ကယန်းအမျိုးသားတပ်မတော် (KNA)၊ အမှတ် (၂၁၀၅) တပ်ရင်းက တပ်စုမှူး ရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ စက်တင်ဘာ ၂ ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့တယ်လို့ KNA က ဒီနေ့ ထုတ်ပြန်ပါတယ်။

ကျဆုံးရဲဘော် ဧလိယာ (ခ)အိုင်ရို ဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံအပါအဝင် ကယန်းအမျိုးသားတွေအတွက် တော်လှန်တိုက်ပွဲဝင်ရင်း တိုက်ပွဲတစ်နေရာအတွင်း စက်တင်ဘာလ ၂ ရက်မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ရဲဘော်ဧလိယာ(ခ)အိုင်ရိုရဲ့ စျာပန အခမ်းအနားကိုတော့ ကျန်ရစ်တဲ့ ရဲဘော်တွေက ကယန်းဒေသတစ်နေရာမှာ ပြုလုပ်ခဲ့တယ်လို့ ကယန်းအမျိုးသားတပ်မတော် (KNA) က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

စစ်ကောင်စီရဲ့ လက်ရုံးတပ်မှာပါ၀င်ဖို့ မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်နေပြီး တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံဖို့ပြော

စစ်ကောင်စီတပ်ရဲ့ လက်ရုံးတပ်မှာ တာ၀န်ထမ်းဆောင်ဖို့ ဗိုလ်လောင်းရွေးချယ်မှုကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ရွေးချယ်ခဲ့ကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြလာပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့ က စစ်တက္ကသိုလ်ဗိုလ်လောင်း(D.S.A)အမှတ်စဉ်(၆၇) စစ်လက်ရုံးရွေးချယ်ပွဲနဲ့ နည်းပညာတက္ကသိုလ်ဗိုလ်လောင်းသင်တန်း(D.S.T.A) အမှတ်စဉ်(၂၇) စစ်လက်ရုံးရွေးချယ်ပွဲတို့ကို မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ရွေးချယ်ခဲ့တာပါ။
Read More

ရွေးကောက်ပွဲအတုကို အမွှန်းတင်၊ တော်လှန်ရေးကို ပုံဖျက်ထားသည့် ဇာတ်ကားနှင့် စစ်တပ်၏ ဝါဒဖြန့်မှုကို ကူညီပုံဖော်ပေးသည့် သရုပ်ဆောင်များ ပြင်းပြင်းထန်ထန် ဝေဖန်ခံနေရ

အကြမ်းဖက်စစ်ကော်မရှင်က သူတို့ရဲ့ အတုယောင်ရွေးကောက်ပွဲအတွက် ပြည်တွင်းစျေးကွက် နာမည်ရ သရုပ်ဆောင်တွေကို အသုံးပြုပြီး "ခေတ်သမိုင်းကို ဒုန်းစီးမည့်သူများ" ဆိုတဲ့ ဝါဒဖြန့်ပေါ်လစီ ဇာတ်ကားတစ်ကားကို စစ်တပ်ပိုင် မြဝတီချန်နယ်ကတဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။
Read More

ရေဦး တိုက်နယ်ဆေးရုံကို စစ်တပ် အကြောင်းမဲ့ ဗုံးကြဲလို့ ဆေးရုံအဆောက်အအုံများ ပျက်စီးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ တမာတောရွာက တိုက်နယ်ဆေးရုံကို အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပျက်စီးပြီး ဒေသခံ ၁ ယောက်လည်း ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်) ရဲ့ သတင်းတာဝန်ခံက မောင်းကို ပြောပါတယ်။
Read More

ငါန်းဇွန်မြို့မှ ထွက်လာသည့်စစ်အုပ်စု ယာဥ်တန်း တိုက်ခိုက်ခံရပြီး ဒုတပ်ကြပ် ၂ ဦးနှင့် ပျူ အယောက် ၄၀ ခန့် သေဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ထွက်ခွာလာတဲ့ စစ်အုပ်စု ယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူတွေ ရှိခဲ့တယ်လို့ TGYR မြင်းခြံခရိုင် အမှတ် (၁၁) တပ်ရင်းထံက သိရပါတယ်။
Read More

၂၀၂၅ ခုနှစ်မှာ မန္တလေးတိုင်းအတွင်း စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါ ၂၇ ဦး သေဆုံးခဲ့

မန္တလေးတိုင်းအတွင်း ၂၀၂၅ ခုနှစ်အစပိုင်း ၂ လကျော်ကြာချိန်မှာ အကြမ်းဖက်စစ်ကောင်စီကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ယောက်အပါအဝင် ၂၇ ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

မိတ္ထီလာ သူနာပြုသင်တန်းကျောင်းသူတစ်ဦး အိမ်သာထဲ မီးလောင်သေဆုံးနေ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်က အစိုးရသူနာပြု သင်တန်းကျောင်းမှာ ကျောင်းသူတစ်ယောက် မီးလောင် သေဆုံးနေခဲ့တယ်လို့ သိရပါတယ်။