ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲလောက်မှာ ဖလန်ပင်အုပ်စု၊ ဖလန်ပင်ရွာနေ စစ်တပ်သတင်းပေး ဦးမြင့်ရွှေကို သူ့ရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး သူဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို စိန်ခေါ်လေ့ရှိတဲ့သူတစ်ယောက် ဖြစ်တယ်လို့ သိရတယ်။

“သူ့အိမ်ကို သွားရှင်းတာပါ၊ လင်မယားနှစ်ယောက်နဲ့ မြေးနှစ်ယောက်က အိမ်ထဲမှာရှိနေလို့ မြင့်ရွှေကို အိမ်အပြင်ခေါ်ထုတ် ရှင်းလိုက်ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ဦးမြင့်ရွှေဟာ တော်လှန်ရေးရဲဘော်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကော်မရှင်တပ်ဖွဲ့ထံ သတင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ခြင်း၊ လူငယ်တွေကို စစ်တပ်ထဲ လိမ်လည်ထည့်ကာ ရောင်းစားခြင်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“လူငယ် ၂ယောက်ကို မှတ်ပုံတင်လုပ်ပေးမယ်လို့ လိမ်ခေါ်သွားပြီး ခွေးတပ်ထဲထည့်ပစ်တယ်၊ တော်လှန်ရေးအဖွဲ့သတင်းတွေ စခဆီပို့လို့ တခြား PDF အဖွဲ့တခုကတောင် သူ့ကိုသတိပေးခဲ့ဖူးတယ်” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ဦးမြင့်ရွှေရဲ့ လုပ်ရပ်တွေအတွက် ပြည်သူတွေက တိုင်ကြားလာတာကြောင့် စိစစ်အတည်ပြုကာ အရေးယူခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်နဲ့ သူ့ရဲ့ ဒေါက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့တွေအနီး သွားရောက်နေထိုင်ခြင်း မပြုကြဖို့လည်း သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

ဝက်လက်တွင် အကြမ်းဖက်စစ်ကြောင်းက အမျိုးသမီး ၂ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး လေကြောင်းတိုက်ခိုက်မှုများလည်း လုပ်ဆောင်နေ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ကျောက်ကုန်းကျေးရွာကို ဝင်ရောက်စီးနင်းပြီး အမျိုးသမီး၂ ယောက်ကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့သလို မြို့အနောက်ခြမ်းရှိ ရွာသာကြီးကျေးရွာကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။
Read More

ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ဒရုန်းတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် (၁)လုံး ပျက်စီး

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရသူ လူငယ်ဟာ သူရဲ့ မိခင်ဖြစ်သူ နာရေးကို လက်ထိပ်နဲ့သာ သွားခွင့်ရခဲ့ပြီး စစ်သားတွေကလည်း ဘေးကနေ အစောင့်အရှောက်တွေနဲ့ ပါလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

ကန်ပက်လက်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် မည်သည့်ပွဲမှ လတ်တလော မကျင်းပရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေတဲ့ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ပြည်သူတွေအနေနဲ့ လူစုလူဝေး ဖြစ်စေနိုင်တဲ့ ပွဲလမ်းသဘင်တွေ လတ်တလောမှာ ကျင်းပခြင်း မပြုလုပ်ကြဖို့ ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
Read More

နေအိမ်ထဲအထိ ဝင်ရောက်ပေါ်တာဆွဲခံခဲ့ရသည့် စစ်မှုထမ်းတပ်သား အလင်းဝင်နိုင်ခဲ့ပြီ

မကွေးတိုင်း၊ ပခုက္ကူ တပ်မ (၁၀၁) ကနေ စစ်မှုထမ်းတပ်သားတစ်ယောက် ကျည်ဘောက်နဲ့ ကျည်တွေ ယူဆောင်ကာ အလင်းဝင်ရောက်လာခဲ့တယ်လို့ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PKU) ထံက သိရပါတယ်။
Read More

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို Visa သက်တမ်းတိုးရင် ရက် ၉၀သာ တိုးပေးဖို့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ တောင်းဆို

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို မနှစ်သက်တဲ့ ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး အချက် (၈) ချက်ပါတဲ့ တောင်းဆိုစာကို ထိုင်းနိုင်ငံအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့လိုက်တယ်လို့ သိရပါတယ်။
Read More

စစ်ကိုင်းမှာ ပညာရေးဘွဲ့ (အဝေးသင်) တက်တဲ့ စစ်အုပ်စုလက်အောက်နေ ပညာရေးဝန်ထမ်း အရေအတွက် အရင်နှစ်တွေထက် ၃ ဆကျော် ပိုများလာ

အာဏာသိမ်းကာလ ၃နှစ်ကျော်အတွင်း စစ်ကိုင်းပညာရေးတက္ကသိုလ်မှာ ပညာရေးဘွဲ့ (B.Ed) စာပေးစာယူ(အဝေးသင်)သင်တန်း တက်ရောက်ကြတဲ့ Non CDM ဆရာ၊ ဆရာမ အရေအတွက်ဟာ အခုနှစ်ထဲ အများဆုံးဖြစ်တယ်လို့ CDM ပညာရေးဝန်ထမ်းတွေဆီက သိရပါတယ်။