အကြမ်းဖက်စစ်အုပ်စု မတရားဖမ်းဆီး အကျဥ်းချထားတဲ့ အသက် (၈၀) အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်လို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကြုံတွေ့နေရတဲ့ နှလုံးကျန်းမာရေးအခြေအနေကြောင့် နှလုံးအထူးကုဆရာဝန်နဲ့ တွေ့ချင်ကြောင်း ပြောကြားခဲ့ပေမယ့် အမေဖြစ်သူကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လောက်ရသလဲဆိုတာကို ဘယ်သူမှမသိရဘူးလို့ ဆိုပါတယ်။

”မေမေက နှလုံးအထူးကုဆရာဝန်ကို တွေ့ချင်ကြောင်း တောင်းဆိုထားသော်လည်း မေမေ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရသည်၊ ကျန်းမာရေးစောင့်ရှောက်မှု ပြည့်ပြည့်ဝဝရသည် မည်သူမျှ မသိနိုင်ပါ။ အင်မတန် လူမဆန်ရက်စက်လွန်းသော လက်ခံနိုင်စရာမရှိသည့် လုပ်ရပ်ဖြစ်သည်” လို့ ကင်မ်အဲရစ်က ပြောပါတယ်။

ဗြိတိန်အခြေစိုက် The Independent သတင်းဌာနကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရောဂါကို ဆိုးရွားစွာ ခံစားနေရပြီး နှလုံးရောဂါအထူးကုဆရာဝန်နဲ့ ပြသဖို့ တောင်းဆိုခဲ့ပေမယ့် အကြမ်းဖက် စစ်ကော်မရှင်က ငြင်းဆန်ထားတယ်လို့ သတင်းဖော်ပြထားပါတယ်။

၂၀၁၀ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ဖြစ်သူ ကိုထိန်လင်းတို့ကို တွေ့ရစဥ်
0 Shares:
You May Also Like
Read More

တောင်သာမြို့မှာ စစ်ကောင်စီတပ်စွဲရာ အထက်တန်းကျောင်းကို ဝင်ရောက်စီးနင်းနိုင်ခဲ့ကာ စစ်သား ၁၀ ယောက် သေဆုံး

မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲနေတဲ့ အထက (၁) ကျောင်းကို ဝင်ရောက်စီးနင်းရာ စစ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ထုတ်ပြန်ထားပါတယ်။ 
Read More

ပခုက္ကူမှာ အကြမ်းဖက်စစ်တပ်က ကိုယ်ဝန်ဆောင်သည်အပါအဝင် အမျိုးသမီး ၂ ယောက်နဲ့ ပကဖ ရဲဘော် ၂ ယောက်ကို စစ်ကြောင်းဝင်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့…

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာမှာ အကြမ်းဖက်စစ်ကောင်စီက စစ်​ကြောင်းဝင်ရင်း ကိုယ်ဝန်ဆောင်သည်အပါဝင် အမျိုးသမီး၂ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင် ၂ ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတယ်လို့ Cobra One အဖွဲ့တာဝန်ခံ ဗိုလ်မြွေဟောက်က မောင်းသ​တင်းဌာနကို ပြောပါတယ်။
Read More

တော်လှန်ရေးကာလ ၅နှစ်နီးပါး ရောက်လာချိန် တော်လှန်ရေးကျင့်ဝတ် ချိုးဖောက်မှုများ ရှိလာဟု ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား.. ဖက်ဆစ်စစ်တပ်၏ အမူအကျင့်များ ကူးစက်မခံရဖို့နှင့် တော်လှန်ရေးကိုယ်ခံအားကောင်းဖို့လိုကြောင်း သတိပေး..

“တော်လှန်ရေးအချိန်ကာလ ကြာမြှင့်လာတာနဲ့အမျှ တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ကြတဲ့အခါမှာ လုပ်ပိုင်ခွင့်၊ အာဏာနဲ့ ကိုင်စွဲထားတဲ့ လက်နက်တွေအပေါ်မှာ သာယာပြီး တချို့လည်း တော်လှန်ရေးကျင့်ဝတ်၊ စံနှုန်းတွေနဲ့ လွဲချော်လာတာကို တွေ့ရပါတယ်။ ကျနော်တို့ဟာ ပြည်သူလူထုက ပေးအပ်ထားတဲ့ တာဝန်တွေကို ထမ်းရွက်နေကြတာဖြစ်ပါတယ်။ ရာထူးအာဏာဆိုတာ တာဝန်အတွက်သာ ဖြစ်ပါတယ်။ အာဏာစည်းစိမ်အတွက် မဟုတ်ပါဘူးဆိုတာ သတိချပ်ဖို့ လိုအပ်ပါတယ်” လို့ ဆိုပါတယ်။
Read More

ကရင်နီပြည် ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ကျော်ကို လက်ခံဆောင်ရွက်နိုင်ခဲ့

ကရင်နီပြည်မှာ ကိုယ်ပိုင်တရားစီရင်ရေးစနစ်ကနေ ရာဇဝတ်မှုပေါင်း ၇၀ ကျော်ကို လက်ခံဆောင်ရွ့က်နိုင်ခဲ့တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က အသိပေးထုတ်ပြန်ပါတယ်။
Read More

သရက်ကန်ပျူရွာကို ဝင်ရောက်တိုက်ခိုက်မှုမှာ အရပ်သား ၄၀ ကျော် တော်လှန်ရေးတပ်တွေဆီ ခိုလှုံလာခဲ့ပြီး စစ်အုပ်စုတွေ တချို့ထွက်ပြေး၊ တချို့သေ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ သရက်ကန်ပျူရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စုဘက်က အသေအပျောက်ရှိသလို တချို့တစ်ဝက်ကတော့ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။