စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အပေါင်းအပါ ရှမ်းနီတပ် SNA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်းထံက သိရပါတယ်။

စက်တင်ဘာ ၃ ရက်၊ နေ့လယ် ၃ နာရီလောက်မှာ တော်လှန်းရေးတပ်ဖွဲ့ဝင်တွေရဲ့ ရှေ့တန်းစိုးမိုးနယ်မြေထဲရှိ  နားယကာကျေးရွာအနီးကို ရှမ်းနီအမျိုးသားများတပ်မတော် (SNA) က 4 wheel ကားနဲ့ ရောက်လာပြီး ပြောက်ကျားပစ်ခတ်မှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

SNA တပ်က အခုလိုလာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု (၁၀) မိနစ်ခန့်ကြာ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ SNA တပ်တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရှမ်းနီတပ် SNA ဘက်က ဒရုန်းနဲ့ ထပ်မံလာရောက်ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် ထိမှန်ဒဏ်ရာရရှိသွားပါသေးတယ်။

“ပြောက်ကျားပစ်တဲ့သဘောပေါ့နော်၊ သူတို့လာတာနဲ့ တခါတည်းလာပစ်တာ။ သူတို့လည်း မိန်းလမ်းမပေါ်မှာထိုင်ထားတာ ကျနော်တို့လည်း ထိုင်ထားတာ လမ်းကဖြူးတယ်။ ထိခိုက်သွားတဲ့ပြည်သူက ကျနော်တို့စိုးမိုးနယ်မြေထဲက ရွာသားတစ်ဦးပေါ့နော်။ သူတို့က ပြန်ဆုတ်သွားပြီးမှ ဒရုန်းနဲ့လာပြီး ကင်းထောက်ပြီးမှ ချသွားတဲ့သဘောပါ ” လို့ ကသာခရိုင် အမှတ် ၄ တပ်ရင်း တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ 

အဲဒီနေ့ တစ်ရက်တည်းမှာပဲ ဗန်းမောက်မြောက်ပိုင်း နဲ့ အနောက်ခြမ်းဒေသတွေမှာလည်း SNA တပ်က တချိန်တည်း ထိုးစစ်ဆင်လာတဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

မှော်ဘီလေတပ်စခန်းကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow တပ်ဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံရ

မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ဖို့ပြင်ဆင်နေတဲ့ Dark Shadow (ရန်ကုန် မြို့ပြပြောက်ကျားအဖွဲ့) အဖွဲ့ဝင် ၂ယောက် ဖမ်းဆီးခံလိုက်ရကြောင်း Dark Shadow အဖွဲ့က ထုတ်ပြန်ပါတယ်။
Read More

PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းနဲ့ စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ တိုက်ပွဲဖြစ်ပြီး ခဲယမ်းတွေ သိမ်းဆည်းရရှိ

ကရင်ပြည်နယ်၊ မြဝတီမြို့ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၅၅၊ စကခ ၁၂၊ တပ်မ ၄၄ အောင်ဇေယျစစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အာရှလမ်းမကြီးမှာ ထိတွေ့တိုက်ပွဲဖြစ်ရာ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
Read More

ငဖဲမှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိ

မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်တပ်က ၃ ယောက် သေပြီး သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်ရမိခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်ထားပါတယ်။
Read More

နေပြည်တော်ရှိ စစ်တပ်၏ ရတနာမြေအခြေပြု လုံခြုံရေးကင်းစခန်းကို PLA ဝင်ရောက်စီးနင်းရှင်းလင်း

နေပြည်တော်၊ ဥတ္တရသီရိ တပ်ကုန်းမြို့နယ်က အကြမ်းဖက်စစ်တပ်ရဲ့ ရတနာမြေအခြေပြု လုံခြုံရေး ကင်းစခန်းကို  ၂ ရက်ဆက် စီးနင်းတိုက်ခိုက် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရခိုင်ပြည်နယ်တွင် ဩဂုတ်လအတွင်း စစ်အုပ်စုကြောင့် ပြည်သူ (၁၆) ဦး သေဆုံးခဲ့ဟု AAPP ထုတ်ပြန်

ရခိုင်ပြည်နယ်မှာ ဩဂုတ်လအတွင်း အကြမ်းဖက်စစ်အုပ်စုကြောင့် အရပ်သားပြည်သူ (၁၆) ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
Read More

တောကျွဲအင်းမြို့  အကြမ်းဖက်စစ်တပ် စခန်းများအား PDF သိမ်းပိုက်ထား

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ဘေးမှာရှိတဲ့ တောကျွဲအင်းမြို့က အကြမ်းဖက်စစ်တပ်စခန်း အားလုံးကို သိမ်းပိုက်ထားတယ်လို့  တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ တပ်ရင်းတစ်ခုက မောင်းကို အတည်ပြု ပြောဆိုပါတယ်။