ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ”စစ်သည်တော်ကျင့်ဝတ်နှင့်စစ်ဘက်ဆိုင်ရာဥပဒေသင်တန်း”ကို စက်တင်ဘာလ ၁ ရက်‌နေ့ကနေ ၃ ရက်နေ့အထိ ၃ ရက်ကြာ Online System နဲ့ ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ က ဒီနေ့ ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဥပဒေရုံးရဲ့ စစ်ဥပဒေချုပ် ရဲဘော်ထွဋ်ခေါင်နဲ့ ရန်ကုန်တိုင်းပကဖ တာဝန်ခံ ရဲဘော်နောင်ရိုးတို့က ပကဖရဲဘော်တွေကို သင်တန်းအဖွင့် မိတ်ဆက်စကားပြောကြား‌ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသင်တန်းကို ရန်ကုန်တိုင်း ပကဖ ရဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့တွေ၊ ခရိုင်တွေက ဦးစီးတာဝန်ခံတွေ၊ ရေးရာတာဝန်ခံတွေ၊ တပ်ခွဲမှူးတွေနဲ့ ရဲဘော်တွေ တက်‌ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းမှာတော့ လက်ထောက်စစ်ဥပဒေချုပ် ဆရာဦးမောင်မောင်က စစ်သည်တော်ကျင့်ဝတ်နဲ့ စစ်ဘက်ဆိုင်ရာဥပဒေတွေကို ဆွေးနွေးပို့ချပေးခဲ့ပြီး သင်တန်းသားရဲ‌ဘော်တွေ သိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခြင်း၊ အမှုဖြစ်စဥ်တွေနဲ့ ဥပဒေကျင့်ဝတ်သဘောတရားတွေ ပြည့်စုံစွာ ရှင်းလင်းဆွေးနွေးပေးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ပကဖ ရဲဘော်တွေကို စွမ်းရည်မြှင့်သင်တန်းတွေ၊ မွမ်းမံသင်တန်းတွေနဲ့ အမြဲမပြတ် လေ့ကျင့်ပြင်ဆင် စုဖွဲ့‌လေ့ကျင့်ပေးနေတယ်လို့ ရန်ကုန်တိုင်းပကဖ က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

အကြမ်းဖက်မင်းအောင်လှိုင်နှင့် သူ့အား လက်ခံကြိုဆိုသူ ရုရှားသမ္မတ ပူတင်ကို ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ် (ဓာတ်ပုံသတင်း)

အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ခြင်း၊ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်ရဲ့ ဖမ်းဝရမ်းပုံတွေအပြင် ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွ ရပ်တည်ကြောင်း ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်လံကပ်ခြင်းလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

NUG အစိုးရနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် (FSCC)၊ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)၊ ရန်ကုန်ဖက်ဒရယ်ယူနစ်၏ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်(FSCC)၊ ရန်ကုန်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH)နဲ့ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲရေးကော်မရှင်တို့ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၂၅ ရက် မနေ့က ညနေပိုင်းမှာ video conferencing meeting နဲ့ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အသောက်အစား၊ အပျော်အပါးများ ရှောင်ကာ ဝင်ငွေထွက်ငွေ ချိန်ညှိသုံးစွဲရန် တပ်မိသားစုဝင်များနှင့် တွေ့ဆုံစဥ် မင်းအောင်လှိုင် မှာကြား

ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ KK Park စီမံကိန်းမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်တွေလည်း ပါဝင်ပတ်သက်နေတယ်လို့ အကြမ်းဖက်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ပြောဆိုလာတဲ့အပေါ် KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက အခုလို စွပ်စွဲမှုတွေကို တုံ့ပြန်သွားမယ်လို့ မောင်းကိုပြောပါတယ်။
Read More

ယင်းမာပင်မြို့ပေါ် ၂ ရက်တာ ဒရုန်းစစ်ဆင်ရေးအတွင်း ခရိုင်ရဲမှူးသားအပါအဝင် စစ်အုပ်စု ထိခိုက်မှုတွေ ရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်က အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားရာ နေရာတွေကို ၂ ရက်ဆက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ခရိုင်ရဲမှူးသား အပါအဝင် စစ်ကောင်စီဘက်က ထိခိုက်မှုများပြားကြောင်း နယ်စည်းမခြား ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ရေစကြိုမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ဗိုလ်ကြီးအဆင့်အပါ ၉ ဦးသေဆုံး၊ ၉ ဦး အရှင်ဖမ်းဆီးရမိ…

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ရာ စစ်သား ၉ ယောက် သေဆုံးပြီး စစ်သုံ့ပန်းအဖြစ် ၉ ယောက် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ Myingyan Black Tiger (MBT) က သတင်းထုတ်ပြန်ပါတယ်။
Read More

လားရှိုးမြို့ကို MNDAA စွန့်ခွာဖို့ ပြင်ဆင်နေ၊ တရုတ်အကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ဝင်ရောက်မည်ဟု သတင်းများ ထွက်ပေါ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ခဲ့တဲ့ လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် (MNDAA) တပ်တွေ ပြန်လည်ဆုတ်ခွာဖို့ ပြင်ဆင်နေပြီး အကြမ်းဖက်စစ်ကောင်စီက တရုတ်အကူအညီနဲ့ ပြန်လည်နေရာယူ ဝင်ရောက်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေကြောင်း လားရှိုးမြို့ခံတွေဆီက သိရပါတယ်။