တအာင်းတပ် – TNLA ထိန်းချုပ်ရာ ကျောက်မဲမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta’ang Women’s Organization (TWO) က သတင်းထုတ်ပြန်ပါတယ်။

ဒီနေ့ စက်တင်ဘာလ ၄ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်အချိန်မှာ ကျောက်မဲမြို့နယ် ပန်ကွမ်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုမှာ စစ်တပ်က ရွာထိပ်ဘုန်းကြီးကျောင်းကို ရည်ရွယ်ကြဲချခဲ့ပေမယ့် ဘုန်းကြီးကျောင်းပေါ်ကို မကျဘဲ ဘုန်းကြီးကျောင်းအရှေ့က စေတီတွေရှိရာနေရာကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက မှတ်ချက်ပြုကြပါတယ်။

“ဒေသခံတွေပြောတာကတော့ ဘုန်းကြီးကျောင်းကို ဦးတည်တာပဲ… ဒါပေမယ့် ဗုံးက ဘုန်းကြီးကျောင်းရှေ့က စေတီတွေမှာ သွားကျတယ်။ စေတီတွေ ပျက်စီးပြီး ဘုန်းကြီးကျောင်းကတော့ မှန်တံခါးတွေကွဲတယ်။ လူထိခိုက်မှုလည်း မရှိဘူး။ ဘာလို့ဆိုတော့ ဘုန်းကြီးကျောင်းက ရွာထိပ်မှာဆိုတော့ လူမရှိတဲ့ နေရာဖြစ်တယ်။ ရွာနဲ့ဘုန်းကြီးကျောင်းက နဲနဲလှမ်းတာဖြစ်တယ်” လို့ TWO ရဲ့ သတင်းမှတ်တမ်းဌာန တာဝန်ခံက မောင်းကို ပြောပါတယ်။

အလားတူ နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာလည်း ပန်ကွမ်ကျေးရွာအုပ်စုအတွင်းက ပန်သပြေကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာတော့ ပန်သပြေကျေးရွာအုပ်စုအတွင်းကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ အမျိုးသမီး ၁ ယောက် ဗုံးစထိမှန် ဒဏ်ရာရခဲ့ပြီး နေအိမ် ၅ လုံးနဲ့ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

အထက်ပါ တာဝန်ခံကပဲ “ပန်သပြေရွာကိုကျတော့ ဂျက်ဖိုက်တာနဲ့လည်း ဗုံးကြဲပြီး သေနတ်နဲ့လည်း အပေါ်ကနေ ပစ်သွားတာလို့ သိရတယ်။ 0.5 ကျည် ထိတာတွေ တွေ့ရတယ်။ ကြဲတာက ရွာထိပ်မှာ ၃ လုံး၊ ရွာအောက်မှာ ၁လုံးပေါ်နော်။ ထိတဲ့ အမျိုးသမီးက သက်ကြီးပိုင်းဖြစ်နေပြီ၊ အသက် ၆၀ ကျော်ပေါ့နော်။ ခါးအပါ်ဘက် ကျောကုန်းနဲ့ ဝမ်းဗိုက်နေရာ ထိမှန်တာ။ မပြင်းထန်တော့ ရွာမှာပဲ ဆေးကုနေတယ် သိရတယ်” လို့ဆိုပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူက အသက် ၆၂ နှစ်အရွယ် ယာမယ်အွမ် ဖြစ်ပြီး နေအိမ်မှာ ရှိနေစဉ်မှာပဲ ဗုံးထိမှန်ခဲ့တာလို့ ကနဦးသိရပါတယ်။

ပန်ကွမ်ရွာနဲ့ ပန်သပြေရွာဟာ ရွာချင်းဆက် ချောင်းတခုသာခြားတဲ့ ရွာ ၂ ရွာဖြစ်ပြီး စစ်တပ်ဟာ ၂ ရွာလုံးကို တရက်တည်းမှာပဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် အခု ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘူးလို့ဆိုပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ နေရာဟာ ကျောက်မဲမြို့ရဲ့ အနောက်ဘက်ခြမ်းက နောင်တိမ်ရွာမှာ ဖြစ်ပြီး ပန်ကွမ်ကျေးရွာအုပ်စုက ကျောက်မဲမြို့ရဲ့ အရှေ့ဘက် ၂၄ မိုင်အကွာမှာ တည်ရှိတာဖြစ်တယ်လို့ သိရပါတယ်။

0 Shares:
You May Also Like
Read More

ကော့သောင်းခရိုင် ကျေးရွာတွေထဲ စစ်တပ် စစ်ကြောင်းထိုး မီးရှို့ပြီး အရပ်သားတွေကို အကြောင်းမဲ့ဖမ်းဆီးထား၊ စစ်တပ်လက်ပါးစေ အုပ်ကြီး ၁ယောက်ကို ကော့သောင်းပကဖ အိမ်ထဲအထိ ဝင်ရောက်ရှင်းလင်း

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်မှာ စစ်ကောင်စီက ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်မီးရှို့ကာ အရပ်သားတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေ ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စခန်းကြီးတိုက်ပွဲမှာ စစ်ကြောင်းမှူး အလောင်းအပါအဝင် ၈လောင်း ပြန်မရကြောင်း စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို တော်လှန်ရေးတပ်တွေ ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ စခန်းကြီးတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကြောင်းမှူး အောင်စိုးဦး (ခေါ်) ဗိုလ်ညောင်ဦး အပါအဝင် စစ်သားနဲ့ ပြည်သူ့စစ်အဖွဲ့ဝင် ၈ယောက်ရဲ့ အလောင်းတွေပြန်မရခဲ့ကြောင်းနဲ့ သေဆုံးဖမ်းဆီးခံရတဲ့စာရင်းတွေဖော်ပြထားတဲ့ စစ်ကောင်စီ လျှို့ဝှက်ရုံးစာကို ရရှိထားတယ်လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများ တာဝန်ရှိသူက မောင်းကိုပြောပါတယ်။
Read More

KNDF တပ်ရင်းအမှတ်(၂) ၏ နယ်မြေလုံခြုံရေးနှင့် စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်များ (ဓာတ်ပုံသတင်း)

ကရင်နီပြည်နယ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ်(၂) က နယ်မြေလုံခြုံရေးနဲ့ စစ်ရေးလှုပ်ရှားနေမှု မှတ်တမ်းပုံရိပ်တွေကို အဆိုပါတပ်ရင်းက ဒီနေ့မှာ ထုတ်ပြန်ဖော်ပြထားပါတယ်။
Read More

တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့

စစ်ကောင်စီက တစ်ပတ်အတွင်းမှာ တောင်ပိုင်းစစ်ဒေသထဲက အပြည့်မဲ့ပြည်သူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသကနေ သတင်းထုတ်ပြန်ထားပါတယ်။
Read More

ရွေးကောက်ပွဲအတု မဲပေးရန် နာရီပိုင်းအလိုတွင် ကမာရွတ် မြို့နယ်ရွေးကော်ရုံးအား ပြောက်ကျားတပ်ဖွဲ့များ မိုင်းခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်က စစ်အုပ်စုရဲ့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးကို ပြောက်ကျားတပ်ဖွဲ့ ၂ခုက ဒီဇင်ဘာလ ၂၈ရက် ဒီမနက်အစောပိုင်းမှာ ပြင်းအားမြင့်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
Read More

အရာတော်မြို့နယ်တွင် စစ်ကိုင်းအသံကို ထင်ဟပ်စေမည့် “ဒို့ဖက်ဒရယ်” နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ် (၆) ဖြန့်ဝေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ  ပြည်သူတွေနဲ့ ရဲဘော်တွေဆီ စစ်ကိုင်းဖိုရမ် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းအဖွဲ့က ဦးစီးထုတ်ဝေတဲ့ "ဒို့ဖက်ဒရယ်" နိုင်ငံရေးစာစဉ် အတွဲ (၁)၊ အမှတ်စဉ်(၆) ကို ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။