ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဆိုင်ကယ်ကယ်ရီသမား ဟန်ဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့  သတင်းတွေကို စုံစမ်းထောက်လှမ်းနေတဲ့ ပျုစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။
အေးမြသာယာမြို့မှာ နာမည်ဆိုးနဲ့ လူသိများတဲ့ ပျုခေါင်းဆောင် ဝနရဲ့ တပည့်ဖြစ်သူ ပြည့်စုံဟာ ဆိုင်ကယ် ကယ်ရီသမားဟန်ဆောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းကို လိုက်လံစုံစမ်းနေတဲ့အတွက် ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက် ညနေ ၅ နာရီ၊ မင်းလှဆည်ဘောင်ပေါ်မှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိချိန်မှာလည်း သူက အဖမ်းမခံဘဲ ထွက်ပြေးခဲ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးလိုက်ရတယ်လို့ ဆိုပါတယ်။
“မင်းလှဆည်ကို ကယ်ရီပို့ ယောင်ဆောင်ပြီး သတင်းလာစုံစမ်းတာကိုမြင်လို့ ရဲဘော်တွေက အရှင်ဖမ်းတယ်၊ စစ်ဆေးဖို့ စခန်းကိုခေါ်သွားတော့ လမ်းမှာထွက်ပြေးတာနဲ့ အသေပစ်ခတ်ရှင်းလိုက်ရတာ၊ သူ့ကြောင့် ဖမ်းခံရသူ တော်တော်များပြီ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသခံတချို့ရဲ့ လုံခြုံရေးအရ အခုချိန်မှ ထုတ်ပြန်ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ပျူစောထီး ပြည့်စုံဟာ စုံစမ်းသိရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို စစ်ကော်မရှင်တပ်ထံ သတင်းပေးခြင်း၊ တော်လှန်ရေး ကူညီအားပေးသူတွေကို သတင်းစုံစမ်းပြီး ဖမ်းဆီးပေးခြင်း၊ လူငယ်တွေကို စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့အတူ ပေါ်တာဆွဲ ဖမ်းဆီးခြင်းတွေ လုပ်ဆောင်နေတာကြောင့် အခုလို အရေးယူတာ ဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ရက်နေ့ကလည်း ပဲခူးရိုးမပေါ်ကို စစ်ကော်မရှင်တပ်တွေ စစ်ကြောင်းထိုးနိုင်ဖို့ ရှေ့ပြေးလာတဲ့ ပျူစောထီးခေါင်းဆောင် ဝန ဦးဆောင်တဲ့ ဆိုင်ကယ် ၅စီးပါ ယာဥ်တန်းကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမြို့နယ် ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာကြောင့် ပျူစောထီး ကျော်ဝင်းစိန် သေဆုံးပြီး ဆိုင်ကယ်တစ်စီး သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

ချင်းတောင်ပိုင်း တိုက်ပွဲတွေအပြီး အကြမ်းဖက်စစ်သားတွေ ယောဒေသထဲ စိမ့်ဝင်လာသလို ဒေသတွင်း စစ်ရေးအရှိန်မြှင့်တင်မှုတွေ ဆက်တိုက်လုပ်ဆောင်လာ…

မကွေးတိုင်း၊ ယောဒေသမှာ ချင်းပြည်တောင်ပိုင်းတိုက်ပွဲတွေအပြီး စိမ့်ဝင်ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုမိုလု​ပ်ဆောင်လာကြောင်း ယောအလင်းတန်း အဖွဲ့ဝင် ကိုဘကောင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ငသိုင်းချောင်းက အမြောက်တပ်ရင်းကို AA ထိုးစစ်ဆင်တိုက်ခိုက်နေ

ဧရာဝတီတိုင်း၊ ငသိုင်းချောင်း အမြောက်တပ်ရင်းကို AA နဲ့ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

၂ နှစ်ကျော်သည်အထိ စစ်ဘေးရှောင်နေရသည့် ကျေးရွာကို စစ်တပ်က စက်တပ်လေးထီးနှင့် လာရောက်ပစ်ခတ်

"တိုက်ပွဲဖြစ်တဲ့ဟာတော့ ဒီနေ့မရှိပါဘူးဗျ၊ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကတော့ ဆော့ဒုံးပစ်ခတ်တာတွေတော့ရှိတယ်၊ ပစ်တာကလည်း ဒီရွာက ပစ်တယ်လို့မဆိုလိုဘူး၊ သူတို့ဝန်းကျင်က ပစ်တာဆိုတော့ သူတို့ထင်တဲ့နေရာကို ပါရာမော်တာ နဲ့ ၁၂၀ မမ ၂ လုံး ၄ လုံး နဲ့ ချသွားတာ ၂ လုံးကတော့ အိမ်ထဲမှာကျတယ်၊ ၂ လုံးကတော့ စာသင်ကျောင်းရဲ့ အနောက်ဘက်ယာခင်းထဲမှာ ကျတယ်" လို့ ဘုတလင်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ရေး – ထားဝယ်လမ်းမပေါ် အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့

မွန်ပြည်နယ်၊ ရေး-ထားဝယ်လမ်းပိုင်းက အမတ (၃၁၆) အမြောက်တပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Mon State Revolutionary Force - MSRF က သတင်းထုတ်ပြန်ပါတယ်။
Read More

လောင်းလုံးမှာ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရေတွင်းထဲ အလောင်းများ စွန့်ပစ်သွားခဲ့

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီက မောင်းမကန်ရွာသား ၃ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ကာ ရေတွင်းထဲ အလောင်းတွေ ပစ်ချမြုပ်နှံသွားတယ်လို့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DMSCD) ရဲ့ပြန်ကြားရေးတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်မြို့နယ် ပကဖရဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်းအခြေစိုက် ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ရဲ့ လက်နက်တင်ဆင်ခြင်း စက်တင်ဘာ ၂၀ ရက်က တပ်ရင်း စခန်းနယ်မြေမှာ ပြုလုပ်ခဲ့တယ်လို့ ပေါက်မြို့နယ် ပကဖက ဒီနေ့ ထုတ်ပြန်ပါတယ်။