ထိုင်း-မြန်မာနယ်စပ်တလျှောက်က ဒုက္ခသည်စခန်း ၇ ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၇ သိန်းအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုရရှိစေရေး ထိုင်းအစိုးရရဲ့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဘတ် သန်း ၁၆၀ ခွဲဝေချထားဖို့ စီစဉ်နေကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဒုတိယသက်တမ်းစတင်ချိန်ကစလို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ရပ်တန့်ကြောင်း ထရမ့်က ကြေညာခဲ့ပြီးနောက် နိုင်ငံတကာအလှူရှင်တွေရဲ့ အလှူငွေအပေါ် ရေရှည်မှီခိုနေခဲ့တဲ့ ဒုက္ခသည်စခန်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။

ဒါကြောင့် ငွေကြေးအလုံအလောက်မရှိရင် ရောဂါကူးစက်ပြန့်ပွားလာနိုင်တယ်လို့ ထိုင်းအစိုးရအနေနဲ့ သုံးသပ်ပြီး အခုလို လုပ်ဆောင်ထားတာလို့ ဆိုပါတယ်။

ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတခုအနေနဲ့ ထိုင်းဟာ ပဋိပက္ခကြောင့် ထွက်ပြေးလာရတဲ့ မြန်မာဒုက္ခသည်တွေကို ခိုလှုံဖို့ရာနေရာပေးဖို့အပြင် စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှု နည်းပါးခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ ရောဂါပျံ့နှံ့မှုကို တားဆီးကာကွယ်ဖို့လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။



ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ အဆိုပါပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ဘတ်ငွေ သန်း ၁၆၀ ရရှိဖို့ အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်ရယူသွားမှာဖြစ်ကြောင်း၊ ဒုက္ခသည်တွေအတွက် ရေရှည်တည်တံ့တဲ့ မူဝါဒတွေ ချမှတ်နိုင်ရေး ပြည်ထဲရေးဝန်ကြီးဌာနနဲ့ အမျိုးသားလုံခြုံရေးကောင်စီရုံး အပါအဝင် နိုင်ငံတော်အေဂျင်စီတွေနဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွန်စက်သပ်စူတင်က ပြောပါတယ်။

ဒုက္ခသည်တွေကို စခန်းပြင်ပမှာ အလုပ်လုပ်ခွင့်ပြုခြင်းဖြင့်လည်း သူတို့ရဲ့ လူမှုဖူလုံရေးရန်ပုံငွေမှာ ထည့်ဝင်စေပြီး ကျန်းမာရေးစောင့်ရှောက်မှု ရယူနိုင်မှာဖြစ်ကြောင်း၊ စခန်းတွေမှာ နေထိုင်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ တနှစ်ကို ဘတ်ငွေ ၁၉ သန်း အသုံးပြုပြီး မြန်မာပြည်က ဆေးဝန်ထမ်း ၂၉၆ ယောက် ငှားရမ်းဖို့လည်း စီစဉ်ထားကြောင်း မစ္စတာဆွန်စက်က ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သား ၄ သန်းအနက် ၄၂.၁% ဟာ လူမှုဖူလုံရေးအစီအစဉ်မှာ ပါဝင်ပြီးဖြစ်ပေမယ့် ၂၂.၆% ကတော့ ဘာကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်မှ ရယူထားခြင်းမရှိကြောင်း သိရပါတယ်။

မူရင်းသတင်း – Somsak eyes health boost for Myanmar refugees

0 Shares:
You May Also Like
Read More

ဒါရိုက်တာ သည်မော်နိုင်ရဲ့ MA Cry of silence ရုပ်ရှင်ကား ဘူဆန်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိ

မြန်မာ့နိုင်ငံရေး ပဋိပက္ခတွေကြားက အထည်ချုပ်စက်ရုံ အလုပ်သမ ၁ ယောက်ရဲ့ဘဝအခြေအနေတွေကို ရိုက်ကူးထားတဲ့ ဒါရိုက်တာ သည်မော်နိုင် ရဲ့ MA Cry of silence ရုပ်ရှင်ကားဟာ ဘူဆန် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ New Currents Award ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

မြန်မာ့လူ့အခွင့်အရေးပြဿနာကို နိုင်ငံရေးအသွင်ပြောင်းတာတွေ ကန့်ကွက်ကြောင်း တရုတ် ပြော

မြန်မာပြည်ရဲ့ လူ့အခွင့်အရေးပြဿနာတွေကို နိုင်ငံရေးအသွင်ပြောင်းတာတွေအပေါ် ကန့်ကွက်တယ်လို့ တရုတ်အရာရှိတစ်ယောက်က အင်္ဂါနေ့မှာ ပြောဆိုကြောင်း တရုတ်အစိုးရပိုင် Xinhua သတင်းက ဖော်ပြပါတယ်။
Read More

မြန်မာ့အရေးကို သတိကြီးကြီးထား ချဉ်းကပ်နေတယ်လို့ အာဆီယံဥက္ကဋ္ဌ ပြော

မြန်မာပြည်မှာ ငြိမ်းချမ်းရေးရဖို့ အရေးကြီးတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေး သတိကြီးကြီးထားပြီး တဖြည်းဖြည်း လုပ်ဆောင်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟန်က ဇန်နဝါရီလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပါတယ်။
Read More

NUG နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒုအထွေထွေအတွင်းရေးမှူး တွေ့ဆုံ၊ ဥရောပသမဂ္ဂက မြန်မာပြည်သူများနှင့် တသားတည်းရှိကြောင်း ပြောကြား

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဥရောပသမဂ္ဂ နိုင်ငံရေးရာ ဒု-အထွေထွေအတွင်းရေးမှူး H.E. Olof Skoog ကို စက်တင်ဘာလ (၁) ရက်မှာ တွေ့ဆုံခဲ့တယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

ချင်းမိုင်မှာ KNU ထံ ပို့ဆောင်မည့် လက်နက်များ ဖမ်းဆီးရမိဟု ဆို

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပို့ဆောင်မယ့် စစ်လက်နက် ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေမှာ သတင်းဖော်ပြလာပါတယ်။
Read More

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကိစ္စ အပြည်ပြည်ဆိုင်ရာတရားရုံးက ဇန်နဝါရီလမှာကြားနာမည်

ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စွဲဆိုထားထားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်ကနေ ၂၉ ရက်အထိ ကြားနာစစ်ဆေးသွားမယ်လို့ ဒီဇင်ဘာလ ၁၉ ရက် သောကြာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီတရားစွဲဆိုမှုဟာ ဆယ်စုနှစ်တခုကျော်အတွင်း ICJ က စံနှုန်းပိုင်းဆိုင်ရာ ပထမဆုံးအကြိမ် ကြားနာမဲ့ လူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်တာကြောင့် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးအပေါ် တောင်အာဖရိကက တရားစွဲဆိုထားတဲ့ အမှုအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်တဲ့ စံနမူနာတွေ ဖြစ်လာဖွယ်ရှိပါတယ်။