အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီး အကျဥ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ်က အာရက္ခတပ်တော် (AA) ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်စစ်မျက်နှာမှာ အောင်ပွဲများစွာ ရရှိထားတဲ့ AA ရဲ့ ပဲ့ကိုင်ရှင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားသလို သူနဲ့ နိုင်ငံရေးအကျဥ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ပြောခဲ့ကြောင်း ကင်မ်အဲရစ်က ရေးသားထားပါတယ်။

“မကြာသေးခင်က အာရကန်တပ်တော်ရဲ့ ဗိုလ်ချုပ်ကြီး ထွန်းမြတ်နိုင်ကို တွေ့ဆုံခဲ့ပါတယ်၊ သူက မေ့မေ့ကို အထူးလေးစားကြောင်း၊ မေမေ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြောပါတယ်။ မေမေနဲ့နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်။” လို့ ရေးသားထားတာပါ။

AA တပ်ဖွဲ့ရဲ့ အချိန်တိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုတွေကိုလည်း ချီးကျူးဂုဏ်ပြုစကား ပြောခဲ့တယ်လို့လည်း ကင်မ်အဲရစ်က ဆိုပါတယ်။

“ကိုထွန်းမြတ်နိူင်နဲ့ သူရဲ့တပ်ဖွဲ့များရဲ့ အချိန်တိိုတိုမှာ ရရှိခဲ့တဲ့ အောင်မြင်မှုများကို အင်မတန်ချီးကျူး ဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်။ သူ့ဆီကနေ ရခိုင်ပြည်သူများကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ရှောဘေးရှောင်နေစဉ် ရင်ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ပိုမိုသိရှိနားလည်ခဲ့ရတယ်။ သူတို့ရဲ့ ကြံ့ကြံ့ခံ ဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွ လက်တွဲလုပ်ဆောင်မှု အင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့ မြင်ပါတယ်။” လို့ ကင်မ်အဲရစ်က ဆိုပါတယ်။

ကင်မ်အဲရစ်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ယုံကြည်ရတဲ့မိတ်ဆွေတွေ အနေနဲ့ရှိဖို့၊ တစ်ဦးကို တစ်ဦး ပံ့ပိုးကူညီဖို့၊ လူတိုင်း ဂုဏ်သိက္ခာနဲ့ ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံ ဖြစ်လာအောင် ဆက်လက် ကြိုးပမ်းသွားဖို့ သဘောတူညီခဲ့တယ်လို့ ပြောဆိုထားပါတယ်။
0 Shares:
You May Also Like
Read More

ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ စစ်ကောင်စီအထိုင်စခန်းကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်စခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Burma Revolution Rangers က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားသည့် စစ်ကောင်စီတပ် ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅ဝ)ဗုံး (၁)လုံး လာရောက်ကြဲချတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာကို အပစ်ရပ်ထားတဲ့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၂၅ဝ) ဗုံး (၁) လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

တရားမျှတမှုဆီသွားသည့် သမိုင်းဝင်ခြေတစ်လှမ်း – မြန်မာနိုင်ငံအား ILO ပုဒ်မ (၃၃) ဖြင့် အရေးယူရန် ဆုံးဖြတ်ခြင်း

ပြီးခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံ (ILC) မှာ မြန်မာစစ်ကောင်စီကို နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ပြဋ္ဌာန်းချက် ပုဒ်မ (၃၃) အရ အရေးယူပြီး သမိုင်းဝင် ခြေတစ်လှမ်း လှမ်းခဲ့ပါတယ်။ ဒီလို ရှားပါးတဲ့လုပ်ဆောင်ချက်ဟာ အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆိုးဆိုးရွားရွားနဲ့ ဆက်တိုက်ဆိုသလို ကျူးလွန်ခြင်းအတွက် စစ်ကောင်စီကို တာဝန်ခံစေတာဖြစ်ပါတယ်။
Read More

ဒေါနတပ်ရင်းကို အလင်းဝင်ရောက်ခဲ့သူ ၁၈ ဦး PDF အဖြစ် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေ…

" သူတို့စုဆောင်းခံရပုံက အတော်တူကြပါတယ်။ စစ်မှုထမ်းစာရင်းမပါပဲ၊ မဲမနိူက်ရပဲနဲ့ ပုံမှန်အလုပ်သွား၊ အလုပ်ပြန်လုပ်နေရင်း ညနေဘက်မှာ ဖမ်းခံရတာပါ။အဲ့လိုကနေမှရဲစခန်း၊ သင်တန်းစုဆောင်းရေးတွေကိုပို့ခံရတယ်ပေါ့။ နေရာတွေကတော့ အစုံပဲ။ တနင်္သာရီပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူး၊ မွန် စသဖြင့်ပေါ့နော်။ "
Read More

စစ်မှုထမ်း အကျုံးဝင်တဲ့ လူငယ်တွေကို ပြည်ပထွက်ခွါခွင့် မပြုကြောင်းနဲ့ ပျက်ကွက်ရင် အရေးယူမယ့် နည်းဥပဒေ စစ်ကောင်စီ ပြဌာန်း.. ကျောင်းသင်ခန်းစာမှာလည်း စစ်မှုထမ်းဥပဒေအကြောင်း ထည့်သွင်းသင်ကြားမယ်..

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေကို ကျောင်းသင်ခန်းစာတွေမှာပါ ထည့်သွင်း သင်ကြားသွားမယ့်အပြင် စစ်မှုထမ်းဖို့ အသက်ပြည့်မှီနေသူတွေ အားလုံးကို ပြည်ပထွက်ခွင့် မပြုတော့ဘူးလို့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေမှာ ထည့်သွင်းဖော်ပြလာပါတယ်။