မကွေးတိုင်း ပခုက္ကူမြို့နယ် အနောက်ဘုန်းကံပျူရွာရှိ စစ်ကော်မရှင်တပ်သားတွေကို ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Cobra One တပ်ဖွဲ့သတင်းပြန်ကြားရေး ဗိုလ်မြွေဟောက် က မောင်းကို ပြောပါတယ်။

စက်တင်ဘာ ၆ ရက် ယနေ့နံနက်ပိုင်းက ပခုက္ကူမြို့နယ် တပ်မ ၁၀၁ မှ ထွက်လာတဲ့ စစ်ကော်မရှင် တပ်သားတွေကို အနောက်ဘုန်းကံပျူရွာသို့ ရောက်ရှိနေချိန် ရော့ကတ် ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ တယ်လို့ သိရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်ပြီး၊ တိုက်ခိုက်ခံရတဲ့ ပျူရွာအတွင်းကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ-တပ်ရင်း(၁)၊ ပခုက္ကူမြို့နယ် ပကဖ-လက်နက်ကြီးတပ်ဖွဲ့COBRA ONEနဲ့ Burma Revolution Rangers တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။

Video-ဗိုလ်မြွေဟောက်
0 Shares:
You May Also Like
Read More

တောကျီးကန်း ၇ ကောင် တပ်ရင်းက ပထမဆုံးအကြိမ်အဖြစ် ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရ (ရုပ်/သံ)

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ်စခန်းကို စက်တင်ဘာ ၂၇ ရက် ညပိုင်းက တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရင်း တောကျီးကန်း ၇ ကောင် တပ်ရင်းက ရဲဘော် ၂ ယောက်ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
Read More

အာဏာသိမ်းစစ်တပ်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူတွေ ယုံကြည်မှုရှိလား (ရုပ်/သံ)

လာမယ့်ဒီဇင်ဘာလထဲမှာ စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 
Read More

ကျောက်မဲမြို့ရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင် ဗုံးကြဲ၊ ကိုရင် ၃ ပါးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရှမ်းပြည်နယ် ကျောက်မဲမြို့ရှိ ဝါဆိုဘုန်းကြီးကျောင်းအနီးကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကိုရင် ၃ ပါးနဲ့ အမျိုးသား ၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Read More

အင်အားပြင်း ငလျင်လှုပ်ခတ်မှုအတွင်း Sky Villa ကွန်ဒို အပေါ်ဆုံးထပ် ရောက်ရှိနေသူများ (ရုပ်/သံ)

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးမြို့ Sky Villa ကွန်ဒိုအပေါ်ဆုံးထပ်မှာ လူတချို့ရှိနေခဲ့ပြီး သူတို့ကိုယ်တိုင် ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။
Read More

(၆၃)နှစ်မြောက် တအောင်းတော်လှန်ရေးနေ့အခမ်းအနား ကျင်းပ (ရုပ်/သံ)

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲမှာ ဇန်နဝါရီ ၁၂ ရက်က (၆၃) နှစ်မြောက် တအောင်းတော်လှန်ရေးနေ့ အခမ်းအနား ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Read More

ခမရ ၅၉၈ ကို စစ်ကူပေးနေသည့် စစ်ကော်မရှင်တပ်သားများ ခိုအောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းသို့ စစ်ကူပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေ ခို အောင်းရာနေရာကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးခရိုင်ပကဖ က သတင်းထုတ်ပြန်ထားပါတယ်။