တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ် ၊ ဆယ်အိမ်စုကျေးရွာဖက် က ထွက်လာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စစ်တပ်က ၅ ယောက် သေဆုံးခဲ့တယ်လို့ ဒေါနစစ်ကြောင်း-၃ (KBDF) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၉ ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်ကော်မရှင်တပ်နဲ့ ပတ်ကင်းထွက်နေတဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တောင်ရင်းအင်းကျေးရွာ အနောက်ပိုင်းမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၅ ယောက် ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ကလည်း ရဲဘော် ၁ ယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကော်မရှင်စစ်ကြောင်းဟာ ပွိုင့်ဖိုက် တပ်ဆင်‌ထားတဲ့ ကားနှစ်စီးနဲ့ အင်အားထပ်မံဖြည့်တင်းခဲ့သလို ဆယ်အိမ်စုကျေးရွာနဲ့ တောင်ရင်းအင်းကျေးရွာတွေ ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင်နေအိမ်တွေနဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကာ ပြည်သူပိုင်ပစ္စည်းအချို့ကို ကားနဲ့ တင်ဆောင်သွားတာလည်း ရှိပြီး မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ်အရေအတွက်ကို အသေးစိတ် မသိရသေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် တောင်ရင်းအင်းရွာက ရိက္ခာဝင်ယူတဲ့ စစ်ရှောင် ရွာသား လင်မယားကိုလည်း သတ်ဖြတ်ခဲ့သလို လက်ရှိအချိန်ထိ တောင်ရင်းအင်း ၊ ဖားချောင်း ၊ ဆယ်အိမ်စု ကျေးရွာတွေက ရွာသားတွေမှာ နေရပ် မပြန်ရဲဘဲ စစ်ရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါပူးပေါင်းတိုက်ခိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဒေါနစစ်ကြောင်း-၃ (KBDF) ၊ ဒေါနတပ်ခွဲ-၆ (ဝေဟင်တပ်ဖွဲ့) ၊ ဒေါနတပ်ခွဲ-၇(LPF) ၊ ဗထူးတပ်မတော် ( BHA) ၊ ရေဖြူမြို့နယ် ပ.က.ဖ ၊ နဂါးနီပျောက်ကျားတပ်ဖွဲ့ ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF) ၊ ဇင်ယော်တပ်ဖွဲ့ ၊ ရာမညမွန်တပ်တော် (RMA) ၊ KNLA တပ်မဟာ(၆) တပ်ရင်း ၂၇ တို့ ဖြစ်တယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်းမြိုသိမ်းတိုက်ပွဲတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပကဖ ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပ၊ အမ်း တိုက်ပွဲများအတွင်း စစ်ကိုင်း ပကဖမှ ရဲဘော် ၁၅ ဦး ကျဆုံးခဲ့

အာရက္ခတပ်တော်(AA) နဲ့အတူ ရခိုင်ပြည်နယ် အမ်း (နပခ) စစ်ဌာနချုပ်နဲ့ အမ်း မြို့သိမ်းတိုက်ပွဲမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်တွေကို ဂုဏ်ပြုကြိုဆိုပွဲကျင်းပခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ က ဒီကနေ့ ထုတ်ပြန်ပါတယ်။
Read More

ညောင်ဦးတွင် စစ်ကော်မရှင် စစ်ကြောင်း၂ ခု မိုင်းဆွဲခံရပြီး ၁၈ ဦးထက်မနည်း သေဆုံး

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းမှာ စစ်ကြောင်းဝင် အကြမ်းဖက်စစ်အုပ်စုကြောင့် ကျေးရွာ ၇ရွာထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) သတင်းတာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

မန္တလေးက စိုးမိုးနယ်မြေတွေမှာ ငလျင်ဒဏ်ခံရသူတွေကို ဒေါက်တာတေဇာစန်း အပါအဝင် တော်လှန်ရေးအဖွဲ့တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက် 

မန္တလေးတိုင်းအတွင်းက တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဒေသအရေးပေါ်အုပ်ချုပ်ရေးအဖွဲ့၊ ဒေသအုပ်ချုပ်ရေး (ပအဖ)၊ ဒေသကာကွယ်ရေး (ပကဖ) တာဝန်ရှိတွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့် ပြည်သူတွေကို ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေါက်တာတေဇာစန်းက သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် ဖော်ပြထားပါတယ်။ 
Read More

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကိုယ်လက်ဆုံးရှုံးရဲဘော်တွေကို လစဉ်ထောက်ပံ့ငွေတွေ စတင်ပေးအပ်

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ တပ်ဖွဲ့ဝင်ရဲဘော်တွေကို လစဥ်ထောက်ပံ့မှုအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက စတင်ကာ ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းအချို့ကို AA က လက်နက်ကြီးတွေနဲ့ ပတ်ခတ်

စစ်တွေမြို့နဲ့ ၁၀ မိုင်အကွာက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် AA က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ရခိုင်စစ်ရေး သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
Read More

၁၀၂၇ စစ်ဆင်ရေး အောင်ပွဲရ  PLA ရဲဘော်တွေကို အညာဒေသခံတွေ ဂုဏ်ပြုကြိုဆို 

၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းတို့မှာ အောင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲဘော်တွေကို အညာဒေသတစ်နေရာမှာ ဒေသခံပြည်သူလူထုက သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။