မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။

စက်တင်ဘာလ ၄ ရက် မနေ့က ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာစခန်းကုန်းကနေ ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက်က မြေနီကုန်းတောကျောင်းအနီးကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းမှာ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊  ၂၅၅ တပ်တွေအပြင် ဝါတပ်နဲ့ မဲဇလီကုန်းအခြေစိုက်အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ ကျောင်းကုန်း၊ ရွာခိုင်၊ ကုန်းဇောင်းစတဲ့ ပျူစောထီးရွာခံတွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို မြိုင် ပကဖနဲ့အပါအဝင် မင်းဘူးခရိုင်တပ်ရင်း(၄)  ၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှု နဲ့ မြိုင်/ပေါက် Drone Team တပ်  ၊ ပခုက္ကူပကဖနဲ့ ပွင့်ဖြူမြို့နယ်ပလဖတို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြား ပြန်လည်ဖြည့်တင်းထားရင်း ရှေ့ဆက်ဖို့ ပြင်ဆင်နေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း အသင့်နေရာယူထားတာကြောင့် နှစ်ဖက် စစ်ရေး​အခြေအနေ တင်းမာနေကြောင်း သိရပါတယ်။

လက်ရှိ စစ်ရေးအခြေအနေနဲ့ ပက်သက်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က “လောလောဆယ်တော့ စစ်ရေးအခြေအနေလေးက မတည်ငြိမ်သေးလို့ ငြိမ်တာနဲ့ ဖြေပေးပါ့မယ်။ တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

ရွှေဘိုနှင့် စဉ့်ကူးကို ဆက်သွယ်ထားသည့် ရတနာသိင်္ခ ဧရာဝတီမြစ်ကူးတံတား ဖောက်ခွဲခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်နဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူး ရတနာသိင်္ခတံတား မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးသွားကြောင်း ဒေသခံတွေထံက သိရပါတယ်။
Read More

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ ယူဆောင်ကာ မိသားစုနှင့်အတူ အလင်းဝင်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ကြပ် ၁ ယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ယင်းမာပင်ခရိုင် တပ်ရင်း ၃၀ က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

ကော့ကရိတ်မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုး-ကော့ကရိတ် အာရှလမ်းတလျှောက်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိနေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံမှ သိရပါတယ်။
Read More

မြို့ပေါ်မှာ ရည်စားနဲ့ သွားတွေ့ရင်း လုပ်သက် ၂၅ နှစ်ရှိ ဒုတပ်ကြပ် အဖမ်းခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်မှာ လုပ်သက်၂၅နှစ်ရှိ ဒုတပ်ကြပ် ၁ယောက်နဲ့ ပျူစောထီး ၁ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ KBU-တောလေးအဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူများအား အရေးယူမည်ဟု မုံရွာနယ်ခံကာကွယ်ရေးတပ်များ အသိပေး

မကြာမီကျင်းပပြုလုပ်မယ့် အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ  မုံရွာနယ်က ဝင်ရောက်အရွေးခံမယ့် စစ်ကောင်စီထောက်တိုင်များကို အရေးယူသွားမယ်လို့ မုံရွာနယ်မြေခံကာကွယ်ရေးတပ်ဖွဲ့တွေက မောင်းကို ပြောပါတယ်။
Read More

KNU ၏ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေး စောထူးထူးလေး ကွယ်လွန်

ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ နိုင်ငံရေးနှင့်စစ်ရေး ဦးဆောင်အကြံပေးပုဂ္ဂိုလ်​ဖြစ်သူ စောထူးထူးလေးဟာ မေလ ၁၇ ရက် မနေ့ညပိုင်းက ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။