မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်သားအများအပြားသေဆုံးခဲ့တယ်လို့ မြိုင်ပဖက က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၄ ရက်က ပွင့်ဖြူမြို့နယ် ညောင်ကိုင်း‌ကျေးရွာအနောက်မြောက်ဘက် မြေနီကုန်းတောကျောင်းအနီးရှိ မဲဇလီကျေးရွာစခန်းကုန်းကလာတဲ့ အင်အား ၂၀၀ ခန့်ရှိ အကြမ်းဖက်စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားအများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြိုင် ပကဖ၊ မင်းဘူးခရိုင်တပ်ရင်း(၄) ၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှုနဲ့ မြိုင်/ပေါက် Drone Team တပ်၊ ပခုက္ကူ ပကဖ၊ ပွင့်ဖြူမြို့နယ် ပလဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ အင်အားပြန်လည်ဖြည့်တင်းနေပြီး ဆက်လက်စစ် ကြောင်းထိုးဖို့ ပြင်ဆင်နေတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေ ပြန်လည်တိုက်ခိုက် အသင့်နေရာယူ ဆောင်ရွက်လျက်ရှိတယ်လို့ မြိုင်ပကဖ က ထုတ်ပြန်ထားပါတယ်။

Video – မြိုင်ပကဖ

0 Shares:
You May Also Like
Read More

မြင်းခြံမြို့နယ်အတွင်း ပျူစောထီး ၂ ယောက် ပြောက်ကျားတိုက်ခိုက်ခံရပြီး သေဆုံး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အမှတ် ၁၈ ရက်ကွက်အတွင်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး ၂ ယောက်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းမှာ ပြောက်ကျားတိုက်ခိုက်ခဲ့တယ်လို့ Freedom Fighter Guerrilla Force အဖွဲ့ထံက သိရပါတယ်။
Read More

ထားဝယ်မြို့နယ် ရွှေဂူတောင်ပေါ် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို စီးနင်းတိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၄ ဦးသေ (ရုပ်/သံ)

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို စီးနင်းတိုက်ခိုက်ခဲ့ရာ ၄ ယောက် သေဆုံးခဲ့တယ်လို့ ဒူရက စစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Read More

ခရီးသွားပြည်သူများကို အနိုင်ကျင့် ပိုက်ဆံတောင်းနေသည့် နတ်မောက်မြို့ တောင်ဘက်အထွက် စစ်တပ်ဂိတ်ကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်/သံ)

မကွေးတိုင်း နတ်မောက်မြို့ တောင်ဘက်အထွက်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဧပြီ ၁၀ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ယောက်သေခဲ့တယ်လို့ People’s Defense Organization – Natmauk ထံက သိရပါတယ်။
Read More

မန္တလေးမှာ စစ်မှုထမ်း မဲနှိုက်ဖို့ အသံချဲ့စက်ဖြင့် ကြေညာနေ (ရုပ်/သံ)

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီက စစ်မှုထမ်း မဲနှိုက်ရန် အသံချဲ့စက်နဲ့ လိုက်လံနှိုးဆော်နေတယ်လို့ သိရပါတယ်။
Read More

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ကို ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ စစ်ဆေးရေး ဂိတ်ကို မတ်လ ၈ ရက် ယနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံး ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံက သိရပါတယ်။
Read More

ပြည်သူ ၅ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက် (ရုပ်/သံ)

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာကို  ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အများအပြားရှိခဲ့ကြောင်း သိရပါတယ်။