အကြမ်းဖက်စစ်အုပ်စုက အာဏာတည်မြဲရေး သက်တမ်းတိုးလေလေ ပြည်သူလူထုကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ အရှိန်မြှင့်ဆောင်ရွက်လေလေ ဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွင်း ပြည်သူ ၁၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

၂၀၂၅ ခုနှစ်မှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကိုင်းငလျင်ကြီး ဘေးဒဏ်ခံရချိန်တောင်မရှောင်ဘဲ အစုလိုအပြုံလိုက် သတ်ဖြတ်မှု ၁၀၅ ကြိမ် ကျူးလွန်ခဲ့ပြီး ပြည်သူ ၁၀၈၁ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တရားမဝင်အာဏာတည်မြဲရေးအတွက် ၇ ကြိမ်မြောက်သက်တမ်းထပ်တိုးလိုက်တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံမှာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်အပြီးကာလနဲ့ မတ်လ၊ ဧပြီလတွေမှာ အကြမ်းဖက်စစ်အုပ်စုက လူထုအပေါ် အစုလိုက်အပြုံလိုက် ကျူးလွန်သတ်ဖြတ်မှုတွေ မြင့်တက်နေဆဲဖြစ်တယ်လို့ NUG က ဆိုပါတယ်။

အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ဧပြီလအတွင်းမှာလည်း စစ်အုပ်စုက နိုင်ငံတဝန်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၁၅ မှု ကို ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူပေါင်း ၁၄၅ ယောက်အထိ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် ထိခိုက်သေဆုံးမှုများခဲ့တဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေမှာ အဲ့ဒီအချိန်ကာလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၉ မှုကို ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ပြည်သူပေါင်း ၁၀၆ ယောက်အထိ သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ လိုအပ်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်နိုင်ဖို့ဆိုပြီး စစ်ကော်မရှင် (SSPC) ကို ပြောင်းလဲဖွဲ့စည်းကာ အကြမ်းဖက်စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကြိုးစားပြင်ဆင်နေတဲ့ ကာလအပိုင်းအခြားဖြစ်တဲ့ သြဂုတ်လမှာလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ရပ် ၂၂ ခုအထိကျူးလွန်ခဲ့ပြီး အပြစ်မဲ့သေဆုံးရတဲ့ ပြည်သူ ၂၂၅ ယောက် အထိ ရှိခဲ့တာဖြစ်ပါတယ်။

တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက လူထုအပေါ် ဘက်ပေါင်းစုံကနေ အကြမ်းဖက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေ ဆက်တိုက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ အာဏာတည်မြဲရေးအတွက် သက်တမ်းတိုးမှုတွေ လုပ်ဆောင်ပြီးတိုင်း လူထုအပေါ်ပြင်းထန်ရက်စက်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ထိုင်းစစ်တပ် ရိုက်နှက်လို့ မြန်မာအမျိုးသားတစ်ယောက် သေဆုံးခဲ့

၂၀၂၄ ခုနှစ်အစောပိုင်းက ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာအမျိုးသားတစ်ယောက်ကို ထိုင်းစစ်တပ်က သေတဲ့အထိ ရိုက်နှက်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုက နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စွပ်စွဲထားပါတယ်။
Read More

ဇီးကုန်းမှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်မှာ ရွာစဥ်လှည့် ပေါ်တာဆွဲနေတဲ့ အကြမ်းဖက်စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ ၃ ယောက်သေ​ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်လို့ ကြို့ပင်ကောက်အခြေစိုက် BTZM GBK PDF ပဲခူးရိုးမအခြေပြုတပ်ဖွဲ့ တာဝန်ခံ ဗိုလ်တေဇမင်းက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

မြို့သာ-မန္တလေးလမ်းပိုင်း နှင့် မြို့သာ-ငါန်းဇွန်လမ်းပိုင်းတို့တွင် အရပ်သားကားများ မှန်ချမောင်းနှင်ရန်၊ တိုက်ပွဲဖြစ်ပွားချိန် နောက်ပြန်လှည့်ရန် PDF သတိပေး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်-မြို့သာလမ်းပိုင်းမှာ စစ်အုပ်စုကို အချိန်မရွေး ဝင်ရောက်တိုက်ခိုက်တာတွေ ရှိလာနိုင်တာကြောင့် အရပ်သားကားတွေ မှန်ချမောင်းနှင်တာမျိုးနဲ့ တိုက်ပွဲဖြစ်ပွားချိန်အတွင်း နောက်ပြန်ဆုတ်ပေးကြဖို့ တိုက်နယ်(၃) နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
Read More

ရွာငံမှာ မြို့အဝင်ဘီးခွန်ဂိတ်၊ မူးယစ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တွေက စစ်အုပ်စုတွေ ဝင်ရောက်ပစ်ခတ်ခံရပြီး ရဲအရာရှိ၁ယောက်အပါ ၁၃ယောက်သေ

ရှမ်းတောင်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့မှာ မြို့အဝင်ဘီးခွန်ဂိတ်အပါအဝင် မူးယစ်ရဲစခန်းနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့က အကြမ်းဖက်စစ်အုပ်စုတွေ ပစ်ခတ်တိုက်ခိုက်ခံရပြီး မူးယစ်ရဲအရာရှိ၁ယောက် အပါအဝင် အကြမ်းဖက်ရဲနဲ့ စစ်သား ၁၃ယောက်သေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်က မောင်းကိုပြောပါတယ်။
Read More

လောင်းလုံးတွင် အကြမ်းဖက်စစ်တပ်နှင့် ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်၊ အထိနာသည့် စစ်အုပ်စု လေကြောင်းတိုက်ခိုက်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်‌ရေးပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာတဲ့ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြောင်း နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
Read More

စစ်တပ်က မုံရွာမြို့တွင် ပေါ်တာဆွဲထားသည့် လူငယ် ၈၀ ကျော်ကို ထမင်းမကျွေးနိုင်တော့လို့ဆိုပြီး နမခထဲ ပို့ဆောင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အကြမ်းဖက်စစ်အုပ်စုက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ထမင်းမကျွေးနိုင်တဲ့အတွက် နမခထဲကို ပို့ဆောင်လိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။