ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ ဘယ်တော်လှန်ရေးအဖွဲ့အစည်းကိုမှ မကြောက်ဘူးလို့ စိန်ခေါ်ခဲ့တဲ့ စစ်တပ်သတင်းပေးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက် ညနေ ၆ နာရီခွဲလောက်မှာ ဖလန်ပင်အုပ်စု၊ ဖလန်ပင်ရွာနေ စစ်တပ်သတင်းပေး ဦးမြင့်ရွှေကို သူ့ရဲ့နေအိမ်မှာ သွားရောက်ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး သူဟာ တော်လှန်ရေးအဖွဲ့အစည်းတွေကို စိန်ခေါ်လေ့ရှိတဲ့သူတစ်ယောက် ဖြစ်တယ်လို့ သိရတယ်။

“သူ့အိမ်ကို သွားရှင်းတာပါ၊ လင်မယားနှစ်ယောက်နဲ့ မြေးနှစ်ယောက်က အိမ်ထဲမှာရှိနေလို့ မြင့်ရွှေကို အိမ်အပြင်ခေါ်ထုတ် ရှင်းလိုက်ပါတယ်” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF) တပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက မောင်းကို ပြောပါတယ်။

ဦးမြင့်ရွှေဟာ တော်လှန်ရေးရဲဘော်တွေရဲ့ သွားလာလှုပ်ရှားမှုတွေကို စစ်ကော်မရှင်တပ်ဖွဲ့ထံ သတင်းပေးခြင်း၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကို စိန်ခေါ်ခြင်း၊ လူငယ်တွေကို စစ်တပ်ထဲ လိမ်လည်ထည့်ကာ ရောင်းစားခြင်းတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“လူငယ် ၂ယောက်ကို မှတ်ပုံတင်လုပ်ပေးမယ်လို့ လိမ်ခေါ်သွားပြီး ခွေးတပ်ထဲထည့်ပစ်တယ်၊ တော်လှန်ရေးအဖွဲ့သတင်းတွေ စခဆီပို့လို့ တခြား PDF အဖွဲ့တခုကတောင် သူ့ကိုသတိပေးခဲ့ဖူးတယ်” လို့ အထက်ပါ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။

ဦးမြင့်ရွှေရဲ့ လုပ်ရပ်တွေအတွက် ပြည်သူတွေက တိုင်ကြားလာတာကြောင့် စိစစ်အတည်ပြုကာ အရေးယူခဲ့ခြင်းဖြစ်ပြီး စစ်ကော်မရှင်တပ်နဲ့ သူ့ရဲ့ ဒေါက်တိုင်တွေကို အရှိန်မြှင့် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ သူတို့တွေအနီး သွားရောက်နေထိုင်ခြင်း မပြုကြဖို့လည်း သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

Y12 လေယာဉ်တွေ ထိခိုက်၊ အရာရှိအပါ ၉ယောက် သေခဲ့တဲ့ မှော်ဘီလေတပ်စခန်း တိုက်ခိုက်ခံရမှုကို စစ်ကောင်စီ သတင်းဖုံးဖို့ ကြိုးစားနေ

စစ်လေယာဥ်တွေ ထိခိုက်ပျက်စီးပြီး သေဆုံးသူ ၉ယောက်အထိရှိခဲ့တဲ့ မှော်ဘီလေတပ်စခန်းတိုက်ခိုက်ခံရမှုကို စစ်ကောင်စီက သတင်းဖုံးဖိဖို့ကြိုးစားနေပြီး လေဆိပ်အနီးအနား ဖမ်းဆီးစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
Read More

တညောင်တိုက်နယ်ရဲစခန်းကို စလင်းပကဖ သိမ်းပိုက်မီးရှို့၊  ရဲ ၈ ဦး သေပြီး  ၂ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိ

မကွေးတိုင်း၊ စလင်းမြို့နယ်က တညောင်တိုက်နယ်ရဲစခန်းကို ဒီနေ့ (ဇူလိုင် ၃၀) မနက်အစောပိုင်းမှာ စလင်းပကဖတပ်ဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ကာ စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Read More

သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ၏ အမတ ၃၁၀ တပ်ရင်းကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ သေဆုံးမှုများ ရှိနိုင်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ထဲကို မစ်ဇိုင်းဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

မြိုင်မြို့နယ် နှောပင်ရွာတွင် စစ်ကော်မရှင် ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ် နှောပင်ရွာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂ ယောက် သေဆုံးခဲ့ရကြောင်း မြိုင်ဒေါင်းမင်း မြေပြင်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။
Read More

ကန့်ဘလူမှာ အကြမ်းဖက်စစ်ကြောင်းက ရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီက ကျေးရွာတွေကို အင်အားသုံး မီးရှို့ရင်း အရပ်သား ၃၀ ကျော်ကို ကန့်ဘလူ ၆၀၀၆ တကရ တပ်ရင်းထဲ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ က ပြောပါတယ်။
Read More

“မတတ်သာလို့ ဆုတ်ပေးလိုက်ရပေမယ့်လည်း MNDAA တပ်ဖွဲ့တွေဟာ နွေဦးတော်လှန်ရေးမှာ ပုံစံတစ်မျိုးနဲ့ ပါဝင်နေဦးမှာပါ။ မြေပြင်တပ်ဖွဲ့တွေနဲ့လည်း ချိတ်ဆက် လုပ်ဆောင်နေတာတွေရှိလို့ ကျနော်တို့ အပြစ်တင်စောလို့ မရပါဘူး”

ကိုးကန့်တပ် (MNDAA) ဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြီးမားဆုံး စစ်ဆင်ရေးဖြစ်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ လူထုထောက်ခံမှု ရရှိကာ ရှမ်းမြောက်တခွင်က မြို့နယ်တွေနဲ့ စစ်ကောင်စီရဲ့ လာရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။