ကချင်ပြည်နယ် ဗန်းမော်မြို့မှ ပြန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို KIA ပူးပေါင်းတပ်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်ထံက သိရပါတယ်။

ဗန်းမော်မြို့ကနေ စစ်သင်္ဘောတွေဟာ စက်တင်ဘာ ၅ ရက် နေ့လယ်ပိုင်းက ပြန်ဆင်းလာတာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်မှုကြောင့် သင်္ဘော ၁ စီး ထိခိုက်မှုရှိခဲ့ကာ အခြားသင်္ဘော ၁စီးဖြင့် ပြန်ဆွဲသွားတယ်လို့ သိရပါတယ်။

အဆိုပါသင်္ဘောတွေဟာ ဗန်းမော်မြို့ ပြည်သူနေအိမ်တွေကနေ ခိုးယူထားတဲ့ ပစ္စည်းတွေကိုပါ တင် ဆောင်သွားတယ်လို့ သိရပါတယ်။

Video-လူမှုကွန်ရက်
0 Shares:
You May Also Like
Read More

ပုလဲမြို့နယ် ဇီးဖြူကုန်းပျူစခန်းကို ၄ ရက်ဆက် ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်မှု စစ်တပ်အရာရှိအပါ ၁၀ ယောက် ဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းပျူစခန်းကို နိုဝင်ဘာ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက်အထိ ဒရုန်းစစ်ဆင်ရေးပြုလုပ်ပြီး ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
Read More

လေကြောင်းတိုက်ခိုက်မှု ကာကွယ်နိုင်ရန် မြေအောက်စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသည့် ကလေးငယ်များ (ရုပ်/သံ)

စစ်ကောင်စီရဲ့ အရပ်သားပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် မြေအောက်စာသင်ကျောင်းအတွင်း ကလေးငယ်တွေ လုံခြုံစွာ ပညာသင်ကြားနေပြီဖြစ်တယ်လို့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က မှတ်တမ်းရုပ်သံနဲ့အတူ ထုတ်ပြန်ခဲ့ပါတယ်။
Read More

လွိုင်ကော်မြို့ ကုန်းပေါင်းရွာကို ဝင်လာသည့် စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး အများအပြား သေဆုံး (ရုပ်/သံ)

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ကုန်းပေါင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် ၁၀၀၅ တပ်ရင်း၊ ရှမ်းတောင်က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲခြင်းခံခဲ့ရသည့် လူငယ် ၄ ဦး ထွက်ပြေးလွတ်မြောက်လာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဘူးကုန်းရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဂိတ်စခန်းမှာ ပေါ်တာဆွဲခံခဲ့ရတဲ့ လူငယ်အမျိုးသား ၄ ယောက် ကျွန်းလှအချုပ်ထောင်ကိုဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက် သေ (ရုပ်/သံ)

စစ်ကိုင်းတိုင်း မုံရွာခရိုင် အရာတော်မြို့အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေရဲ့ ၂ ရက် ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။