စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂ ရက်က ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိတွေ့မှုဖြစ်ပွားပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်သားတွေ နောက်ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Vote Fighterအဖွဲ့နှင့် မဲမှောင်ပြည်သူကာကွယ်ရေးအဖွဲ့၊ အမေ့သားပျောက်ကြားတပ်ဖွဲ့ နဲ့ အခြားသောမဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Video-Black Vote Fighter Local PDF
0 Shares:
You May Also Like
Read More

SSNDF/KNDF ဗျူဟာအမှတ် – ၉ တွေ့ဆုံဂုဏ်ပြုပွဲ အခမ်းအနားနေ့တွင် ရဲဘော်များ သေနတ်အဖြုတ်အတပ် ပြိုင်ပွဲပြုလုပ် (ရုပ်/သံ)

SSNDF/KNDF ဗျူဟာအမှတ် - ၉ တွေ့ဆုံဂုဏ်ပြုပွဲအခမ်းအနားနေ့မှာ တပ်ရင်း B-101 ၊ B-102 ၊ B-103 တို့က ရဲဘော်တွေ ပါဝင်ယှဉ်ပြိုင်တဲ့ သေနတ်အဖြုတ်အတပ်ပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ SSNDF/KNDF B-101 က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရန်ကုန်-ပြည် လမ်းမမှာ ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွား (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်မြို့၊ ဘုရင့်နောင်လမ်း၊ ရန်ကုန်-ပြည်လမ်းမပေါ်  မိုင်တိုင် အမှတ် (၁၇၇/၁) မှာ ဇန်နဝါ ရီ ၂၇ ရက် ညနေပိုင်းက ခရီးသည်တင်ယာဉ် ၁ စီး မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့အခြေချတပ်စခန်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း မြင်းခြံမြို့နယ် ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger တပ်ဖွဲ့ အခြေချ တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် နံနက် ၅ နာရီခန့်က အင်အား ၁၂၀ နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
Read More

Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုး ပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်ဝယ်ယူပေးဖို့ မေတ္တာရပ်ခံ (ရုပ်/သံ)

အမှတ် (၁) စစ်ဒေသ ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃,၄,၅)၊ ဗျူဟာ အမှတ် (၄၈) တပ်ရင်း (၃) တပ်ခွဲ (၃) Defence Of Our Motherland ရဲဘော်တွေအတွက် ဝယ်ယူထားတဲ့ ဝတ်စုံဖိုးပေးချေနိုင်ဖို့ ကမ့်ပိန်းမဲလက်မှတ်တွေ ရောင်းချနေတယ်လို့ သိရပါတယ်။
Read More

8+ အညာမြေစစ်ဆင်ရေးအဖွဲ့ မွမ်းမံသင်တန်း ကျင်းပပြီးစီး (ရုပ်/သံ)

မကွေးတိုင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေး၊ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့ ရဲဘော်တွေရဲ့ မွမ်းမံသင်တန်းဆင်းပွဲကို ဧပြီ ၂၃ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
Read More

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီတင်ဖို့အတွက် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောနဲ့ တွဲတွန်းရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group အဖွဲ့မှ ယနေ့သတင်းထုတ်ပြန်ထားပါတယ်။