲ့ ဦးကျော်မိုးထွန်းရဲ့ နေရာ ဆက်လက်ထားရှိရေးအတွက် ရည်ရွယ်ပြီး လုပ်တဲ့ ပွဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသံ အစစ်အမှန်ကိုသာလျှင် ကုလသမ္မဂနေရာမှာ ရှိနေစေချင်တာပါ။ တဆက်တည်းမှာပဲ ကျနော်တို့တွေက အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်း၊ ဆန့်ကျင်ကြောင်း၊ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ဆန္ဒထုတ်ဖော်တာ ဖြစ်ပါတယ်” လို့ MFDMC အတွင်းရေးမှူး ကိုလင်းအိမ်က မောင်းကိုပြောပါတယ်။

​လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာလည်း MFDMC ၊ ဒေါင်းညီနောင်ထောက်ပို့အဖွဲ့နဲ့ ထောက်ပို့ထီ အဖွဲ့အစည်းတို့ကနေ ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံဆန္ဒပြပွဲကို ချွန်းနန်းမြို့မှာ ဆက်လက်​ကျင်းပမှာ ဖြစ်ပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ – ကိုရီးယားက ဦးဆောင်

ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လမ်းလျှောက်ချီတက်ဆန္ဒပြပွဲကိုလည်း​ ကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် လာမယ့် ဆန္ဒပြပွဲတွေမှာ လွတ်လပ်တဲ့ မြန်မာပြည်အနာဂတ်အတွက် ပြည်သူလူထုရဲ့ အသံအစစ်အမှန်အတွက် တက်ရောက် ပူးပေါင်းပါဝင်ကြဖို့လည်း MFDMC က အလေးအနက် တိုက်တွန်းထားပါတယ်။

0 Shares:
You May Also Like
Read More

မဲပေးသူ အင်မတန်နည်းကြောင်း နိုင်ငံတကာ ပြောဆိုနေကြချိန် စစ်တပ်၏ ရွေးကောက်ပွဲအတု အောင်မြင်သည်ဟု တရုတ် ပြော

ကျင်းပပြီးစီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲ အပိုင်း (၁) ဟာ မဲပေးသူ အရေအတွက် အင်မတန် နည်းပါးပြီး မဲစာရင်းမှားတယ်လို့ စစ်တပ် စွပ်စွဲတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲပေးမှုနှုန်းနဲ့ အဆမတန် ကွာခြားကြောင်း နိုင်ငံတကာမီဒီယာတွေက ပြောဆိုနေကြချိန် တရုတ်ကတော့ စစ်တပ် ရွေးကောက်ပွဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ ပြောပါတယ်။
Read More

မြန်မာပြည်သူတွေခံစားနေရတဲ့ ဒုက္ခကို ပြည်ပရောက်မြန်မာတွေ နိုင်တဲ့ဘက်က ကူညီပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်း

ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေ ကို ပြည်ပရောက်မြန်မာတွေက နိုင်တဲ့ဘက်ကကူညီပေးကြဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။
Read More

စစ်ကောင်စီဖမ်းထားတဲ့ ထိုင်းငါးဖမ်းသမား ၄ ဦး လွတ်လပ်ရေးနေ့မှာ ပြန်လွတ်မယ်လို့ ထိုင်းပြော

ပြီးခဲ့တဲ့လနှောင်းပိုင်းမှာ စစ်ကောင်စီရေတပ်က ဖမ်ဆီးခဲ့တဲ့ ငါးဖမ်းလှေပေါ်က ထိုင်းငါးဖမ်းသမား ၄ယောက်ကို စစ်ကောင်စီက လာမယ့် ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ ထိုင်းကာကွယ်ရေးဝန်ကြီး Phumtham Wechayachai က ပြောပါတယ်။
Read More

ဘန်ကောက်မြို့လယ်စျေးတွင် ပစ်ခတ်မှုကြောင့် သေနတ်သမား အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ ချာထူချက် စျေးမှာ ပစ်ခတ်မှု ဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၆ ယောက် သေဆုံးခဲ့ပါတယ်။ သေနတ်သမားကတော့ ကိုယ်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
Read More

အပစ်ရပ် သဘောတူညီချက်ကို ကမ္ဘောဒီးယား ချိုးဖောက်ကြောင်း ထိုင်းစစ်တပ် ထုတ်ပြန်ကြေညာ

ထိုင်းစစ်ဦးစီးချုပ်ဌာနချုပ်မှ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဗာရီက ကမ္ဘောဒီးယားအနေနဲ့ ရည်ရွယ်ချက်ရှိရှိ ယုံကြည်မှု ဖောက်ဖျက်တဲ့ လုပ်ရပ်မျိုးကို လုပ်ဆောင်နေပြီး ထိုင်းအနေနဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာနေဆဲ ဖြစ်ပေမယ့် ကမ္ဘောဒီးယားစစ်တပ်က မရပ်တန့်ဘူးဆိုရင် ကာကွယ်တဲ့အနေနဲ့ ပြန်လည်လက်တုံ့ပြန်ရလိမ့်မယ်လို့လည်း ပြောဆိုကြေညာခဲ့ပါတယ်။
Read More

တောင်ကိုးရီးယားရောက် မြန်မာနိုင်ငံသားများ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ဆန္ဒပြ

တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် (MFDMC) အတွင်းရေးမှူး ကိုလင်းအိမ်က ပြောပါတယ်။