မြန်မာနိုင်ငံဟာ လူ ၃ ဦးမှာ ၁ ဦး အစာရေစာ ဝဝလင် မစားနိုင်တော့ဘူးလို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရဲ့ လူဦးရေ ၁၆.၇ သန်းဟာ ဝမ်းရေး မဖူလုံမှုကို ရင်ဆိုင်နေရပြီဆိုတာကို ပြသနေပြီး ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က ပမာဏ ၁၃.၃ သန်းနဲ့ နှိုင်းယှဉ်ရင် သိသိသာသာ တိုးမြင့်လာတာဖြစ်တယ်လို့ ကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဥ် WFP က ဆိုပါတယ်။

အဆိုပါ အချက်အလက်ကို စက်တင်ဘာလ ၅ ရက် မနေ့က ထုတ်ပြန်တဲ့ တောင်ကိုရီးယားသမ္မတနိုင်ငံနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ပူးပေါင်းလုပ်ဆောင်မယ့် “REACH” လို့ အမည်ရတဲ့ အရေးပေါ် အကူအညီပေး‌ရေး လုပ်ငန်းအစီအစဥ်ကို စတင်ကြောင်း ကြောငြာချက်မှာ ထည့်သွင်းဖော်ပြထားတာ ဖြစ်ပါတယ်။

နောက်ဆုံးထွက်ရှိထားတဲ့ Hunger Hotspots Report အရ မြန်မာနိုင်ငံဟာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဆာလောင်မွတ်သိပ်မှုကို ပြင်းထန်စွာ ရင်ဆိုင်နေရတဲ့ လူဦးရေ ပဉ္စမမြောက် အများဆုံးရှိနေတဲ့ နိုင်ငံဖြစ်လာတယ်လို့ သိရပါတယ်။

ဝမ်းရေးမဖူလုံမှုကို ရင်ဆိုင်နေရတဲ့ လူဦးရေ ၁၆.၇ သန်းထဲမှာမှ လူဦးရေ ၂.၈ သန်းဟာ ထမင်းတစ်နပ်အတွက် နေ့စဉ်ရုန်းကန်နေရတဲ့ အရေးပေါ်အခြေအနေကို ရင်ဆိုင်နေရတယ်လို့ WFP က ဖော်ပြလာပါတယ်။
ဒါ့အပြင် အခြေခံစားနပ်ရိက္ခာရဲ့ ပျမ်းမျှကုန်စျေးနှုန်းဟာ ၂၀၂၁ ခုနှစ်အစောပိုင်းကာလနဲ့ နှိုင်းယှဥ်ကြည့်ရင် လေးဆအထိ တိုးမြင့်လာခဲ့ပြီလို့ WFP က ဆိုပါတယ်။

ဒါကြောင့် “REACH” အစီအစဉ်အရ ပဋိပက္ခနဲ့ ငလျင်ဒဏ်သင့်ဒေသတွေက လူဦးရေ သုံးသိန်း ဝန်းကျင်ကို ၂ လစာ စားနပ်ရိက္ခာ ဒါမှမဟုတ် စားနပ်ရိက္ခာဝယ်ယူနိုင်ဖို့ မိုဘိုင်းလ်ပိုက်ဆံ၊ ငွေသားတွေကို ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်တွေနဲ့ ကလေးငယ်တွေ စုစုပေါင်း လူဦးရေ ၂၄,၀၀၀ တို့ကိုလည်း အာဟာရချို့တဲ့မှု ကာကွယ်ရေးနဲ့ ကုသရေး အကူအညီတွေ ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ အထောက်အပံ့တွေကို ဒေသခံမိတ်ဖက်အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ (NGOs) နဲ့ လက်တွဲပြီး အကူအညီလိုအပ်နေသူတွေဆီ တိုက်ရိုက်ပေးအပ်သွားမယ်လို့ သိရပါတယ်။
0 Shares:
You May Also Like
Read More

ဆားလင်းကြီးမှာ ဝမ်ပေါင်ကုမ္ပဏီစောင့် စစ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပြီး အကြမ်းဖက်စစ်သား ၇ ယောက် သေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာ တရုတ်ဝမ်ပေါင်ကုမ္ပဏီက ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၇ယောက် သေဆုံးခဲ့တယ်လို့  Monywa Inventor အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းမကြီးဘေး တိုက်နယ်ဆေးရုံအတွင်းရှိ စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်က စစ်ကောင်စီတပ်တွေတပ်စွဲထားရာ ကျောက်တိုင်ကျေးရွာ၊ တိုက်နယ်ဆေးရုံဝန်းအတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်အုပ်စုဘက်က အရာရှိအပါအဝင် ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ကြောင်း သရက်ခရိုင် အမှတ် (၄) တပ်ရင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုမြတ်က မောင်းကို ပြောပါတယ်။
Read More

တောင်ပြတ်ကျေးရွာတိုက်ပွဲတွင် သာယာဝတီခရိုင် PDF တပ်ရင်း (၃) မှ ရဲဘော် ၄ ဦးကျဆုံးခဲ့

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ တောင်ပြတ်ကျေးရွာတိုက်ပွဲမှာ  အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သာယာဝတီခရိုင်တပ်ရင်း ၃ (Myanmar Defense Force) က ရဲဘော် ၄ ယောက် ကျဆုံးခဲ့တယ်လို့ အဆိုပါတပ်ရင်းက မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိုးဗြဲ PDF 2 – ၁၀၀၇ တပ်ရင်း၏ (၂၄ ) ဦးမြောက် ကျဆုံးအာဇာနည် အသက် ၂၁ နှစ်အရွယ် ရဲဘော်ဖရန်စစ္စကို (ခ) ဖကြောင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ကရင်နီတပ်ပေါင်းစု တိုက်ပွဲပြင်းထန်နေရာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁၀၀၇ တပ်ရင်း -မိုး​​ဗြဲပြည်သူ့ကာကွယ်ရေးတပ် ၂ က တပ်စိတ်မှူး ရဲဘော် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Read More

Federal Wings စမ်းသပ်ထုတ်လုပ်ခဲ့သည့် Jammer များ စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့

Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ စမ်းသပ်ထုတ်လုပ်ခဲ့တဲ့ Jammer တွေကို စစ်ဆင်ရေးနယ်မြေအချို့မှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မြဝတီ – ကော့ကရိတ် အာရှလမ်းပိုင်းမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေ…

ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ်အာရှလမ်းပိုင်း ဒေါနတောင်ပေါ်မှာ ရှိတဲ့ တောနော် အနီးတဝိုက်မှာ တကြော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။