ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ်မှာ စစ်ရေးတင်းမာမှုတွေကြောင့် အာဏာသိမ်းပြီးကတည်းက တစ်ခါမှ မပိတ်ခဲ့တဲ့ အစိုးရစာသင်ကျောင်းတွေ ယာယီပိတ်ထားရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့ပေါ်မှာ ရှုပ်ထွေးနေတဲ့ စစ်ရေးအခြေအနေကြောင့် မြို့လည်ခေါင်ရှိ မြို့နယ်ပညာရေးမှူးရုံးနဲ့ တွဲလျက်ထားတဲ့ ဖားကန့် အ .ထ .က ကျောင်းအပါအဝင် မြို့ပေါ်ရှိ ကျောင်းအားလုံးကို စက်တင်ဘာ ၂ ရက်ကစပြီး ၁ ပတ်တိတိ ပိတ်လိုက်တယ်လို့ သိရပါတယ်။

ပိတ်လိုက်ရတဲ့ စာသင်ကျောင်းတွေထဲမှာ အ . ထ . က စာသင်ကျောင်းဟာ စစ်တပ် အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဖွင့်လှစ်ခဲ့တဲ့ ကျောင်းဖြစ်သလို အဆိုပါ ကျောင်းကို Non CDM ဆရာ ၊ ဆရာမတွေက သင်ကြားပေးနေတာပဲ ဖြစ်ပါတယ်။

“အဲဒီကျောင်းက ဖားကန့်မြို့လည်ခေါင်မှာ ရှိတာ၊ ကျောင်းက အခုမှ ပိတ်တာပါ၊ အာဏာသိမ်းပြီးကတည်းက တောက်လျှောက်ဖွင့်နေတာ၊ အခုမှပဲ ပိတ်တာ၊ ပိတ်တယ်ဆိုတာကလည်း ယာယီပိတ်တာပါ၊ အစိုးရကျောင်း အပြီးပိတ်တာ မဟုတ်ပါဘူး” လို့ ဖားကန့်နယ်ခံတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။

လက်ရှိမှာတော့ အဆိုပါ စာသင်ကျောင်းတွေကို ၁ ပတ်တိတိပိတ်ထားမယ်လို့ စစ်အုပ်စုက ပြောဆိုထားတဲ့အတွက် လာမယ့် စက်တင်ဘာ ၈ ရက်မှာ ပြန်ဖွင့်မဖွင့်ကိုတော့ ဆက်လက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဖားကန့်ဘက်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ပထမ အပတ်ထဲက စစ်ကော်မရှင်တပ်သားတွေနဲ့ KIA ၊ KPDF ပူးပေါင်းတပ်တို့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ လက်နက်ကြီး နဲ့ ပစ်တာ ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ခဲ့တာတွေကြောင့် ဒေသခံပြည်သူ ၁၀ ယောက်ထက်မနည်း ထိခိုက်သေဆုံးခဲ့ပါသေးတယ်။
0 Shares:
You May Also Like
Read More

NUG ဆက်သွယ်ရေး၀န်ကြီးဌာနနဲ့ Federal Wings လမ်းခွဲ

Federal Wings နဲ့ NUG ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Federal Wings ဒရုန်းတပ်ဖွဲ့က ဒီနေ့ ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
Read More

ရေစကြိုမှာ စစ်ကူအင်အားဖြည့်ဖို့သွားတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၃ ယောက်ထက်မနည်း သေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ ​တိုက်ပွဲဖြစ်ပွားရာ ကျေးရွာဆီ အင်အားဖြည့်ဖို့သွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃ ယောက် ထက်မနည်း သေဆုံးပြီး သေနတ်၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက မောင်းကိုပြောပါတယ်။
Read More

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင် ရွာမီးရှို့နေသည့် စစ်အုပ်စုနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်​တောင်းမြစ်အရှေ့ဘက်ကမ်းက ရွာသစ်ကျေးရွာမှာ အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Read More

စစ်တပ်၏ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဟု ယူကေနှင့် ဩဇီသံရုံး ထုတ်ပြန်

“ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းအတွက် ငြိမ်းချမ်းသည့် အဖြေရှာဖွေရာတွင် အတားအဆီးဖြစ်မည်ကို မိမိတို့ အထူးစိုးရိမ်ပါသည်။ လက်ရှိမြန်မာနိုင်ငံရှိ အခြေအနေသည် လွတ်လပ်၍ တရားမျှတပြီး လူတိုင်းအကျုံးဝင်သည့် ရွေးကောက်ပွဲကျင်းပရန်အတွက် လိုအပ်သည့်အရာများ မပြည့်စုံနေပါဘူး” လို့ သြစတြေးလျအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Read More

တရုတ်ဖိအားကြောင့် စစ်တပ်နှင့် TNLA တွေ့ဆုံဖို့ရှိ၊ နယ်မြေပြန်တောင်းရင်တော့ ရလဒ်ထွက်မှာမဟုတ် ဟု TNLA ပြော

စစ်ကောင်စီကနေ အမည်ပြောင်းလဲလိုက်ပြန်တဲ့ စစ်ကော်မရှင်တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA ) တို့ဟာ လာမယ့် ဩဂုတ်လကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ဒီနေ့ ဩဂုတ်လ ၅ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ TNLA က ပြောပါတယ်။ 
Read More

အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဘုရားပေါ်ဖိနပ်စီးတက်ရောက်ခဲ့ဟု တပ်ချုပ်ရုံး ဝက်ဘ်ဆိုက်မှာ ဖော်ပြ

စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းဟာ ဘုရားပေါ်ကို ဖိနပ်စီးတက်ရောက်ခဲ့တဲ့အပေါ်  တပ်ချုပ်ရုံးရဲ့ ဝက်ဆိုက်မှာ ဖော်ပြရာကတဆင့် ပြည်သူတွေ သိရှိခဲ့ရပါတယ်။