အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကို ပယ်ချဖို့ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အာဆီယံခေါင်း ဆောင်တွေထံ စက်တင်ဘာ ၃ ရက် မနေ့က စာတစောင်ပေးပို့ပြီး အရေးတကြီး တောင်းဆိုလိုက်ကြောင်း တရားမဝင်အတု အယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး-Anti-illegal Sham Election က ထုတ်ပြန်ထားပါတယ်။

အာဆီယံကို ပေးပို့တဲ့ စာထဲမှာ အာဆီယံအနေနဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိကြောင်း အများပြည်သူ သိရှိအောင် ကြိုတင်ကြေညာဖို့၊ စစ်အုပ်စု ရွေးကောက်ပွဲအတွက် နည်းပညာ၊ ငွေကြေးနဲ့ အကူအညီ တစုံတရာ မပေးဖို့အပြင် လေ့လာသူတွေ စေလွှတ်ခြင်း မပြုဖို့ ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။

စစ်ကော်မရှင်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထား အရေးယူမယ့် အရိပ်အယောင်ပြသမှုဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ တိုင်းရင်းသားတော် လှန်ရေးလက်နက်ကိုင်အဖွဲ့ (EROs) တွေနဲ့ အခြား ဒီမိုကရေစီအင်အားစုတွေကို အသိအမှတ်ပြုပြီး ဆက်သွယ်ဆောင်ရွက်ဖို့လည်း အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

စစ်ကော်မရှင်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ တရားဝင်မှုလုံးဝမရှိဘဲ နိုင်ငံရေးပြိုင်ဘက်တွေ၊ ထောင်ထဲရှိဆဲဖြစ်သလို လွတ်လပ်တဲ့ မီဒီယာတွေ ပိတ်သိမ်းခံထားရဆဲဖြစ်ပြီး ဒီမိုကရေစီပါတီတွေလည်း တားမြစ်ခံထားရဆဲဖြစ်တာကြောင့် မြန်မာပြည်သူအများစုက အဆိုပါရွေးကောက်ပွဲကို အလေးမထား ပယ်ချထားတယ်လို့ ဆိုပါတယ်။

အဆိုပါ ရွေးကောက်ပွဲဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ချက်နဲ့လည်း ဆန့်ကျင်ပြီး အကျပ်အတည်းကို ပိုမိုဆိုးရွားစေမှာဖြစ်သလို မြန်မာ့ပဋိပက္ခဟာ ဒေသတွင်း လုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် အာဆီယံအနေနဲ့ ရဲရဲတင်းတင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့လည်း အရပ်ဖက်အဖွဲ့တွေက ထောက်ပြထားပါတယ်။

0 Shares:
You May Also Like
Read More

မင်းလှတွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အငြိမ်းစား ကျောင်းဆရာမကြီး သေဆုံး

ပဲခူးတိုင်း၊ မင်းလှမြို့နယ်က ဖားလေးကွင်း (မြောက်စု) ကျေးရွာကို လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် ၈၀ ကျော်အရွယ် အငြိမ်းစား ကျောင်းဆရာမကြီး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

ရခိုင်နှင့် ကယားပြည်နယ်ဘက် လှည့်ပတ်တာဝန်ကျနေ​သည့် ပြည်သူ့စစ် ၂ ဦး မုံရွာခရိုင် တပ်ရင်း (၁) ထံ ထွက်ပြေးခိုလှုံလာ

အညာဒေသကနေ ပေါ်တာဆွဲဖမ်းဆီးခံရပြီး ရခိုင်နဲ့ ကယား စစ်​မျက်နှာတွေဆီ ပို့ဆောင်ခံရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်၂ယောက် တပ်ရင်းထံ ထွက်ပြေးခိုလှုံလာကြောင်း မုံရွာခရိုင် အမှတ် (၁) တပ်ရင်း၊ တပ်ရေးဗိုလ်က မောင်းကို ပြောပါတယ်။
Read More

ကနီတွင် ကင်းလှည့်လာသည့် စစ်အုပ်စုမြို့စောင့်တပ် စောင့်ကြိုတိုက်ခိုက်ခံရပြီး ၇ ဦး သေ၊ သေနတ် ၂ လက် ရရှိ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်မှာ ကင်းလှည့်ထွက်လာတဲ့ စစ်အုပ်စုမြို့စောင့်တပ်ကို စောင့်ကြိုတိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၇ ယောက် သေဆုံးပြီး သေနတ်၂ လက် ရရှိခဲ့တယ်လို့ KLG PDF - ကျောက်လုံးကြီး တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

တော်လှန်ရေးအင်အားစုများ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီဟု စစ်ကိုင်း PDF ထုတ်ပြန်

မကြာခင်လပိုင်းလောက်မှာ အကြမ်းဖက်စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြုလုပ်တော့မှာဖြစ်ပြီး ပြည်သူလူထုအနေနဲ့ အဆိုပါရွေးကောက်ပွဲအတုကို အကောင်းဆုံး ကျော်ဖြတ်နိုင်လိမ့်မယ်လို့ စစ်ကိုင်း PDF က ဆိုပါတယ်။
Read More

စစ်ကော်မရှင်ကားကို နွားထိုးကြီး PDF ပြောက်ကျားတိုက်ခိုက်၊ စစ်သား ၃ ဦး သေပြီး ၂ ဦး ထွက်ပြေးသွား

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စီးနင်းလာတဲ့ ကား ၁ စီး ပြောက်ကျားတိုက်ခိုက်ခံရပြီး စစ်သား ၃ ယောက် သေဆုံးကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း နွားထိုးကြီး PDF က သတင်းထုတ်ပြန်ထားပါတယ်။
Read More

တရုတ်က ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို အဖြူရောင်အနုပညာရှင်အဖြစ် နာမည်ခံထားသူတွေ ကြိုဆို

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်ခဲ့တဲ့ အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) အစည်းအဝေးပွဲတွေကနေ ပြန်လာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အနုပညာရှင်တချို့က ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။