ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်အတွက် ရှေ့ပြေးလာတဲ့ ပျူခေါင်းဆောင် ဝန တို့အဖွဲ့ကို စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖို ထံက သိရပါတယ်။

စက်တင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ အေးမြသာယာမြို့က ပျူခေါင်းဆောင် ဝန တို့အဖွဲ့ရဲ့ ဆိုင်ကယ် ၅ စီးပါ ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ပစ်ခတ်မှုအတွင်း ပျူစောထီး ကျော်ဝင်းစိန် နေရာမှာတင်သေဆုံးကာ ကျန်တဲ့ ပျူစောထီးတွေ ဖရိုဖရဲ ထွက်ပြေးသွားတာကြောင့် ဆိုင်ကယ် ၁ စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့လာမှာကို သတင်းကြိုရထားလို့ အရင်ရက်ကတည်းက သွားစောင့်နေတာ၊ ပစ်ခတ်နေချိန် စစ်ကူမလာဘူးဗျ။ နောက်မှ အလောင်းလာကောက်ရင်း ကားနဲ့ရောက်လာကြတယ်” လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုပ်ဖိုတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

အဆိုပါ ပျူစောထီးခေါင်းဆောင် ဝနဟာ အကြမ်းဖက်စစ်အုပ်စုအတွက် ပြည်သူတွေအ‌ပေါ် မတရား အနိုင်ကျင့်မှုတွေ လုပ်ဆောင်ခဲ့သလို သူ့ကြောင့် အဖမ်းခံရသူလည်း များစွာရှိခဲ့ပြီး စစ်တပ်နဲ့ပေါင်းကာ နေအိမ်တွေကို မီးရှို့တာ၊ ခိုးယူဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

“ပျူလုပ်နေတာကတော့ ၂၀၂၃ လောက်ကတည်းကဆိုပါတော့.. သူ့ကြောင့် ဖမ်းဆီးခံရသူ တော်တော်များတယ်။ သူ့ကြောင်း ပြေးနေရတဲ့ မိသားစုတွေလည်း ရှိတယ်ဗျ။ သူက တပ်သားသစ်စုဆောင်းတာတို့ လုပ်ပါတယ်။ စစ်ကြောင်းထိုးတဲ့ အချိန်တွေမှာလည်း လိုက်တယ်။ ရွာတွေ မီးရှို့တာလည်း သူပါတယ်။ အိမ်တွေက ပစ္စည်းတွေလည်း သူနဲ့အတူ သူ့တပည့်တွေက ယူကြပေါ့” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုပ်ဖိုတပ်ဖွဲ့အနေနဲ့ ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဒုက္ခပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေကိုသာမက သူတို့နဲ့ ပတ်သက်တဲ့ ထောက်တိုင်တွေကိုပါ တိုက်ခိုက်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုတွေအနီး သွားလာနေထိုင်ခြင်း မလုပ်ကြဖို့ သတိပေးထားပါတယ်။

0 Shares:
You May Also Like
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။
Read More

ကယန်းလက်ဝှေ့မယ် ဘရော်နီကာ နိုင်ပြီ…

ဒီကနေ့ညမှာ ကျင်းပတဲ့ One Championship မွေထိုင်းပွဲစဥ်မှာ ကယန်းလက်ဝှေ့မယ် ဘရော်နီကာ က ထိုင်းဖိုက်တာ ဂျူနီယာဖဲတက်စ်ကို ဒုတိယအချီမှာ အလဲထိုးအနိုင်ယူသွားပါတယ်။
Read More

ဖားဆောင်းနဲ့ ဘောလခဲကြားရှိ ထူးချောင်းစခန်းကုန်းကနေ စစ်ကောင်စီတပ်စခန်း စွန့်ခွာထွက်ပြေး

ကရင်နီဒေသ၊ ဖားဆောင်းမြို့နဲ့ ဘောလခဲမြို့ အကြားရှိ အကြမ်းဖက်စစ်ကောင်စီရဲ့ “ထူးချောင်းစခန်းကုန်း”ကနေ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ ဖားဆောင်း PDF က ထုတ်ပြန်ထားပါတယ်။
Read More

စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် ထားဝယ်မြို့ပေါ်မှာ စစ်အုပ်စုက ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေ

အကြမ်းဖက်စစ်အုပ်စုဟာ စစ်မှုထမ်းအပတ်စဉ် (၂၁)အတွက် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်မှာ ပေါ်တာဆွဲဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလထဲမှာ စစ်အုပ်စုဟာ မြို့ပေါ်ရှိနေအိမ်တွေကို ဧည့်စာရင်းလိုက်လံစစ်ဆေးမှု ပြုလုပ်နေပြီး ရပ်ကွက်တစ်ခုမှာ လူငယ် ၃ ယောက်ထက်မနည်း ဖမ်းဆီးခံရနိုင်တယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။
Read More

အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ် နောင်ချိုမြို့နယ်၊ နောင်တောကျေးရွာအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ပြည်သူလူထု နေထိုင်ရာ နောင်တောကျေးရွာအတွင်း စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)/ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ဆောမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ စစ်သား ၃ ယောက်ကို ဖမ်းဆီးရမိ

မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်မှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းက ထွက်ပြေးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား ၃ ယောက်ကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ် ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။