ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်း စစ်အုပ်စုထံ သတင်းမပေးဖို့ သတိပေးခဲ့ပေမယ့် ဆက်လက်လုပ်ဆောင်နေတဲ့ ပျူစောထီးတစ်ယောက်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ထံက သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၇ ရက် မနက် ၇နာရီလောက်မှာ စဥ့်ကူးရွာသားဖြစ်တဲ့ ပျူစောထီး မျိုးမင်းသူ ဆိုင်ကယ်နဲ့ထွက်လာချိန် အင်ပင်လှရွာနားအရောက်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

“သူ ပျူစောထီးစလုပ်တာ ၂၀၂၄ လောက်မှာ ပြောရမယ်။ သူ့ကြောင့် အဖမ်းခံရသူ ၁၀ ဦးထက် မနည်းဘူး။ သူတစ်ယောက်တည်းလာတာကို စောင့်ပြီး ရှင်းလိုက်တာပါ။ သူလာမှာကို သတင်းရလို့ စောင့်ခဲ့တာပါ” လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပစ်ခတ်ရှင်းလင်းခံရသည့် ပျူစောထီး မျိုးမင်းသူ

အဆိုပါ မစ်ရှင်ဖော်ဆောင်မှုကို အင်တာနက်လိုင်းအခြေအနေကြောင့် အခုမှ ထုတ်ပြန်ရတာဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောဆိုထားပါတယ်။ သေဆုံးသူ ပျူစောထီး မျိုးမင်းသူကို ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလတုန်းကလည်း သွားရောက်ဖမ်းဆီးကာ ဒီလိုလုပ်ရပ်မျိုး မလုပ်ဖို့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့နှစ် ၁၁လပိုင်းမှာ သူ့ကိုဖမ်းပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဒုက္ခမပေးဘဲ ငြိမ်ငြိမ်နေဖို့ သတိပေးပါတယ်။ အဲ့တုန်းကတော့ သူ နောက်မလုပ်ပါဘူးဆိုပြီး ကတိပေးပြီးမှ ပိုဆိုးလာတာမို့ ရှင်းရတာပါ” လို့ အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအပေါ် ဒုက္ခပေးနေတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ သူတို့ရဲ့ ထောက်တိုင်တွေကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တာကြောင့် သူတို့တွေနဲ့ ဝေးဝေးနေထိုင်ကြဖို့လည်း ပြည်သူတွေကို အသိပေးထားပါတယ်။

သိမ်းဆည်းရရှိသည့် ဆိုင်ကယ်
0 Shares:
You May Also Like
Read More

“Stop the Killing, Start the Healing” စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

ရန်ကုန်မြို့တစ်နေရာမှာ "Stop the Killing, Start the Healing" စာသားပါ ဘန်နာချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
Read More

အကြမ်းဖက်စစ်တပ် ဒရုန်းနဲ့ jumper တွေ အသုံးများလာတာကြောင့် တော်လှန်ရေးတပ်တွေ ပိုမိုသတိထားဖို့နဲ့ ပိုမိုအားဖြည့်ကူညီပေးကြဖို့ လိုအပ်လာနေ

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ မြေပြင်မှာ အမြဲလိုလို စစ်ရေးရှုံးနိမ့်နေတာကြောင့် လေကြောင်းတိုက်ခိုက်မှုကို အဆက်မပြတ် အသုံးပြုနေတဲ့အပြင် ဒရုန်းတွေ jumper တွေလည်း ပိုမိုအသုံးပြုလာတာကြောင့် မပေါ့ဆကြဖို့နဲ့ အထူးဂရုစိုက်ကြဖို့ ဒရုန်းတီထွင် ထုတ်လုပ်နေတဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့…
Read More

နတ်ရေကန်ဗျူဟာစခန်းမှ ထွက်ပြေးနေသည့် စစ်ကော်မရှင်တပ်သားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိဟု AA ထုတ်ပြန်၊ အလင်းဝင်လက်နက်ချသူများလည်း ရှိဟု ဆို

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်ဗျူဟာကုန်းကနေ ကစဥ့်ကလျား ထွက်ပြေးနေတဲ့ အကြမ်းဖက်စစ်ကော်မရှင်တပ်သားတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိတာတွေရှိပြီး အလင်းဝင် လက်နက်ချသူတွေလည်း ရှိတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

မန္တလေးက စစ်အုပ်စု၏ လပခ ကို ရှော့တိုက်ဒုံးတွေနဲ့ BWM အဖွဲ့ ပစ်ခတ်တိုက်ခိုက်…

“ပစ်လိုက်တဲ့ ၂ လုံးစလုံးက လပခအတွင်းကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ထိခိုက်မှုကတော့ အသင့်တင့်ရှိနိုင်ပါတယ်၊ မင်းအောင်လှိုင်ကိုတော့ အချိန်မှီ ခြိမ်းခြောက်နိုင်ခဲ့တာပေါ့” လို့ BWM အဖွဲ့က တာဝန်ရှိသူတစ်ယောက်က မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ထံမှ အလင်းဝင်သူနှင့် လက်နက်ချ စစ်သုံ့ပန်း အယောက် ၁၈၀၀ ရှိပြီဟု ပြည်သူ့ပန်းတိုင် ထုတ်ပြန်

နိုင်ငံတဝန်း ဩဂုတ်လ ဒုတိယပတ်အတွင်း အကြမ်းဖက်စစ်ကော်မရှင်တပ်ကနေ အလင်းဝင်လာသူ ၁၄ ယောက်နဲ့ ​စစ်သုံ့ပန်း ၅ ယောက် ရှိတယ်လို့ ပြည်သူ့ပန်းတိုင်က မနေ့က ထုတ်ပြန်ပါတယ်။
Read More

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်နေ၊ ပြည်သူများ စစ်ကောင်စီတပ်နှင့် ဝေးဝေးနေဖို့ သတိပေးထုတ်ပြန်…

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ ဝေးဝေးနေကြဖို့ မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၁) က သတိပေးထုတ်ပြန်ထားပါတယ်။