ရန်ကုန် − စလင်း − ဆင်ဖြူကျွန်းဘက်ကို ပြေးဆွဲနေတဲ့ မိုးသောက်ရောင်နီကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွားပြည်သူ ၃ ယောက်ကို စစ်ကော်မရှင်တပ်သားတွေက ပေါ်တာဆွဲဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၆ ရက်နေ့က မကွေး − ကံပြား အကြမ်းဖက် စစ်ဆေးရေးဂိတ်မှာ မိုးသောက်ရောင်နီကားပေါ် လိုက်ပါလာတဲ့ခရီးသည်တွေကို စစ်ကော်မရှင်တပ်က စစ်ဆေးမှုပြုလုပ်ပြီး အဲဒီထဲက ၈ / မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ လူလတ်ပိုင်း အမျိုးသား ၁ ယောက် နဲ့ အမျိုးသမီး ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့ အဲဒီလမ်းပိုင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးလိုက်တာပါ။ သူတို့က လူလတ်ပိုင်းတွေကိုဖမ်းတာ ၈ / တွေဖြစ်တဲ့အတွက် ၈ / တွေကို ရွေးပြီးဖမ်းတာ၊ သူတို့စစ်ဆေးရေး ဂိတ်တွေရှိတယ်။ ယာဉ်ပေါ်ပါလာတဲ့ ခရီးသည်တွေကို စစ်တယ်။ စစ်တဲ့အခါမှာ မှတ်ပုံတင်တွေ စစ်တယ် ၊ ခရီးဆောင်အိတ်တွေစစ်တယ်၊ ခန္ဓာကိုယ်ကိုစစ်တယ်။ အမျိုးသားဆိုအမျိုးသားတစ်စု၊ အမျိုးသမီးဆို အမျိုးသမီးတစ်စု အဲ့လိုစစ်တယ်။ သူတို့မသင်္ကာတဲ့လူတွေဆို ဖမ်းဆီးခေါ်ဆောင်ထားတာလည်းရှိတယ်” လို့  မြေပြင်သတင်းရင်းမြစ်က မောင်းကို ပြောပါတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ အခုလိုခရီးသည်တွေကို ပေါ်တာဆွဲဖမ်းဆီးတာမျိုးတွေ အရင်က လုပ်ဆောင်လုပ်လေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးတာတွေကို ပိုမိုအကြမ်းဖက် လုပ်ဆောင်လာခဲ့တယ်လို့ ဆိုပါတယ်။

“အရင်ကလည်း အခုလိုဖမ်းတာမျိုးရှိတယ်။ ဒီလမ်းပိုင်းမှာ သူတို့စစ်ဆေးရေးဂိတ်တွေ ရှိတယ်။ အခုနောက်ပိုင်း အရင်ကထက် ပိုပိုပြီး ဒီလိုဖမ်းဆီးတာက တော်တော်လေးများလာတယ်။ စစ်တယ်၊ စစ်ဆေးပြီးမှ ပေါ်တာဆွဲတာများလာတယ်” လို့ အထက်ပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

အခုလို အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ ပေါ်တာဆွဲတာမျိုးတွေ၊ ဖမ်းဆီးရိုက်နှက်ပြီး ငွေကြေးတောင်းခံတာမျိုးတွေ ပြုလုပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးမသွားကြဖို့ စလင်းမြို့နယ် ပြည်သူ့ညီနောင်သတင်းတပ်ဖွဲ့ကလည်း သတိပေးထားပါသေးတယ်။

အကြမ်းဖက် စစ်ကော်မရှင်တပ်သားတွေဟာ သူတို့ပ ထိခိုက်သေဆုံးတာတွေ များလာတာနဲ့အမျှ အပြစ်မဲ့ပြည်သူတွေကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးတာတွေ နေ့စဉ်လုပ်ဆောင်နေပြီး ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အသက်မပြည့်တဲ့ လူငယ်ကျောင်းသားတွေ၊ သက်ကြီးရွယ်အိုတွေလည်း များစွာ ပါဝင်နေပါတယ်။

0 Shares:
You May Also Like
Read More

ဆောထိမြို့နယ်တွင် စစ်အုပ်စု တရက်အတွင်း ၁၂ ကြိမ် လေကြောင်းတိုက်ခိုက်ကာ ပေါင် ၅၀၀ ဗုံး ၂၄ လုံး ကြဲချ၊ မိန်းကလေးငယ် ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်ကို အကြမ်းဖက်စစ်တပ်က တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် မိန်းကလေးငယ် ၁ယောက် သေဆုံးကာ ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ပါတယ်။
Read More

ပုလောမှာ CDM ဝန်ထမ်းတွေကို ဖမ်းဆီးရန် သတင်းလိုက်ပေးသည့် အုပ်ချုပ်ရေးမှူးသားအဖ ရှင်းလင်းခံရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို သတင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ် (၁) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
Read More

ရတနာပုံတော်လှန်ရေးတပ်ဖွဲ့မှ ပထမဆုံး ကျဆုံးခဲ့သည့် ရဲဘော်၏ ကျဆုံးခြင်း ၄ နှစ်ပြည့် ပြုလုပ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

ဘုတ်ပြင်းမြို့နယ်မှာ ပျူစောထီးအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်၊ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ

တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့ကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးခေါင်းဆောင် သေဆုံးပြီး လက်နက် ၁၀ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်ပါတယ်။
Read More

ဆားလင်းကြီး တိုက်နယ်ဆေးရုံကို စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်၍ ဆရာဝန်တစ်ဦးအပါ သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံကို စစ်အုပ်စုကဗုံးကြဲတိုက်ခိုက်လို့ ဆရာဝန်တစ်ယောက်အပါအဝင် သုံးယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ပန်းရံကျေးရွာ ပျူစောထီးစခန်းမှ ရွှေဘိုမြို့ပေါ် ရိက္ခာလာထုတ်သည့် ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ကို ပန်းရံကျေးရွာ ပျူစောထီးစခန်းကနေ ရိက္ခာ လာထုတ်တဲ့ ပျူစောထီးကားကို ပစ်ခတ်တိုက်ခိုက်ရာ ပျူစောထီးတွေ ထိခိုက်မှုတွေ ရှိတယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ က ထုတ်ပြန်ထားပါတယ်။