မန္တလေးတိုင်းရှိ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို အကြမ်းဖက်စစ်အုပ်စု လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ် ၁ ယောက် သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၇)ရက် ဒီနေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာကို တိုက်ပွဲမဖြစ်ပွားဘဲ အကြောင်းမဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်ဖြူကျေးရွာအတွင်းရှိ စာသင်ကြားရာ နေအိမ်ကို ထိမှန်ခဲ့ပြီး (၁၀)နှစ်အရွယ် ကလေးငယ်(၁) ယောက် အသက်ဆုံးရှုံးခဲ့ရကာ ကလေးငယ် (၅) ယောက် အပါအဝင် အပြစ်မဲ့ပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်အနေနဲ့ အရပ်သား ပစ်မှတ်တွေဖြစ်တဲ့ ပြည်သူပိုင်နေအိမ်တွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို မကြာခဏ ဦးတည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အလွန်အောက်တန်းကျတဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ကျောက်ဆည်မြို့အနီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့် အင်အားအသင့်အတင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်ချက်တာစကေး ၄ ဒသမ ၅ အဆင့်နဲ့ အင်အားအသင့်အတင့်ရှိတဲ့ မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
Read More

စလင်းတွင် လှည့်ကင်းထွက်လာသည့် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်၊ စစ်တပ်က ထိခိုက်သေဆုံးမှုများရှိ

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ထိတွေ့မှုဖြစ်ပွားပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ဟင်္သာတမြို့ အခြေစိုက် ခလရ ၁၈ အနီး ပစ်ထားတာ ကြာပြီဖြစ်တဲ့ လေယာဉ််ကွင်းကို စစ်ကောင်စီ အလျင်စလို ပြုပြင်နေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၁၈ ခြေလျင်တပ်ရင်း (ခလရ ၁၈) အနီးက လေယာဉ်ကွင်းကို စစ်တပ်က အလျင်စလို ပြုပြင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
Read More

ခမရ-၄၂၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၁ ဦး လက်နက်ခဲယမ်းများယူဆောင်ကာ နေပြည်တော်ပကဖထံ ထွက်ပြေးခိုလှုံ

မကွေးတိုင်း၊ မကွေးမြို့ပေါ်ကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ဒီမော့ဆို အခြေစိုက် ခမရ-၄၂၇ တပ်ရင်းမှာ တာဝန်ကျနေတဲ့ စစ်မှုထမ်းတပ်သား ၁ ယောက် စစ်ကြောင်းကနေ လက်နက်ခဲယမ်းတွေယူဆောင်ပြီး အလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ -နေပြည်တော် တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ကန်ဒေါင့်စခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers – PDF (အညာဒေသ) တပ်ဖွဲ့မှ ရဲဘော် ၁ ဦး ကျဆုံး…

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း 96 Soldiers - PDF (အညာဒေသ)တပ်ဖွဲ့က ရဲဘော် ၁ ယောက်ဟာ စစ်ကူနဲ့ ရိက္ခာဖြတ်တောက်ရေးစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။