မကွေးတိုင်း၊ စလင်းနဲ့ ချောက်မြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်လာရာ ရက်ပိုင်းအတွင်း အမျိုးသားလူငယ် အယောက် ၂၀ ကျော်အထိ ဖမ်းဆီးခံထားရကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

စက်တင်ဘာလအတွင်း ချောက်၊ စလင်းနဲ့ ဆင်ဖြူကျွန်းမြို့နယ်တွေမှာ အမျိုးသား၊ အမျိုးသမီးမကျန် ပေါ်တာဆွဲဖမ်းဆီးခံရမှုတွေ ဆက်တိုက်ရှိလာပြီး စစ်အုပ်စုက အသေပစ်ခတ်ဖမ်းဆီးတာမျိုးတွေအထိ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုရက်ပိုင်း စလင်းနဲ့ ဆင်ဖြူကျွန်းမှာ ပေါ်တာဆွဲဖမ်းဆီးတာတွေ အတော်ဆိုးနေပြီလို့ ပြောရမယ်။ ယောက်ျား၊ မိန်းမ မခွဲတော့ဘဲ အကုန်ဆွဲတာ။ လူငယ်လတ်ပိုင်းတွေချည်း အခုလက်ရှိဆို ၂၀ ကျော်လောက် ရှိပြီ။ ထွက်ပြေးရင် ပစ်ဖမ်းတယ်” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက စလင်းမြို့ပေါ် လဝကရုံးမှာ မှတ်ပုံတင်လာလုပ်တဲ့ အသက် ၃၅နှစ်အရွယ် အမျိုးသားတစ်ယောက်ကို စစ်အုပ်စုက အတင်းအဓမ္မရိုက်နှက်ပြီး ဖမ်းဆီးခဲ့ပါသေးတယ်။

ဒါ့အပြင် စက်တင်ဘာလ ၃ ရက်နေ့က စလင်းမြို့နယ်၊ ဆင်ကျုံးကျေးရွာကနေ ဖမ်းဆီးခံရသူ ၂ ယောက်အတွက်လည်း စစ်အုပ်စုက မိသားစုတွေထံ ငွေကျပ်သိန်း ၇၀အထိ တောင်းခံခဲ့တယ် သိရပါတယ်။

ဒီဖြစ်စဥ်တွေအပြင် စက်တင်ဘာလ ၄ရက်၊ မနေ့ကမနက်ပိုင်းမှာလည်း ချောက်မြို့ပေါ်က ကိုရီးယားသင်တန်းကျောင်းတစ်ခုကို စစ်အုပ်စုအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး သင်တန်းတက်ရောက်နေတဲ့ ကျောင်းသား ၁၃ယောက်ကို ပေါ်တာအဖြစ် ဖမ်းဆီးသွားခဲ့ပါသေးတယ်။

ပေါ်တာဆွဲခံရသူတွေထဲ စလင်းမြို့နယ် ရေပေါ်ကျွန်းနဲ့ လက်ပံကျွန်းရွာနေ ကျောင်းသား ၆ယောက်လည်း ပါဝင်ကြောင်း ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“တချို့ကျောင်းသားတွေက ငွေနဲ့ပြန်ရွေးတယ်။ မပေးနိုင်တဲ့သူတွေတော့ အချုပ်ထဲမှာပဲလို့ သိရတယ်ဗျ။ ချောက်မြို့ပေါ်မှာ အခုလို ပေါ်တာတွေမဆွဲခင် ရက်ပိုင်းအလိုက မကြာခင် စခတွ ချောက်မြို့ပေါ်မှာ ပေါ်တာတွေဆွဲမယ်။ အိမ်တွေထဲဝင်ဖမ်းမယ်။ ကျောင်းသားတွေပါမချန် ပေါ်တာဆွဲမယ်လို့ သတိပေးဖူးတယ်။ တပ်တွင်းဖရဲသီးက သတင်းပေးလို့ ကျနော်တို့ ဖေ့စ်ဘုတ်ကနေ အသိပေးတာပါ။ အဲ့လိုတင်သတိပေးပြီး နောက်နေ့ပဲ ပေါ်တာတွေဆွဲတာပါ” လို့ ပြည်သူ့ညီနောင်-စလင်းတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောခဲ့ပါတယ်။

0 Shares:
You May Also Like
Read More

PNLA ဌာနချုပ် ဧရိယာကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ် ၂ လုံး ပျက်စီး

ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မောက်မယ်မြို့နယ်က PNLA ဌာနချုပ် ဧရိယာနဲ့ နောင်ထောင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၂ လုံး ပျက်စီးခဲ့တယ်လို့ PNLA က သတင်းထုတ်ပြန်ထားပါတယ်။
Read More

သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ စစ်တပ်၏ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်၊ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ဝင်ပေါက်ရှိ အကြမ်းဖက်စစ်တပ်ရဲ့ ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၁ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရာမညမွန်တပ်တော် (RMA) က မနေ့က ထုတ်ပြန်ပါတယ်။
Read More

ကလေး-ဂန့်ဂေါ လမ်းပိုင်းရှိ စစ်ကောင်စီစခန်းတွေ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ CDF-KKG Major Operation ကို ABSDF တရားဝင်ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်မှာ Chinland Defense Force - Kalay, Kabaw, Gangaw (CDF-KKG) က Major Operation အဖြစ် ပြုလုပ်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေမှာ မဟာမိတ်ဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA) ကွပ်ကဲမှုနဲ့ ကျောင်းသားတပ်မတော် - ABSDF စစ်ကြောင်း(၃) က မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
Read More

တမူးမြို့နယ်အတွင်း ထိုးစစ်ဆင်တိုက်ခိုက်လာသော စစ်အုပ်စု တိုက်ခိုက်ခံရ၊ စစ်အုပ်စုအဖွဲ့ဝင် အလောင်း ၆ ‌လောင်းနှင့် သေနတ် ၉ လက် သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်၊ နန်မွန်းတားရွာကို စစ်ကြောင်းထိုးတိုက်ခိုက်လာတဲ့ ခလရ-၂၂၈ နဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား (၈၀) ခန့်ရှိတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ၊ စစ်အုပ်စုဖက်မှ ၆ ဦးသေဆုံးပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လက်နက် (၉) လက် နှင့် ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသက ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
Read More

စစ်ကောင်စီလက်အောက်ခံ အနက်ရောင် သေမင်းတမန်အဖွဲ့ ပြည်သူ ၂ ဦးကို ထပ်မံသတ်ဖြတ်

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ရှားစေဘိုးကျေးရွာထိပ်မှာ ပြည်သူ ၂ယောက်ရဲ့ သတ်ဖြတ်ခံထားရတဲ့အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
Read More

ပုသိမ်-မုံရွာလမ်းပေါ် က ၃ မိုင်ဂိတ်အနီးမှာ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ၁၀ ယောက်သေဆုံးဟုဆို…

မကွေးတိုင်း ၊ မင်းဘူးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပေါ်က ၃မိုင်ဂိတ်အနီးမှာ စစ်ကြောင်းထွက်လာတဲ့အကြမ်းဖက်စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေထိတွေ့မှုဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် - ၆ တပ်ရင်းတာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။