စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Vote Fighter Local PDF အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂ ရက်က ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၈၀ မမ၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိတွေ့မှုဖြစ်ပွားပြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ အကြမ်းဖက်စစ်သားတွေ နောက်ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို Black Vote Fighterအဖွဲ့နှင့် မဲမှောင်ပြည်သူကာကွယ်ရေးအဖွဲ့၊ အမေ့သားပျောက်ကြားတပ်ဖွဲ့ နဲ့ အခြားသောမဟာမိတ်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

Video-Black Vote Fighter Local PDF
0 Shares:
You May Also Like
Read More

မောင်းပြေးသည့် ကားကို ယာဉ်ထိန်းရဲ တွဲလောင်းခိုဖမ်းဆီးသည့် ဗီဒီယိုဖိုင် လူစိတ်ဝင်စားမှု မြင့်တက် (ရုပ်/သံ)

ရန်ကုန်မြို့ ပါရမီလမ်းမပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနေ့ညပိုင်းက ယာဉ်စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ မောင်းပြေးတဲ့ ကားကို တွဲလောင်းခိုဖမ်းဆီးခဲ့တဲ့ ယာဉ်ထိန်းရဲတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို လူစိတ် ဝင်စားမှု မြင့်တက်နေပါတယ်။ 
Read More

မြန်မာပြည်သူများနှင့်အတူ ပြန်လည်ထူထောင်ရေး ကူညီဖို့အသင့်ရှိကြောင်း အမေရိကန်သံရုံး ထုတ်ပြန် (ရုပ်/သံ)

ငလျင်ဒဏ်ခံစားနေရတဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ စည်းလုံးညီညွတ်စွာ ရပ်တည်ပြီး ပြန်လည် ထူထောင်ရေးကြိုးပမ်းမှုကို ကူညီဖို့ အသင့်ရှိကြောင်း အမေရိကန်သံရုံး အကြီးအကဲ ဆူဆန်စတီဗင်ဆင်က ပြောကြားခဲ့ပါတယ်။
Read More

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို လက်နက်ကြီးထိမှန်ခဲ့တဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာ (ရုပ်/သံ)

စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘော ၁ စီးကို KIA ၊ PDF ပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် လက်နက်ကြီး ထိမှန်ခဲ့တယ်ဆိုပြီး ရုပ်သံဖိုင် ၁ ခု လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။ အဲဒီရုပ်သံဖိုင်ဟာ ဘယ်အချိန်က ရိုက်ကူးခဲ့တာလဲဆိုတာကိုတော့ မြေပြင်အခြေအနေအရ မသိရှိရသေးပါဘူး။
Read More

လုံခြုံရေးအထူးတင်းကြပ်ထားတဲ့ မန္တလေးမြို့လယ်မှာ ရွေးကောက်ပွဲအတု ဆန့်ကျင်ရေး လူထုတိုက်ပွဲလှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)

''ပျူလက်ပါးစေတွေ စုဆောင်းတာ၊ စစ်မှုထမ်းခေါင်းစဉ်နဲ့ အတင်းအဓမ္မ ဖမ်းဆီးငွေညှစ်တာတွေကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင်နေကြရတဲ့ မန္တလေးပြည်သူများရဲ့ ရင်ထဲမှာ ဖက်ဆစ် စစ်တပ်နဲ့ စစ်အုပ်စုကို နာကျည်းချက်တွေက ရင်နဲ့အပြည့်ပါ။ ဒါ့အပြင် အခု စစ်အုပ်စုက လုပ်မယ့် အတုအယောင် ရွေးကောက်ပွဲ (တနည်း) လုပ်ပွဲကိုလည်း ခါးသီးစွာ ဆန့်ကျင်ကြ၊ ရွံမုန်းကြပါတယ်။ ပြည်သူ့တော်လှန်ရေးကြီးမှာ ပြည်သူသာလျှင် အဓိကပါ''လို့ ဒေါက်တာ တေဇစန်းက ဆိုပါတယ်။
Read More

ဆား‌တောင်ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ် ရဲစခန်းနဲ့ စာသင်ကျောင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဖေဖော်ဝါရီ ၁ ရက်က ဒရုန်းနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Royal Falcon  အဖွဲ့ထံက သိရပါတယ်။