ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ KIA၊ KPDF ပူးပေါင်းတပ်တွေနဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်တို့ဟာ စက်တင်ဘာလ ၆ ရက် ဒီနေ့ မနက် ၄ နာရီလောက်က အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ မမုံ − ဖားပြင်ကျေးနဲ့ ဖားကန့်သွားလမ်းပေါ်ရှိ မှော်တောင်း − ဆန်းကြွယ်ကျေးရွာဘက်ကို ထိုးစစ်ဆင်လာချိန် KIA၊ KPDF ပူးပေါင်းတပ်တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုကြောင့် သံဃာတစ်ပါးအပါအဝင် ၄ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်သားတွေ စစ်ကြောင်းထိုးလာတဲ့ လမ်းမှာ KIA၊ KPDF တွေရဲ့ ဂိတ်စခန်းတစ်ခုရှိပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သားတွေက အပြင်းအထန် ထိုးစစ်ဆင်လာတဲ့အတွက် အဆိုပါ ဂိတ်စခန်းကနေ KIA၊ KPDF တပ်ဖွဲ့တွေက ဆုတ်ခွာပေးခဲ့လိုက်ရတယ်လို့ ဆိုပါတယ်။

“မနေ့ကလည်း တောက်လျှောက်ဖြစ်နေတာ ၊ ဒီမနက်မှာလည်း ထပ်ဖြစ်တယ်။ မှော်တောင်းကျေးရွာမှာရှိတဲ့ ဂိတ်ကို သူတို့က စစ်ကြောင်းထိုးတယ် ၊ အဲ့မှာ တိုက်ပွဲပြင်းထန်ပြီးတော့ ဂိတ်ကလည်း ဆုတ်ပေးလိုက်ရတယ်။တိုက်ပွဲအပြန်အလှန်ပစ်ခတ်ချိန်မှာ လက်နက်ကြီးကျတော့ အဲ့မှာ ကလေးတွေ ထိတယ်။ သံဃာတော် တစ်ပါးလည်း ထိတယ် ” လို့ ဖားကန့်နယ်ခံတစ်ယောက်က ပြောပါတယ်။

ထိမှန်သွားတဲ့ သံဃာတော်ဟာ ဆန်းကြွယ်ရွာ မစိုးရိမ်ကျောင်းတိုက်က ဖြစ်ပြီး ဒေသခံတွေကတော့ မှော်တောင်းရွာနဲ့ ဆန်းကြွယ်ရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။
ဒဏ်ရာရတဲ့သူတွေထဲက ၇ နှစ်အရွယ် ကလေးတစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲအပြီး ပစ်ခတ်မှု ငြိမ်သွားပေမယ့်လည်း စစ်ရေးအခြေအနေက တင်းမာနေဆဲဖြစ်ပြီး လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာရသွားတဲ့သူတွေကို ဆေးရုံ ပို့ဆောင်ပေးတာတွေ လုပ်ဆောင်ပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖားကန့် −ဆိပ်မူသွားလမ်းပေါ်ရှိ ယူမာကျေးရွာက အဲဗားမျောခြံထဲမှာလည်း စစ်ကော်မရှင်တပ် နဲ့ KIA / KPDF ပူးပေါင်းတပ်တို့ စက်တင်ဘာ ၅ ရက်နေ့ညမှာလည်း ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။ဖားကန့်နယ်ထဲမှာ စစ်ကော်မရှင်တပ် နဲ့ KIA / KPDF တပ်တို့ ထိတွေ့တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာ ၁ လကျော်ခန့်ရှိပြီးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လလောက်ကလည်း စစ်ကော်မရှင်တပ်သားတွေဟာ လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့လို့ မနကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့ရာ ကိုမျိုးဇော် (ခ)မဲကြီး ထိမှန်သေဆုံးခဲ့ပြီး ၊ သမီးဖြစ်သူ မသဲသဲမြစ်ကတော့ ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားတဲ့ သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၄ ရက်နေ့အထိ နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့်အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၆၆) ဦး စုစုပေါင်း (၇၈) ဦး သေဆုံးခဲ့ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် (၄) ဦး ပါဝင်ကာ သေဆုံးသူများထဲတွင် ပဲခူးတိုင်းထဲက (၁၃) ဦး သေဆုံးခဲ့ကြောင်းကိုလည်း ထုတ်ပြန်ထားပါသေးတယ်။

ပုံစာ − ဖားကန့်မှာသြဂုတ် ၃၀ ရက်နေ့က ၂ ဖက်တိုက်ပွဲအကြား လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိမှန်သွားတဲ့ ပြည်သူများ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မပေးလို့ နိုင်ကျဉ်းတစ်ယောက် ဆီးကျောက်ရောဂါနဲ့ ကျဆုံး

ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်းထောင်မှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသားတစ်ယောက် ဆီးကျောက်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) ထံက သိရပါတယ်။ 
Read More

မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာကို အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုး မီးရှို့နေ၊ ရွာလုံးကျွတ် တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်က နှမ်းဆီကန် ကျေးရွာကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

နမ့်ဆန်မြို့နယ်တွင် စစ်အုပ်စု ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ကယားကြီးကျေးရွာမှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူငယ်အမျိုးသား (၁) ယောက် ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ကျောက်ဆည် ဆက်သွယ်ရေးတပ်က စစ်သား၁ယောက် လက်နက်မဲ့အလင်းဝင်၊ စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပျူစောထီးကားကို စောင့်ကြိုပစ်ခတ်မှု ပျူ ၂ ယောက် သေ

ဒီဇင်ဘာလအတွင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သား၁ယောက် လက်နက်မဲ့အလင်းဝင်ရောက်လာသလို ပျူစောထီးအဖွဲ့ဝင်တွေ စီးနင်းလိုက်ပါလာတဲ့ကားကို စစ်ကိုင်း-မင်းကွန်းလမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

DMO Local PDF တပ်ရင်း ၂ မှ အသက် ၂၆ နှစ်အရွယ် ဒုတပ်ရင်းမှူး၏ ဈာပန

ကရင်နီပြည်နယ်ရဲ့ ရှေ့တန်းစစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) ရဲ့ တပ်ရင်း (၂) ဒုတပ်ရင်းမှူး ဟင်နရီလုအောင်ရဲ့ စျာပနအခမ်းအနားကို မနေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

Sky Villa ကွန်ဒိုတွင် ယနေ့ ရုပ်အလောင်း ၂ လောင်း ထပ်မံတွေ့ရှိ

မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်မှာ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားတဲ့ Sky Villa အဆောက်အအုံကနေ အမျိုးသား ၁ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မှာ ထပ်မံတွေ့ရှိတယ်လို့ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။