ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ကို လာတဲ့ စစ်အုပ်စုကို မိုင်းဆွဲပြီး စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ကြောင်း ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

စက်တင်ဘာ ၃ရက် မနက် ၉နာရီခွဲလောက်မှာ စစ်ကော်မရှင် တပ်သားအင်အား ၉၂ ယောက်ဟာ ညောင်နီပင်အုပ်စု ကျောက်ကြီးတောင်နဲ့ ညောင်နီပင်ရွာကြား ရောက်လာချိန် အသင့်စောင့်နေတဲ့ ဗျူဟာ ၂၁ ကွပ်ကဲမှုအောက်ရှိ ၃၆၀၁ တပ်ရင်း တပ်ခွဲ (၁) က ပဒေသာမိုင်း ၄လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် မနက် ၁၀ နာရီလောက်မှာလည်း ၃၆၀၁ တပ်ရင်း တပ်ခွဲ (၂) က ပဒေသာမိုင်း ၄လုံးနဲ့ ၂ကြိမ်တိုင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သလို စနိုက်ပါအဖွဲ့ကလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကော်မရှင်တပ်သား ၆ ယောက် နေရာမှာတင် ပွဲချင်းပြီး သေဆုံးကာ ၅ယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“သေဆုံးမှုကို တိုက်ပွဲအတွင်း မျက်မြင်နဲ့ ဒေသခံ သတင်းထောက်တွေရဲ့ ပြောပြချက်အရ အတည်ပြုလို့ရပါတယ်။ ကျနော်တို့လည်း သူတို့လာမှာ သိလို့ ကြိုတင်စောင့်ခဲ့တာ၊ ထိတွေ့ပစ်ခတ်မှု မိနစ် ၃၀ ကြာ ဖြစ်သေးတယ်” လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် Shadow က မောင်းကို ပြောပါတယ်။

စစ်ကော်မရှင်တပ်သားတွေဟာ သေဆုံးအလောင်းတွေနဲ့ ဒဏ်ရာရသူတွေကို အထမ်းတွေနဲ့ ကျောက်ကြီးတောင် ဂိတ်စခန်းဆီ သယ်ဆောင်သွားပြီး အဲဒီကတဆင့် မတ္တိုင်ရွာဘက် တက်လာတဲ့ ‌‌ဖောကား ၂စီးနဲ့ တင်ဆောင်ကာ ရွှေတောင်မြို့ ကုတင် ၁၀၀ စစ်ဆေးရုံဆီ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာ အဲဒီနေ့ ညနေ ၃ နာရီခွဲလောက်မှာ ရွှေတောင်မြို့နယ်၊ ဘိုလည်ကုန်းတပ်ထဲကနေ စက်တပ်လေထီး ၂ စီးနဲ့ ရိုးမပေါ်တက်လာပြီး ပေါင်းတည်မြို့နယ် လက်ပံခုံရွာနဲ့ တောင်ခမောက်ရွာရှိ ပြည်သူနေအိမ်တွေပေါ်ကို ဗုံးသီး ၆ လုံး ကြဲချခဲ့သေးတယ်လို့ သိရပါတယ်။

 

0 Shares:
You May Also Like
Read More

ABSDF မကွေးတိုင်းဆက်ဆံရေးရုံးမှ Gender, CEDAW, Women Peace and Security (WPS) ‎အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် စစ်ဘေးရှောင်စခန်းတစ်နေရာမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မကွေးတိုင်းဆက်ဆံရေးရုံးက Gender, CEDAW(The Convention on the Elimination of All Forms of Discrimination Against Women), Women Peace and Security (WPS) အမြင်ဖွင့် အလုပ်ရုံဆွေးနွေးပွဲကို (၃)ရက်တာ ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။
Read More

TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ရှိ ကျေးရွာများကို စစ်တပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်

တအာင်းတပ် - TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta'ang Women's Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။
Read More

တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်နက်ကြီး ပစ်ဖောက်ချိန်မှာပဲ စစ်အုပ်စုတွေ စခန်းစွန့်ခွာထွက်ပြေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ ရွှေစက်တော်ဘုရားနား တပ်စွဲပြီး သစ်တောထွက်ပစ္စည်းတွေနဲ့ မျိုးတုန်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေ ခိုးထုတ်ရောင်းစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို သွားရောက်တိုက်ခိုက်ရာ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်း က ထုတ်ပြန်ပါတယ်။
Read More

လုံခြုံတရားမျှတပြီး တန်းတူညီမျှမှုရှိသည့် လုပ်ငန်းခွင်ရရှိစေရန် ကြိုးပမ်းနေသူများအားလုံးနှင့်အတူ ရပ်တည်ထောက်ခံကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အရုံး (KNU) အနေနဲ့ လူတိုင်းအတွက် လုံခြုံမှုရှိကာ တရားမျှတပြီး တန်းတူညီမျှမှုရှိတဲ့ လုပ်ငန်းခွင်ရရှိစေအောင် ကြိုးပမ်းနေသူအားလုံးနဲ့အတူ ရပ်တည်ထောက်ခံကြောင်း ၁၃၅ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)မှာ ထုတ်ပြန်လိုက်ပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသော အသက်မပြည့်သေးသူ (၁) ဦး အပါအဝင် (၅) ဦး KNLA ထံလက်နက်ချ

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ အသက်မပြည့်သေးသူ ၁ ယောက် အပါအဝင် (၅) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ဆီလက်နက်ချ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀)ပြည့် မွေးနေ့အတွက် MDY-PDF ၏ ဆုတောင်းဓာတ်ပုံများ (ဓာတ်ပုံသတင်း)

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၊ နောက်တန်းဌာနတွေမှာရှိတဲ့ စစ်သည် စစ်မေတွေက “Happy Birthday Suu” ဆိုပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၀)ပြည့် မွေးနေ့အမှတ်တရ ဓာတ်ပုံရိုက်ကူးမှုပုံရိပ်တွေကို MDY-PDF က ထုတ်ပြန်ဖော်ပြထားပါတယ်။