ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်နှင့် မူးမြို့နယ်တို့အတွင်း အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူလူထုကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် (၄) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

မူးမြို့နယ်အတွင်း ဩဂုတ်လ (၃၁) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ ခမရ-၃၀၇ ရွှေဝါတပ်ရင်းက ဟောင်ဝစ်ဇာ လက်နက်ကြီး (၅) လုံးကို ပစ်ခတ်ခဲ့ရာ ရေလဲအနောက်ဖက်ကမ်းကျေးရွာတွင်းသို့ ကျရောက် ပေါက်ကွဲ ခဲ့တယ်လို့ ဆိုပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ (၇) ယောက် ထိခိုက်ဒဏ်ရာ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်အတွင်း ဩဂုတ်လ (၃၀) ရက်က အကြမ်းဖက်စစ်တပ် ခလရ-၂၆၄ က ကျောက်တံခါးမြို့ကနေ ညနေပိုင်းမှာ ဒရုန်းနဲ့ ကြိတ်ကွင်း ကျေးရွာအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်တပ်ရဲ့ သာယာကုန်း ဒရုန်းတပ်ဖွဲ့ကလည်း ကြိတ်ကွင်းကျေးရွာကို ဒရုန်းနဲ့ ၁၂၀ မမ ဗုံးသီးတစ်လုံး ထပ်မံလာရောက် ပစ်ခတ်ခဲ့ရာ နေအိမ် (၁) လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကရင်နီတွင် အပိုင်းအစများ ဖြစ်သွားသည့် စစ်ကောင်စီ၏ တိုက်လေယာဥ်

အကြမ်းဖက်စစ်ကောင်စီက ပျောက်ဆုံးကြောင်း ထုတ်ပြန်ထားတဲ့ တိုက်လေယာဉ်ကို ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်မှာ ပြန်လည်တွေ့ရှိခဲ့ပြီး အဲဒီလေယာဉ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပစ်ချနိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
Read More

လက်ပံတန်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် တိုက်ခိုက်ခံရပြီး ၄ ယောက် သေ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့ကနေ လက်ပံတန်းမြို့နယ်အပိုင် ရိုးမထဲ စစ်ကြောင်းထိုးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံက သိရပါတယ်။ 
Read More

အနုပညာကြေး လုံးဝမယူခဲ့တဲ့ ဖြူဖြူကျော်သိန်းရဲ့ ဒေါ်လာ တစ်သိန်းနီးပါး ရန်ပုံငွေရခဲ့တဲ့ လန်ဒန်က တစ်ကိုယ်တော်ဂီတဖျော်ဖြေပွဲ

လန်ဒန်မြို့မှာ ကျင်းပခဲ့တဲ့ အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ Phyu Phyu In London နွေဦးတော်လှန်ရေး တစ်ကိုယ်တော် ဂီတရန်ပုံငွေ ဖျော်ဖြေပွဲကနေ ရန်ပုံငွေဒေါ်လာ တစ်သိန်းခန့် ရရှိခဲ့တယ်လို့ သိရပါတယ်။
Read More

ဘုတလင်က စစ်ရှောင်ပြည်သူတွေကို ရွေ့လျားဆေးပေးခန်း (mobile clinic) နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်က ပြင်းထန်စွာ စစ်ကြောင်းထိုးမှုတွေကြောင့် ရှောင်တိမ်းနေထိုင်နေရတဲ့ စစ်ရှောင်ပြည်သူတွေကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော်က ရွေ့လျားဆေးပေးခန်း (mobile clinic) ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

မြိုင် ပကဖ အခြေခံ စစ်သင်တန်းဆင်းပွဲ

မြိုင်ပကဖ အခြေခံစစ်ပညာသင်တန်း အပတ်စဥ် (၄/၂၀၂၅) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၁၁ရက်နေ့က ဒေသတွင်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Read More

အင်းစိန် မြို့သစ် (ဂ) ရပ်ကွက်ရုံးကို မြို့ပြပြောက်ကျား၂ ဖွဲ့ လက်ပစ်ဗုံးများ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်မှာ လူငယ်တွေကို ပေါ်တာဆွဲရောင်းစားနေတဲ့ အကြမ်းဖက်စစ်ကော်မရှင် လက်အောက်ခံ မြို့သစ်(ဂ)ရပ်ကွက်ရုံးကို လက်ပစ်ဗုံးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Yangon Army အဖွဲ့က မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။