ပဲခူးတိုင်း နတ်တလင်းမြို့နယ်အတွင်းမှာ အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ တောင်ညိုဆည် မကျီးပင်ဂိတ်ကို အကြမ်းဖက်စစ်သားတွေ စွန့်ခွာထွက်ပြေးသွားတဲ့အတွက် နယ်မြေရှင်းလင်းရေး ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်များထံက သိရပါတယ်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းက နတ်တလင်းမြို့နယ် တောင်ညိုဆည် မကျီုးပင်ဂိတ်က အကြမ်းဖက် စစ်သားတွေ စခန်းကို စွန့်ခွာထွက်ပြေးသွားတဲ့အတွက် တော်လှန်ရေးရဲဘော်တွေ ရှင်းလင်းရေးပြု လုပ်ခဲ့တယ်လို့ သိရတာပါ။

စခန်းအတွင်းကနေ ကျည်များ၊ ရှေ့ထွက်မိုင်းများ၊ စစ်သုံးပစ္စည်းတွေနဲ့ ရိက္ခာအချို့ သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။
အဲဒီနယ်မြေရှင်းလင်းရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ ဒုရင်းမှူး ဦးဆောင်ပြီး ၃၈၀၁ တပ်ခွဲ ၂ ၊ ၄ နှင့် ၆ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံကို လွှင့်ထူနိုင်ခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

ချင်းပြည်နယ်၊ ဝိတိုရိယတောင်ထိပ်မှာ ချင်းပြည်အလံ CDFကို လွှင့်ထူနိုင်ခဲ့ပြီဖြစ်ကြောင်း ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF Kanpetlet က ရုပ်သံနဲ့တကွ ထုတ်ပြန်လိုက်ပါတယ်။
Read More

ဗန်းမော်သို့ လာတဲ့ စစ်သင်္ဘော ၇ စီးကို KIA၊ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ ၆ စီး ပျက်စီး (ရုပ်/သံ)

ကချင်ပြည်နယ် ရွှေကူမြို့မှ ဗန်းမော်သို့ လာနေတဲ့ စစ်သင်္ဘော ၇ စီးအုပ်စုကို KIA၊ PDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၆ စီး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
Read More

သံမိုးတောင်ကျေးရွာမှာ နေအိမ်နဲ့ ဘာသာရေးကျောင်းဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ကရင့်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၂) တောင်ငူခရိုင်၊ သံမိုးတောင် ကျေးရွာမှာ ဧပြီ ၇ ရက် နံနက်ပိုင်းက နေအိမ်နဲ့ ခရစ်ယာန်ဘာသာရေးကျောင်း‌ဆောင်တွေကို မီးရှို့ဖျက်ဆီးပြီး ပြန် လာတဲ့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ တယ်လို့ ကမ်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

စစ်ကိုင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ဂိတ်နှင့် စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သားအများအပြား သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ပေါက်တာရွာ စစ်တပ်ဂိတ်နဲ့ စစ်ကူစစ်ကြောင်းကို ‌တော်လှန်ရေး ပူးပေါင်းတပ်တွေ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သားအများ အပြားသေဆုံးခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၇) တပ်ရင်း တပ်ခွဲ (၄) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ငါန်းဇွန်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်၊ စစ်သား ၄ ဦး သေပြီး ၂ ဦး ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း ငါးဇွန်မြို့နယ်အတွင်း အကြမ်းဖက်ဖစစ်တပ်စစ်ကြောင်းကို မိုင်းဆွဲပြီး လက်နက်ကြီး နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားတယ်လို့ Special Task Force ngazun မှ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကလေးမြို့မှာ စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်ကူစစ်ကြောင်းကို ပါ ထပ်မံမိုင်းဆွဲမှုကြောင့် ရဲအရာရှိ ၁ ယောက်အပါအဝင် ၉ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ နိုဝင်ဘာ ၇ ရက် နေ့လည်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်သား ၆ ယောက်ခန့် စီးနင်းလာတဲ့ ယာဉ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF Kalay - Mine Team အဖွဲ့ထံက သိရပါတယ်။