အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကို စက်တင်ဘာလ (၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဆိုပါတွေ့ဆုံပွဲမှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးအခြေအနေတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

H.E. Olof Skoog ကတော့ ဥရောပသမဂ္ဂအနေနဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီရရှိရေးအတွက် မဆုတ်မနစ်ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂဟာ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်နေကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

Mytel နှင့်ဆက်စပ် စာမျက်နှာ၊ Group နှင့် အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား၊ မြန်မာစစ်တပ်ထိန်းချုပ်ထားသည့် ဆက်သွယ်ရေးကွန်ရက် အွန်လိုင်းတည်ရှိမှုအပေါ် ကြီးမားသည့် ထိုးနှက်ချက်တစ်ခု ဖြစ်လာ

အကြမ်းဖက်မြန်မာစစ်တပ်ပိုင် Mytel နဲ့ ဆက်စပ် စာမျက်နှာ၊ Group နဲ့ အကောင့် ပေါင်း ၁၀၀၀ ကျော်ကို Facebook ကဖယ်ရှားလိုက်တယ်လို့ ဇန်နဝါရီ ၉ မှာ Justice For Myanmar က ထုတ်ပြန်ထားပါတယ်။
Read More

အင်တာနက်အဖြတ်ခံရသည့် မြဝတီမှ ကျားဖြန့်များ စတားလင့်ခ်ကို အဓိကအသုံးပြုလာ

ကျားဖြန့်နှိမ်နင်းရေး စစ်ဆင်ရေးတွေအတွင်း အင်တာနက် ဖြတ်တောက်ခံထားခဲ့ရတဲ့ မြဝတီက ကျားဖြန့်လုပ်ငန်းတွေဟာ စတားလင့်ခ် အင်တာနက်ကို အဓိကအသုံးပြုလာကြောင်း လေ့လာသူတွေက ပြောပါတယ်။  
Read More

ကျားဖြန့်ဂိုဏ်းများမှ ကယ်ထုတ်လာသည့် တရုတ်နိုင်ငံသား ၂၀၀ ကျော်ထဲက ပထမအသုတ် ၅၀ ကို ထိုင်းမှတဆင့် တရုတ်ထံ လွှဲပြောင်း

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးခံထားရတဲ့ တရုတ်နိုင်ငံသား (၂၀၀) ကျော်ကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကတဆင့် တရုတ်နိုင်ငံကို စတင်လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။
Read More

NUG အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီး ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနှင့် အမှုဆောင်များကို တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီး နော်စူစန်နာလှလှစိုးနဲ့ ဝန်ကြီးဌာနအကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့ဟာ ဂျပန်နိုင်ငံရှိ အလုပ်သမားသမဂ္ဂဥက္ကဌနဲ့ အမှုဆောင်တွေကို တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။
Read More

တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ မြန်မာ့အရေးဆွေးနွေးပွဲ အင်ဒိုနီးရှား ဦးဆောင်ပြုလုပ်

လာမယ့်အပတ် အာဆီယံထိပ်သီးဆွေးနွေးပွဲမတိုင်ခင် မြန်မာပြည်ပဋိပက္ခအရေး သံတမန်ရေးဆွေးနွေးပွဲကို ဂျာကာတာမြို့မှာ ပြုလုပ်သွားမယ်လို့ အင်ဒိုနီးရှားအကြီးတန်းသံတမန်တဦးက ယမန်နေ့က AFP သတင်းဌာနကို ပြောခဲ့ပါတယ်။
Read More

ကော့မြစ်ရေ ညစ်ညမ်းမှုကိစ္စ ဆွေးနွေးဖို့ ထိုင်းဒုဝန်ကြီးချုပ် မြန်မာပြည်သွားရန်စီစဉ်၊ တရုတ်နှင့် အနီးကပ်ဆက်ဆံရေးကို အသုံးချဖို့ ထိုင်းအမတ်အဆိုပြု

ကော့မြစ်အတွင်း အာဆင်းနစ်နဲ့ သတ္တုပျော်ဝင်မှုကြောင့် မြစ်ရေညစ်ညမ်းရတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံမယ့်အကြောင်း ထိုင်းဒုဝန်ကြီးချုပ် Prasert Jantararauangtong က ပြောပါတယ်။