မြန်မာနိုင်ငံရဲ့ ၃၉ ရာခိုင်နှုန်းကိုသာ စစ်တပ်က လက်နက်အားကိုးနဲ့ ဖိနှိပ်အုပ်ချုပ်နိုင်တော့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တော်လှန်ခုခံစစ် ၄ နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြလာပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်ကနေစပြီး ၂၀၂၅၊ ဩဂုတ်လအထိ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကနေ တနိုင်ငံလုံးက မြို့နယ်ပေါင်း (၁၆) ရာခိုင်နှုန်းကို စိုးမိုးအုပ်ချုပ်လျက်ရှိပြီး ဝိုင်းဝန်းပိတ်ဆို့ထားတာက (၂၄) ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြို့နယ်စုစုပေါင်း (၂၁) ရာခိုင်နှုန်းမှာတော့ တော်လှန်စစ် ဖြစ်ပွားနေပြီး စစ်အုပ်စုကတော့ (၃၉) ရာခိုင်နှုန်းကိုသာ လက်နက်နဲ့ စိုးမိုးဖိနှိပ်အုပ်ချုပ်နေဆဲ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုင်းရင်းသားတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြည်သူ့ခုခံစစ်ကာလ (၄) နှစ်အတွင်းမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ်နဲ့ ရဟက်ယာဉ် အစီး ၂၀ ကိုလည်း ပျက်စီး/ ပျက်ချနိုင်ခဲ့တဲ့ မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့တယ်လို့ သိရပါတယ်။

နယ်စပ်ကုန်သွယ်ရေးမြို့ အမြောက်အမြားကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေကနေ သိမ်းပိုက်ထိန်းချုပ်ထားဆဲဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေနဲ့ ဆက်သွယ်တဲ့ နယ်စပ်ကုန်သွယ်ရေး အနည်းဆုံး (၁၁) မြို့ကို စစ်အုပ်စုက လက်လွတ်ထားရတယ်လို့ ဖော်ပြထားပါတယ်။

၄နှစ်တာကာလအတွင်းမှာ တိုင်းရင်းသားတော်လှန်ရေးတပ်တွေ အကူအညီနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ ရရှိခဲ့သလို ဒေသအလိုက် ပူးတွဲ ကွပ်ကဲမှုတွေကို တည်ဆောက်ထားနိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ စုဖွဲ့မှုနဲ့ ကွပ်ကဲမှု ပိုမိုကောင်းမွန်လာကြောင်း၊ ဒရုန်းနဲ့ လက်နက် နည်းပညာ၊ ထုတ်လုပ်နိုင်စွမ်း ပိုမိုတိုးတက်လာပြီး ပြောက်ကျားစစ်ကနေ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေအထိ ဖော်ဆောင်လာနိုင်ခဲ့တယ်လို့ NUG ရဲ့ အစီရင်ခံစာမှာ ဆိုထားပါတယ်။

0 Shares:
You May Also Like
Read More

နွားထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပ.က.ဖ) အမှတ်စဉ်(၃) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နွားထိုးကြီးမြို့နယ်(ပကဖ)ဟာပြီးခဲ့တဲ့ နို၀င်ဘာ ၃၀ ရက်နေ့က အမှတ်စဉ်(၃) သင်တန်းဆင်းပွဲပုံရိပ်တွေကို ထုတ်ပြန်လာပါတယ်။
Read More

ကမ္မရဲစခန်းမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူ သေဆုံးပြီး ဇနီးဖြစ်သူဒဏ်ရာရ

"ကမ္မမြို့ပေါ်ရဲစခန်းကနေ ပစ်တာ၊ ရပ်ကွက်ထဲကအိမ်ကိုကျတာ၊ သေဆုံးသွားတဲ့သူတွေက လင်မယား ၂ ယောက်လို့သိရတယ်၊ သေတဲ့သူက အမျိုးသား… ဒဏ်ရာရသူက သူ့ရဲ့ဇနီးလို့သိရတယ်၊ သူ့မိန်းမလည်း ဒဏ်ရာပြင်းထန်တယ်လို့ကြားတယ်" လို့ ကမ္မဒေသခံတစ်ယောက်က မောင်းကိုပြောပါတယ် ။
Read More

ရေးမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း မော့ကနင်ကျေးရွာ၊ ကွမ်ကျိုက်တပ်စခန်းအနီးက စစ်ကောင်စီရဲ့ ကင်းပုန်းစခန်းကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ထံက သိရပါတယ်။
Read More

ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး လက်နက် ၂ လက်နှင့်အတူ အလင်းဝင်လာ

ချင်းပြည်နယ် မြို့တော် ဟားခါးကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ခိုလှုံလာတယ်လို့ Senthang Revolution Force - SRF က ထုတ်ပြန်ထားပါတယ်။
Read More

ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးတွေ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က လက်ပစ်ဗုံးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။