မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ကိုရီးယားဘာသာစကားသင်တန်းတက်ရောက်နေတဲ့ လူငယ် ၁၃ ယောက်ကို ပခုက္ကူတပ်မ ၁၀၁ က ဗိုလ်မှူး ၁ ယောက်ရဲ့ အမိန့်နဲ့ ပေါ်တာဆွဲဖမ်းဆီးခဲ့ပြီး တစ်ယောက်ချင်းစီအတွက် ငွေကျပ် သိန်း ၇၀ အထိ တောင်းခံခဲ့ကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ ရက် မနက်ပိုင်းက ချောက်မြို့ပေါ်ရှိ ကိုရီးယားဘာသာစကား သင်တန်းကျောင်းတစ်ခုကို စစ်အုပ်စုအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သင်တန်းတက်ရောက်နေတဲ့ ကျောင်းသား ၁၃ ယောက်ကို ပေါ်တာတွဲဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေကို ချောက်မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်အပါ ငွေကျပ်သိန်း ၇၀ အထိ တောင်းယူပြီး မိဘတွေကို ရွေးယူခိုင်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာကို ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ ဗိုလ်မှူးတင်ထွန်းဦးက ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။

“ဖမ်းဆီးခံရတဲ့လူငယ် ၁၃ယောက်မှာ (စက်တင်ဘာလ) ၄ ရက်နေ့ ညနေပိုင်းက ၉ ယောက် ပြန်လွတ်လာတယ်။ ၅ ရက်နေ့ နေ့လည်ပိုင်းကျ ၄ယောက် ပြန်လွတ်လာတယ်တယ် ။ လူငယ်တွေကို သူတို့မိဘတွေက ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ ခံဝန်ကတိတွေ ထိုးပြီး ငွေကျပ်သိန်း ၆၀၊ ၇၀နဲ့ သွားရောက်ရွေးခဲ့ရပါတယ်။ မိဘတွေမှာ ရှာကြံ ချေးငှားပေးရတာပေါ့။” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိအခြေအနေမှာ မကွေးတိုင်းအတွင်းရှိ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာပြီး ရက်ပိုင်းအတွင်းမှာပဲ အမျိုးသားလူငယ်အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက် မနက်ပိုင်းကလည်း စလင်းမြို့ပေါ် လဝကရုံးမှာ မှတ်ပုံတင်လာလုပ်တဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ယောက်ကို စစ်အုပ်စုက အတင်းအဓမ္မရိုက်နှက်ပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပေါ်တာဆွဲဖမ်းဆီးရာမှာ အမျိုးသားလူငယ်တွေအပြင် အမျိုးသမီးတွေကိုပါ ပစ်မှတ်ထားဖမ်းဆီးလာပြီး ငွေညှစ်တာတွေ ရှိလာသလို ဖမ်းဆီးနေချိန် ထွက်ပြေးရင် ပစ်ခတ်ဖမ်းဆီးတာမျိုးတွေအထိ ရှိနေတယ်လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ပုံစာ – အထက်မြန်မာပြည် နယ်မြို့တစ်မြို့မှာ အကြမ်းဖက်စစ်သားများက အရပ်သားပြည်သူများကို ဝင်ရောက်ဖမ်းဆီးစဥ် (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ထိုးစစ်တွေကြောင့် ရက်ပိုင်းအတွင်း ဂွမြို့ထဲအထိ AA ရောက်ရှိလာနိုင်၊ အမ်းက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်တိုက်သိမ်းပိုက်နေ

ရခိုင်ပြည်နယ် အမ်းနဲ့ ဂွမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AAက ထပ်မံသိမ်းပိုက်လိုက်ပြီး ရက်ပိုင်းအတွင်းမှာ  ဂွမြို့ကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း  စစ်ရေးသတင်းအရင်းအမြစ်တွေမှာ ဖော်ပြလာပါတယ်
Read More

ထာ၀ရငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ မင်းအောင်လှိုင် စိတ်ထဲကမပါဘဲ ပြော

နိုင်ငံတစ်ဝန်းမှာ  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာ၀ရ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းစေလိုတဲ့ ရည်ရွယ်ချက်သာရှိတယ်လို့ အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  
Read More

ဟင်္သာတထောင်မှာ ထောင်ဝန်ထမ်းက အရက်မူးပြီး နိုင်ကျဉ်းတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ယောက်ကို အကျဥ်းထောင်ဝန်ထမ်းက အရက်သေစာသောက်စားပြီး အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

စစ်ကိုင်းမြို့က ပျူအဖွဲ့တိုက်ခိုက်ခံရပြီး ပျူခေါင်းဆောင် နေလင်းအပါ ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်က ပျူခေါင်းဆောင် နေလင်း (ခ) ရဲဘော်ကြီးနဲ့ အပေါင်းအပါတွေ စီးနင်းလာတဲ့ယာဉ်ကို ဧပြီ ၂၀ ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ယောက်သေဆုံးသွားတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

“ရိုးသားစွာတော်လှန်ကြပါ၊ အောက်ခြေရဲဘော်များ၏ အရှက်၊ ဂုဏ်သိက္ခာ၊ အသက်တွေ ချမနင်းကြပါနဲ့” ဟု သေတမ်းစာချန်ကာ မင်းဘူးခရိုင် အမှတ် ၃ တပ်ရင်း ယာယီတပ်ရင်းမှူး အဆုံးစီရင်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ အမှတ် (၃) တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး ဟိုးကြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
Read More

ပညာရေးကဏ္ဍ အလေးထားမြှင့်တင်မယ်ဆိုတဲ့ မင်းအောင်လှိုင်ရဲ့ အစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ခန့်အပ်ရန် မေ့ကျန်ခဲ့

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယာယီသမ္မတ (တာဝန်) ရာထူး ရယူပြီး ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့သစ်စာရင်းမှာ ပညာရေးဝန်ကြီး ကျန်နေခဲ့တာကြောင့် ဖြည့်စွက်ဖွဲ့စည်းခဲ့တယ်လို့ ထပ်မံထုတ်ပြန်ထားပါတယ်။