မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြိုနယ်မှာ အင်အား ၂၀၀ ကျော်ပါ အကြမ်းဖက်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုဘက်က ၂၁ ယောက် မျက်မြင်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိုင်ပကဖ က သတင်းထုတ်​ပြန်ပါတယ်။

စက်တင်ဘာလ ၄ ရက် မနေ့က ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာစခန်းကုန်းကနေ ညောင်ကိုင်းကျေးရွာ အနောက်မြောက်ဘက်က မြေနီကုန်းတောကျောင်းအနီးကို ဆင်းလာတဲ့ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ နာရီဝက်ကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ကြောင်းမှာ စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊  ၂၅၅ တပ်တွေအပြင် ဝါတပ်နဲ့ မဲဇလီကုန်းအခြေစိုက်အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေနဲ့ ကျောင်းကုန်း၊ ရွာခိုင်၊ ကုန်းဇောင်းစတဲ့ ပျူစောထီးရွာခံတွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဆိုပါအကြမ်းဖက်စစ်ကြောင်းကို မြိုင် ပကဖနဲ့အပါအဝင် မင်းဘူးခရိုင်တပ်ရင်း(၄)  ၊ မြိုင်/ပေါက် ပကဖ စုဖွဲ့မှု နဲ့ မြိုင်/ပေါက် Drone Team တပ်  ၊ ပခုက္ကူပကဖနဲ့ ပွင့်ဖြူမြို့နယ်ပလဖတို့ အတူပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေအရ အထိနာသွားတဲ့ အကြမ်းဖက်စစ်အုပ်စုက အင်အားအများအပြား ပြန်လည်ဖြည့်တင်းထားရင်း ရှေ့ဆက်ဖို့ ပြင်ဆင်နေသလို တော်လှန်ရေးတပ်တွေဘက်ကလည်း အသင့်နေရာယူထားတာကြောင့် နှစ်ဖက် စစ်ရေး​အခြေအနေ တင်းမာနေကြောင်း သိရပါတယ်။

လက်ရှိ စစ်ရေးအခြေအနေနဲ့ ပက်သက်လို့ ဒေသတော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်က “လောလောဆယ်တော့ စစ်ရေးအခြေအနေလေးက မတည်ငြိမ်သေးလို့ ငြိမ်တာနဲ့ ဖြေပေးပါ့မယ်။ တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။

0 Shares:
You May Also Like
Read More

မူးယစ်ဆေးသယ်ဆောင်လာသူများနှင့် တာဝန်ရှိသူများကို CDF- Hakha အရေးယူသွားမည်၊ ထောက်ခံစာထုတ်ပေးခဲ့သည်မှန်သော်လည်း မူးယစ်ဆေးသယ်ဆောင်မှုဟာ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ကြောင်းနှင့် တာဝန်ယူဖြေရှင်းသွားမည်ဟု ယင်းမာပင်ခရိုင် တပ်ရင်း (၁၅) တပ်ရင်းမှူးပြော

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၅ ယောက်ကို Chinland Council ရဲ့အောက်ကနေ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ကျန်ရှိတရားခံတွေကိုလည်း ဆက်လက်ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေကြောင်း Chinland Defense Force – Hakha ရဲ့ အထွေထွေအတွင်းရေးမှူးက မောင်းကို ပြောပါတယ်။
Read More

နိုင်ငံတစ်ဝန်း ဇန်နဝါရီတစ်လအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၈၀ ကျော် သေဆုံးခဲ့ရ

နိုင်ငံတစ်ဝန်း စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ဇန်နဝါရီလ တစ်လတည်းမှာပင် အမျိုးသမီး ၈၆ ဦးအထိ သေဆုံးခဲ့ရတယ်လို့  မြန်မာအမျိုးသမီးများသမဂ္ဂ (BWU) က အသိပေးထုတ်ပြန်ပါတယ်။
Read More

ပုလဲမြို့နယ် ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ABSDF ပါဝင်တိုက်ခိုက်ခဲ့၊ ABSDF ရဲဘော် ၃ ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲ့ ဦးဆောင်မှုနဲ့ မဟာမိတ်တပ်ပေါင်းစုက ဇွန်လ ၁၉ ရက် မနက် ၆ နာရီ မိနစ် ၄၀ မိနစ်အချိန်မှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) က ဒီနေ့မှာ တရားဝင်ထုတ်ပြန်ပါတယ်။
Read More

ဟင်္သာတထောင်မှာ ထောင်ဝန်ထမ်းက အရက်မူးပြီး နိုင်ကျဉ်းတစ်ယောက်ကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်

ဧရာဝတီတိုင်း၊ ဟင်္သာတအကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသား ၁ယောက်ကို အကျဥ်းထောင်ဝန်ထမ်းက အရက်သေစာသောက်စားပြီး အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
Read More

မန်းဝန်ကြီးချုပ်ရဲ့ နောက်ဆုံးခရီးမှာ ပို့ဆောင်ပေးခဲ့တဲ့ မင်းခေါင်ပရဟိတအဖွဲ့ကို စစ်ကောင်စီ ဖမ်းခေါ်သွား

မန္တလေးမြို့အခြေစိုက် ပရဟိတအသင်းဖြစ်တဲ့ ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ အပါအဝင် အသင်းသားတချို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၆ ရက်မှာ အရပ်ဝတ်တွေနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။
Read More

ကန်ပက်လက် မြို့သိမ်းတိုက်ပွဲ စပြီလို့ ချင်းညီနောင် ကြေညာ

ချင်းပြည်နယ်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် စတင်တိုက်ခိုက်နေပြီလို့ ဒီနေ့ ဒီဇင်ဘာ ၂၂ ရက်မှာ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ကြေညာပါတယ်။