မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက် စစ်ကောင်မရှင်က Y 12 လေယာဥ်၊ ကာမီကာဇေဒရုန်းတွေကို အသုံးပြုပြီး အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က မနေ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ (၃)ရက် မနေ့က နေ့လည်(၂)နာရီမှာ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို အကြမ်းဖက်စစ်အုပ်စုက Y-12 လေယာဉ်နဲ့ အသေခံဒရုန်းတွေ အသုံးပြုပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း Y-12 လေယာဥ်က ဗုံးအလုံးရေ (၅၀)ဝန်းကျင်ခန့် ကြဲချခဲ့ပြီး အချို့မှာ ဆည်တော်ကြီး တတမံအနီးတစ်ဝိုက် ကျရောက်ပေါက်ကွဲခဲ့သလို အချို့မှာ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထရန်စဖော်မာ(၃)လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံဟာ ပုသိမ်ကြီးမြို့နယ် ၊ မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့အတွက် လျှပ်စစ်မီးရရှိစေဖို့ အဓိကကျတဲ့ ဓာတ်အားပေးစက်ရုံတစ်ခုလည်း ဖြစ်ပါတယ်။

0 Shares:
You May Also Like
Read More

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်ဘဲ ပြေလည်ရေး လမ်းစမရှိဘူးလို့ NLD ထုတ်ပြန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ရေးဆွဲထားတဲ့ အသွင်ကူးပြောင်းရေးကာလ အခြေခံဥပဒေ (တတိယမူကြမ်း)အတွက် မိတ်ဖက်တိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ ဆက်တိုက်လုပ်ဆောင်တော့မယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။ 
Read More

ဘီးလင်းမှာ ညသန်းခေါင်အချိန် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၅ ဦး ဒဏ်ရာရပြီး နေအိမ် ၉ လုံး ပျက်စီး

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက ညသန်းခေါင်အချိန်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား (၅) ယောက် ဒဏ်ရာရပြီး နေအိမ် (၉) လုံးပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်အရုံး - KNU (ဗဟို) က ထုတ်ပြန်ထားပါတယ်။
Read More

ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ရဲ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ (ဓာတ်ပုံသတင်း)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် ပုတီးတစ်လုံးပြောက်ကျားတပ်ဖွဲ့ (သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ) က အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၁) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ ၂၆ ရက်မှာ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC က ဖမ်း၀ရမ်းထုတ် ချက်ချင်းအရေးယူဆောင်ရွက်ချိန်တန်ပြီလို့ KHRW က တိုက်တွန်းတောင်းဆို

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို  နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ် ချက်ချင်း အရေးယူဆောင် ရွက်ရန်အချိန်တန်ပြီဖြစ်ကြောင်း  ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က အသိပေးထုတ်ပြန်ပါတယ်။  
Read More

အာဆီယံဟာ မြန်မာ့အရေးကို ဖြေရှင်းပေးခြင်းထက် စစ်အုပ်စုကို အကာအကွယ်ပေးနေတယ်လို့ Blood Money က ထုတ်ပြန်

အာဆီယံက မြန်မာအရေးမှာ ကူညီပေးခြင်းမဟုတ်ဘဲ စစ်အုပ်စုကိုသာ အကာအကွယ်ပေးနေတယ်လို့ Blood Money က ပြောကြားလိုက်ပါတယ်။
Read More

တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များတိုက်ပွဲဖြစ်၊ အကြမ်းဖက်စစ်သား ၅ ဦးထက်မနည်း သေပြီး ခဲယမ်းများရရှိ

ပဲခူးနဲ့ ကရင်ပြည်နယ်အစပ် တောင်ငူ-လိပ်သိုလမ်းပိုင်းမှာ ရိက္ခာပို့ပြီးပြန်လာတဲ့ အကြမ်းဖက်စစ်ကားတွေကို စောင့်ကြိုတိုက်ခိုက်ရင်း လုံခြုံရေးယူစစ်ကောင်စီတပ်သားတွေနဲ့ပါ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။