သြဂုတ်လအတွင်း ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ လူငယ်အယောက် ၃၀ ကျော်ကို အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းဖို့အတွက် ပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ဒီလို အဓမ္မဖမ်းဆီးခံရသူတွေထဲမှာ အသက်မပြည့်သေးသူတွေနဲ့ စိတ်ကျန်းမာရေးအားနည်းသူတွေလည်း ပါဝင်တယ်လို့ Rangoon Scout Network တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ သြဂုတ်လ ၁ လအတွင်း ရန်ကုန်မှာ လူပေါင်း ၁၆၇ ယောက်အထိ ပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်ပြီး ၃၃ ယောက်ကို စစ်မှုထမ်းအဖြစ်စုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။ ပြန်လည်လွတ်မြောက်လာသူ ၂၅ယောက်ရှိခဲ့ပေမဲ့ ကျန် ၁၀၉ ယောက်ရဲ့ စာရင်းကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း Rangoon Scout Network က ဆက်ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တော်လှန်ရေးလှုပ်ရှားမှုစွပ်စွဲချက်နဲ့ လူငယ် ၁၁ ယောက် ဖမ်းဆီးခံခဲ့ရသလို CDM ဆရာမ ၁ ယောက်နဲ့ ရခိုင်လူမျိုးစစ်ရှောင် ၁ ယောက်အပါအဝင် ခွဲစိတ်ကုသမှုလာရောက်ခံယူတဲ့ ချင်းလူမျိုး ၁ ယောက်လည်း ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ သတင်းအတိအကျနဲ့ ရှာဖွေစောင့်ဆိုင်းဖမ်းဆီးတာ၊ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးတာတွေအပြင် ရမ်းသမ်းစွပ်စွဲဖမ်းဆီးတာမျိုးတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ Rangoon Scout Network ကပြောပါတယ်။

“အခုက လူငယ်တွေ တော်တော်ဖမ်းခံနေရတာ။ လွတ်နေတဲ့ ဆယ်လီတွေ ဘာတွေဆိုတာကလည်း စစ်တပ်ရယ်၊ ကြံ့ဖွံ့ရယ်နဲ့ ဆက်စပ်နေတဲ့သူတွေရယ်ပဲ လွတ်နေတာပါ” လို့ ရန်ကုန်မြို့နေအမျိုးသား ၁ ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၃၃ယောက်မှာလည်း ၆ ယောက်သာပြန်လည်လွတ်မြောက်ခဲ့ပြီး စုံစမ်းမရသူ ၂ ယောက်ရှိသလို ၂၅ ယောက်ကတော့ စစ်သင်တန်းကျောင်းကို အဓမ္မပို့ဆောင်ခံခဲ့ရတယ်လို့ သိရပါတယ်။

” လူရဖို့ အဓိက လိုက်ဆွဲတဲ့နေရာတွေဆို ငွေနဲ့ ညှိဖို့တောင် မလုပ်တော့ဘူး။ ညှိရင်တောင် သူတို့ တောင်းတဲ့ချိန် ချက်ချင်းပေးနိုင်မှ လွှတ်ပေးပါတယ်။ မဟုတ်ရင်တော့ ရက်ပိုင်းအတွင်းမှာပဲ တခြားနေရာတွေကို ပို့ပစ်လိုက်ပါတယ်။ ” လို့ Rangoon Scout Network တာဝန်ရှိသူ ၁ ယောက်က မောင်းကို ပြောပါတယ်။

အကြမ်းဖက်စစ်တပ်အနေနဲ့ စစ်မှုထမ်း အမှတ်စဉ် ၁၆ သင်တန်းကို လှည်းကူးမြို့နယ် ဖောင်ကြီး စခတ ၁ နဲ့ တိုက်ကြီးမြို့နယ် ဂျိုးဖြူ တတက ၁ တို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်က စတင် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကော်မရှင် ထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းသင်တန်းဆင်းပုံရိပ်တွေအရ သင်တန်းဆင်းပွဲမှာ လူ ၆၀၀ ကျော်အထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

စစ်သင်တန်းကျောင်းတွေအပြင် ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်နဲ့ ရှမ်းပြည် ဟိုပုံးမြို့နယ်၊ မကွေးမြို့က စစ်တပ်စခန်းတွေဆီ ပို့ဆောင်ခံလိုက်ရသူတွေလည်း ရှိကြောင်း Rangoon Scout Network ကပြောပါတယ်။

“စစ်မှုထမ်းသင်တန်း ၁၆ ကစနေပြီ။ ခုနောက်လ ထပ်လုပ်မှာက ၁၇ ပါ။ ခုတလောတော့လူစုဆောင်းတာ ရက်လိုသေးလို့ ထင်တယ်၊ ဖမ်းတာတွေ နည်းပါသေးတယ်။ သင်တန်းစခါနီး လူလိုနေချိန်တွေဆိုရင်တော့ ဖမ်းတာတွေ တော်တော်ကြမ်းပါတယ်။ ” လို့ Rangoon Scout Network တာဝန်ရှိသူ ၁ ယောက်က မောင်းသတင်းဌာနကို ဆက်ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီး စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ကိုလည်း မှော်ဘီမြို့နယ်က အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်တန်းကျောင်း (ရကသ ၄) တွေမှာ လျှို့ဝှက်လုပ်ဆောင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ပုံစာ – ရန်ကုန်မြို့တစ်နေရာတွင် တွေ့ရသည့် လူငယ်များအား အကြမ်းဖက်စစ်ကော်မရှင်တပ်သားများမှ ဖမ်းဆီးခေါ်ဆောင်လာပုံ (ပုံဟောင်း)
0 Shares:
You May Also Like
Read More

ရေစကြိုတွင် PDF စခန်းကို အကြမ်းဖက်စစ်တပ် မီးရှို့

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိ​မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ပြည်သူ့အားမာန် PDF တပ်ဖွဲ့ရဲ့စခန်းတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် သိန်းရာဂဏန်း တန်ဖိုးရှိ ခဲယမ်းနဲ့ အသုံးအဆောင်တွေ မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ အဖွဲ့ တာဝန်ခံ ကိုကျီးကန်းက မောင်းကို ပြောပါတယ်။
Read More

စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံဘူးလို့ တအာင်း(ပလောင်) အမျိုးသားပါတီ တရားဝင် ကန့်ကွက်

စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံး၀အသိအမှတ်ပြု လက်ခံသွားမှာ မဟုတ်ဘူးလို့ တအာင်း (ပလောင်) အမျိုးသားပါတီက အသိပေး ထုတ်ပြန်လိုက်ပါတယ်။
Read More

စစ်မှုထမ်း သင်တန်းဆင်းနှစ်ဦးနဲ့ ရဲတပ်သားတစ်ဦး အလင်း၀င်

ရန်ကုန်နဲ့ ရွှေဘိုမှ စစ်မှုထမ်း သင်တန်းဆင်း ၂ ဦး ထီးလင်းမြို့မ ရဲစခန်းမှ ရဲတပ်သား၁ ဦး တို့လက်နက်နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ တောင်သူဦးကြီးများအဖွဲ့ - PDF အဖွဲ့မှ သိရပါတယ်။
Read More

အပစ်ရပ်ဖို့ အစီအစဉ်မရှိတဲ့ စစ်ကောင်စီနဲ့ အောင်မြေချဲ့မှ အောင်ပွဲကို ထိန်းထားနိုင်မယ့် MNDAA

ကိုးကန့်တပ် (MNDAA) ဟာ တရုတ်ရဲ့ ကြားဝင်စေ့စပ်မှုကို တက်တက်ကြွကြွ ပူးပေါင်းပြီး အပစ်အခတ်ရပ်စဲမယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ MNDAA ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတာတွေ၊ စစ်မြေပြင်ချဲ့ထွင်တာတွေကိုလည်း လုပ်ဆောင်မှာ မဟုတ်ပေမယ့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ဆက်လက်စွဲကိုင်သွားမယ်လို့ စက်တင်ဘာလ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။
Read More

ကယန်းအမျိုးသားတပ်မတော် အခြေခံစစ်သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနား

ကယန်းအမျိုးသားတပ်မတော် (KNA) ရဲ့ အမှတ်စဥ် (၁/၂၀၂၅) အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ကယန်းဒေသ တစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

နတ်တလင်းတွင် စစ်အုပ်စု ယာယီတပ်စွဲထားသည့် နေရာ ၂ ခုကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုဘက်က ​၂ ယောက် သေပြီး ၃ ယောက် ဒဏ်ရာရ

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုတွေ ယာယီတပ်စွဲထားတဲ့ နေရာ ၂ ခုကို လက်နက်ကြီးတွေနဲ့ တ​ပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုအဖွဲ့ဝင်၂ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ Phoenix D F သတင်းနှင့် ပြန်ကြားရေး ဂျူပီတာက မောင်းကို ပြောပါတယ်။