အသက် (၈၀) ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေဆိုးရွားနေတယ်လို့ သားဖြစ်သူ Kim Aris – Htein Lin က ပြောပါတယ်။

ကြုံတွေ့နေရတဲ့ နှလုံးကျန်းမာရေးအခြေအနေကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးအထူးကု ဆရာဝန်နဲ့ တွေ့ချင်ကြောင်း ပြောကြားခဲ့ပေမယ့် အမေဖြစ်သူကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက်ရသလဲဆိုတာကို ဘယ်သူမှမသိရဘူးလို့ ဆိုပါတယ်။

”မေမေက နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားသော်လည်း မေမေ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသည်၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရသည် မည်သူမျှ မသိနိုင်ပါ။ အင်မတန် လူမဆန်ရက်စက်လွန်းသော လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်သည်” လို့ Kim Aris က ပြောပါတယ်။

ဗြိတိန်အခြေစိုက် The Independent သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါကို ဆိုးရွားစွာ ခံစားနေရပြီး နှလုံးရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကော်မ ရှင်က ငြင်းဆန်ထားတယ်လို့ ဖော်ပြပါတယ်။ 

Video-Kim Aris – Htein Lin

0 Shares:
You May Also Like
Read More

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ် ဓာတုဓာတ်ငွေ့ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင် 

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်တပ်က တော်လှန်ရေးရဲဘော်တွေကို ဓာတုဓာတ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တဲ့ ရုပ်သံဖိုင်ကို Karenni Democratic Front က ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

ဆန္ဒပြပွဲများ ပြင်းထန်နေသည့် နီပေါတွင် အစိုးရ အရာရှိများနှင့် မိသားစုဝင်များကို စစ်ရဟတ်ယာဉ်များဖြင့် ကယ်ထုတ် (ရုပ်/သံ)

နီပေါနိုင်ငံမှာ လူမှုကွန်ရက်တွေ ပိတ်ပင်လိုက်ပြီးနောက် ပြင်းထန်လာတဲ့ ဆန္ဒပြပွဲတွေဖြစ်ပေါ်လာပြီး ပြည်သူတွေက အစိုးရပိုင်တာဝန်ရှိသူတွေကို တိုက်ခိုက်လာတဲ့အတွက် စစ်ရဟတ်ယာဉ်တွေနဲ့ ဝန်ကြီးတွေနဲ့ မိသားစုတွေကို လိုက်လံကယ်ထုတ်ခဲ့ပါတယ်။ 
Read More

မြိုင်မြို့နယ် ထန်းဘူးတော စစ်တပ်ဂိတ်ကို တော်လှန်ရေးတပ်များ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေ (ရုပ်/သံ)

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ထန်းဘူးတောအကြမ်းဖက်စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေဆုံးခဲ့တယ်လို့ Myaing Garuda People's Defense Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
Read More

“စက်လက်စုံညီ ရှေ့သို့ချီ” ကမ်ပိန်းမှာ ပါဝင်ပေးဖို့ ယင်းမာပင် ပကဖ ဖိတ်ခေါ် (ရုပ်/သံ)

အညာဒေသမှာ စနစ်တကျ စုဖွဲ့ပြင်ဆင်မှုတွေနဲ့ စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် “စက်လက်စုံညီ ရှေ့သို့ချီ" ကမ်ပိန်းမှာ ပါဝင်ပေးကြဖို့ ယင်းမာပင်ခရိုင် ပကဖ က ဖိတ်ခေါ်လိုက်ပါတယ်။
Read More

မိသားစုနဲ့ကွဲပြီး အာဟာရပြတ်နေသည့် အဘွားအိုကို PDF ရဲဘော်များ ဘေးကင်းရာသို့ ပို့ဆောင် (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းထိုးလာတဲ့အတွက် တိမ်းရှောင်ရင်း မိသားစုနဲ့ကွဲကာ အာဟာရပြတ်ပြီး လဲနေတဲ့ အဘွားအိုတစ်ယောက်ကို ဘေးလွတ်ရာသို့ ဆောင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင်အမှတ် ၁၇ တပ်ရင်း ရဲဘော် ၁ ယောက်က ၎င်းရဲ့ လူမှုကွန်ရက်မှာ မျှဝေခဲ့ပါတယ်။
Read More

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားသည့် ရွှေဝါရောင်ဆရာတော် ဦးဇင်းနတ်ဇော ပြန်လည်လွတ်မြောက်လာ (ရုပ်/သံ)

စစ်ကော်မရှင် မတရားဖမ်းဆီးထောင်ချထားတဲ့ ဆရာတော်အရှင်ပညာဇေတ (ဦးဇင်နတ်ဇော) ဟာ အောက်တိုဘာ ၃၁ ရက်မှာ Buffalo မြို့ မေတ္တာပါရမီကျောင်းသို့ ရောက်ရှိလာတော့မှာဖြစ်ကြောင်း ကဗျာဆရာအောင်ဝေးက လူမှုကွန်ရက်မှ အသိပေးထားပါတယ်။