ပဲခူးတိုင်း၊ ညောင်လေးပင်-မဒေါက်-ရွှေကျင်လမ်းပိုင်းမှာ ဆက်ကြေးကောက်ငွေညှစ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ဝင်ရောက်ပစ်ခတ်ရာ ၂ ယောက် သေဆုံးပြီး သေနတ်၂ လက်နဲ့ ခဲယမ်းတချို့ ရရှိခဲ့ကြောင်း Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလ ၅ ရက် ဒီနေ့မနက်အစောပိုင်းမှာ ခရီးသွားကားတွေဆီက ဆက်ကြေးကောက်ငွေညှစ်နေတဲ့ အထက်ပါ အကြမ်းဖက်စစ်အုပ်စုဂိတ်ကို Fire Dagon PDFတပ်ဖွဲ့ဝင်တွေက ပြောက်ကျားဝင်ရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

“အထိုင်ချစခန်းတော့ မဟုတ်ဘူးဗျ။ သူတို့က အဲ့မှာ ဂိတ်လုပ်ပြီး ကားတွေကို လိုင်စင်ဖမ်းတယ်။ ငွေညှစ်တယ်။ တပ်သားသစ် စုဆောင်းတယ်ပေါ့။ အင်အားကတော့မှန်းရခက်တယ်ဗျ။ အထိုင်ချမဟုတ်ဘဲ လမ်းမှာ ဆက်ကြေးကောက်တဲ့ဂိတ် ဖြစ်နေလို့လေ”လို့ Fire Dragon PDF တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

Fire Dragon PDF တပ်ဖွဲ့ဝင်များ

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား ၂ ယောက် နေရာမှာတင် သေဆုံးပြီး ကျည် ၁၈၀ တောင့် အပါအဝင် MA1 သေနတ် ၁ လက်၊ MA2 ၁ လက်၊ ကျည်ဘောက် ၅ ခုနဲ့ အီနာဂါ ၂ လုံးကို PDF တပ်ဖွဲ့ဝင်တွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Fire Dragon နဲ့ Fire Dragon ကွန်မန်ဒို PDF တပ်ဖွဲ့ဝင်တွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် မစ်ရှင်အပြီး PDF တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာရာမှာ အကြမ်းဖက်စစ်တပ်ရဲ့ ညောင်လေးပင်အခြေစိုက် ခမရ ၂၀ ကနေ လက်နက်ကြီး ၁၂၀ မမနဲ့ ၄ ချက် ပစ်ခတ်ခဲ့သေးကြောင်း Fire Dragon PDF တာဝန်ရှိသူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့ကလည်း အထက်ပါ ညောင်လေးပင် – မဒေါက် – ရွှေကျင်လမ်းပိုင်း၊ တာပြတ်ဂိတ်စခန်းနား ကင်းပတ်သွားလာနေတဲ့ အကြမ်းဖက်စစ်သားတွေကို Fire Dragon PDF က စနိုက်ဘာနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် တစ်ယောက် ​သေဆုံးခဲ့ပါသေးတယ်။

စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် လက်နက်များ
စစ်အုပ်စုထံမှ သိမ်းဆည်းရရှိသည့် လက်နက်များ
0 Shares:
You May Also Like
Read More

ကြို့ပင်ကောက်က ကျေးရွာတွေကို စစ်ကြောင်းထိုးပြီးနောက် လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတဲ့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်း ပြန်မလွတ်သေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးပြီးနောက် ပြန်ဆုတ်ချိန်မှာ ကလေးငယ်တွေအပါအဝင် ပြည်သူ ၂၉ ယောက်ထက်မနည်းကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

မကွေးနှင့် စစ်ကိုင်းရှိ ကျေးရွာများကို တစ်ရက်တည်းမှာပဲ စစ်အုပ်စု လေကြောင်းဗုံးကြဲ၊ ပြည်သူ ၃ ဦး ဒဏ်ရာရကာ နေအိမ်နှင့် စေတီများ ထိခိုက်ပျက်စီး

မကွေးတိုင်း၊ ကမ္မနယ်အနောက်ခြမ်း၊ ပခုက္ကူ − ပေါက် ကားလမ်းမကြီးတစ်လျှောက် သာကြီးတောင် နဲ့ တပ်မတောင်ကြားကို စစ်အုပ်စုက ဇွန်လ ၇ ရက် ညနေပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

ရွှေတောင်တွင် စစ်တပ်လက်ပါးစေ ရပ်ရွာအာဏာပိုင်များ စစ်မှုထမ်းအကြောင်းပြ အပူစာစား၊ စီးပွားဖြစ်နေကြ

"မဲနှိုက်တယ်ဆိုပေမယ့်လည်း အုပ်ကြီးနဲ့ ရာအိမ်မှူးတွေက သူတို့ဘာသာ ထည့်ချင်တဲ့သူကို မဲပေါက်တယ်ဆိုပြီး ခေါ်တာပါ။ ပြည်သူတွေ နှိုက်ရတာမဟုတ်ပါဘူး။ အဲ့လိုနည်းနဲ့ တစ်လကို ၃ယောက်ခေါ်တာပေါ့။" လို့ ရွှေတောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

မုံရွာမြို့ပေါ် စစ်ကောင်စီတပ်သား ၂ ဦး ရှင်းလင်းခံရမှုအတွက် မြို့ခံ အယောက် ၆၀ ကျော်ကို စစ်အုပ်စု ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ တပ်သား ၂ ယောက် ပစ်ခတ်ရှင်းလင်းခံရတာနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်အုပ်စုဟာ မြို့ခံပြည်သူများစွာကို နေ့တွင်းချင်းပဲ မတရားဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Read More

သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၂ ဦးသေဆုံးပြီး လကလေး ၄ ဦးနှင့် သံဃာတော် ၁ ပါးအပါ ၉ ဦး ထိခိုက်ဒဏ်ရာရ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ဘုရားသုံးဆူမှာ အသက် ၈နှစ်အရွယ် ကလေးအပါအဝင် မိသားစုလိုက် ၃လောင်းပြိုင် အသတ်ခံရ

ကရင်ပြည်နယ်၊ ကြာအင်းမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ဘုရားသုံးဆူမြို့မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က မိသားစုလိုက် ၃လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။