မကွေးတိုင်း၊ တောင်တွင်းကြီးနဲ့ ဆင်ပေါင်ဝဲမြို့နယ်ကြားမှာ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ ထွက်လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ယောက် အပါအဝင် အကြမ်းဖက်စစ်သား ၄ ယောက် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ရက်၊ နေ့လယ်ပိုင်းက တောင်တွင်းကြီးမြို့နယ်၊ ထောက်ကြံ့ကွင်းဂိတ်ကနေ ဆင်ပေါင်ဝဲမြို့နယ်၊ ဓနုန်းမြောင်ဂိတ်ဆီ ဂိတ်အချိန်းအပြောင်းလုပ်ဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်သားတွေကို ပဲခူးရိုးမပတ်လမ်းတစ်နေရာမှာ ရှေ့ထွက်မိုင်းတွေနဲ့ တော်လှန်ရေးတပ်တွေ စတင်ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီနောက် လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်ရင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက ပြောပါတယ်။

“ပဒေသာမိုင်းဆွဲပေမယ့် ကားမှာပါတဲ့ဂျမ်မာကြောင့် မရခဲ့ဘူး။ အဲ့ဒါကြောင့် ရှေ့ထွက်ပြောင်းတွေ၊ ဆွဲမိုင်းတွေနဲ့ပဲ တိုက်ခိုက်ခဲ့ရပါတယ်။ မိုင်းဆွဲပြီး ပစ်ခတ်မှုက ၁၀မိနစ်လောက် ဖြစ်ခဲ့တယ်။ သေသွားတဲ့ဗိုလ်က GE 967 ကပစလက်အောက်ကပဲ။ လက်နက်ထုတ်လုပ်ရေးတပ်ပဲ။ ကျနော်တို့ကတော့ ပခနလို့ခေါ်တယ်။ ကျနော်တို့ တိုက်ခိုက်မှုကြောင့် နောက်ကကားတွေတက်လာတော့ ကြောက်အားလန့်အားနဲ့ပစ်ပြီး သူတို့ပြန်ဆုတ်သွားပါတယ်။” လို့ ပြည်သူ့ကာကွယ်ရေးတပ်- ပုဏ္ဏဝတီ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်-ပုဏ္ဏဝတီ PDFPNWD (တောင်တွင်းကြီး)နဲ့အတူ သရက်ခရိုင်အမှတ်(၅)တပ်ရင်း(ဆင်ပေါင်ဝဲမြို့နယ်)၊ နေပြည်တော် (၉၀၂) တပ်ရင်း၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်၊ တောင်တွင်းကြီး ပကဖ (အဂ္ဂကြီးအဖွဲ့) ဗိဿနိုး ပြည်သူကာကွယ်ရေးအဖွဲ့(တောင်တွင်းကြီး )နဲ့ မကွေးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၅ရက်နေ့ကလည်း တောင်တွင်းကြီး​မြို့နယ် ဝါးသုန်းပြူးအုပ်စု၊ သီရိရတနာကျေးရွာကို စစ်အုပ်စုက အင်အား ၅၀နီးပါးနဲ့ဝင်ရောက်စီးနင်းရင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့ပါသေးတယ်။

သီရိ ရတနာကျေးရွာဟာ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်အထိ ၅နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး နေအိမ်၄လုံး မီးလောင်ပြာကျခဲ့သလို အရပ်သားတွေလည်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

မုံရွာ – အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ စစ်သားတွေနဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာ - အရာတော် လမ်းပိုင်းမှာ စစ်ကြောင်းထိုး တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းကို ၃ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။
Read More

နွားထိုးကြီးတွင် ရိက္ခာရှာထွက်သည့် စစ်သားများ ပစ်ခတ်ခံရပြီး ၃ ဦး သေ၊ ညောင်ဦးတွင်လည်း တရားရုံးသွားမည့် ရဲတပ်ဖွဲ့ဝင်၂ ဦး လမ်းတွင် ပစ်သတ်ခံရ

မန္တလေးတိုင်း၊ နွားထိုးကြီးနဲ့ ညောင်ဦးမြို့နယ်တို့မှာ ရဲစခန်းက ထွက်လာတဲ့ စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး ၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။
Read More

ဆီမီးခုံမြို့တိုက်ပွဲအတွင်း မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်းမှ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံး၊ ၃ ဦးကိုသာ ကောင်းမွန်စွာ သင်္ဂြိုဟ်ရ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီးမီးခုံမြို့တိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် ၇ တပ်ရင်း Zero ပြောက်ကျားတပ်ဖွဲ့ရဲ့ တပ်ဖွဲ့ဝင် ၆ယောက် ကျဆုံးခဲ့ပြီး ၃ ယောက်ကိုပဲ ကောင်းကောင်းမွန်မွန် သင်္ဂြိုလ်ခဲ့ရကြောင်း တပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
Read More

ယင်းမာပင်မြို့နယ်က ကျေးရွာတစ်ရွာမှာ တော်လှန်ရုပ်ရှင်ပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ သပိတ်ကော်မတီဝင်တွေနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း ၁ ရဲဘော်တွေက ပြည်သူတွေကို တော်လှန်ရုပ်ရှင်တွေ ပြသခဲ့တယ်လို့ သိရပါတယ်။
Read More

ရွှေကျင်မြို့နယ် တိုက်ပွဲများတွင် ပဲခူးတိုင်းပကဖများ ပါဝင်တိုက်ခိုက်‌နေ

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲတွေမှာ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ဝေါ၊ ကဝ၊ အင်းတကော်၊ ဘုရားကြီး၊ ဒိုက်ဦး၊ သနပ်ပင်မြို့နယ်တို့က ပကဖ တွေ ပါဝင်တိုက်ခိုက်နေတယ်လို့ ပကဖ အသံက ဒီနေ့မှာ သတင်းဖော်ပြထားပါတယ်။
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။