မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့နယ်၊ အမှတ် (၁) စစ်ဒေသကြီး၊ ခရိုင် ပကဖတပ်ဖွဲ့ (၅) ဧရာဒေါင်းတပ်ဖွဲ့က တပ်ဖွဲ့ဝင်တစ်ယောက် အကြမ်းဖက် စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းဖောက်ခွဲဖို့ ပြင်ဆင်ရင်း မိုင်း Error ဖြစ်ပြီး ကျဆုံးသွားခဲ့တယ်လို့ အဆိုပါ တပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၁ရက်နေ့ ညနေ ၃ နာရီလောက်မှာ ရဲဘော် မောင်မောင်ခန့် (ခ) AK မောင်ကြီးဟာ စစ်ကော်မရှင်စစ်ကြောင်းကို မိုင်းခွဲဖို့ လုပ်ဆောင်နေချိန် မိုင်းကို ကိုင်ထားရင်း ပေါက်ကွဲသွားတာကြောင့် ခန္ဓာကိုယ်အနှံ့ ထိခိုက်ဒဏ်ရာများစွာနဲ့ ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားခဲ့တဲ့ အသက် ၂၀ အရွယ် ရဲဘော် မောင်မောင်ခန့် (ခ) AK မောင်ကြီးရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေ ၆နာရီလောက်မှာပဲ သဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။ အရင်ကလည်း မိုင်း Error ကြောင့် ပေါက်ကွဲတာမျိုး ရှိခဲ့ပေမယ့် အခုလို သေဆုံးတာတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။

“ကတ်တောက်မိုင်းတွေ ထောင်နေရင်း Error တက်တာ၊ မိုင်းကိုကိုင်ပြီး အသက်သွင်းရတာဆိုတော့ လက်ထဲတင်ကွဲသွားတာ၊ အရင်ကလည်း တစ်ယောက်ဖြစ်ဖူးတယ်၊ အရင်ရဲဘော်ကတော့ ထိခိုက်ဒဏ်ရာရပေါ့ ဗျာ” လို့ ဧရာဒေါင်းတပ်ဖွဲ့ဝင် ကိုရှိန်းက မောင်းကို ပြောပါတယ်။

ဧရာဒေါင်းတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ သြဂုတ် ၉ ရက်နေ့ကလည်း အောင်သာရွာက ပျူစောထီးတွေကို လက်နက်ကြီး (၆၀) မမ ၈ လုံးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် စစ်အုပ်စုဘက်က ၃ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

ပေါက်ခေါင်းမှာ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

မိုးဗြဲမှာ စစ်မှုထမ်းဆင်း စစ်သား ၅ ယောက် လက်နက်နဲ့တကွ KNDF ဆီ အလင်းဝင်

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်သား ၅ ယောက် လက်နက်နဲ့အတူ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မိုးဗြဲဇုန်ဆီ အလင်းဝင် ခိုလှုံလာတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

အကြမ်းဖက်စစ်တပ်၏ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရသော အသက်မပြည့်သေးသူ (၁) ဦး အပါအဝင် (၅) ဦး KNLA ထံလက်နက်ချ

အကြမ်းဖက်စစ်တပ်ရဲ့ အတင်းအဓမ္မစစ်မှုထမ်း စေခိုင်းခံရတဲ့ အသက်မပြည့်သေးသူ ၁ ယောက် အပါအဝင် (၅) ယောက်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈ ဆီလက်နက်ချ ဘက်ပြောင်းခိုလှုံ ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Read More

သောင်ရင်းမြစ်ကမ်းဘေးက စစ်ဘေးရှောင်စခန်းတွေကို စားနပ်ရိက္ခာတွေ လှူဒါန်း

ကရင်ပြည်နယ် တပ်မဟာ ၆ နယ်မြေက စစ်ဘေးရှောင်စခန်းတွေကို ဘန်ကောက်အခြေစိုက် ပြည်ပရောက်မြန်မာ (PPYM) အဖွဲ့က ဆန်၊ ဆီဲ၊ ခေါက်ဆွဲခြောက်၊ ရေသန့်၊ အဝတ်အထည် စတာတွေ သွားရောက်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။ PPYM အဖွဲ့အနေနဲ့ စစ်ရှောင်စခန်း ၃ခုကို သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။
Read More

ဗန်းမော်မြို့နဲ့ အင်းတော်မြို့ အလုံးစုံ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းတိုက်ခိုက်နေသည်ဟု KIA ထုတ်ပြန်၊ ဗန်းမော်က အမြောက်တပ် ၃၆၆ တပ်ရင်း ၊ ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်ထား

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ ရက် မနေ့က ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။
Read More

ရွှေဘိုတွင် စစ်အုပ်စု ဘန်ကာကင်းတစ်ခုကို ပကဖတပ်များ သိမ်းပိုက်မီးရှို့၊ စစ်အုပ်စု ၂ ဦး သေပြီး လက်နက်တချို့လည်းရရှိ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်အုပ်စုတပ်စွဲထားရာ ဇီးကုန်းလေး ပျူစောထီးရွာကို ပြောက်ကျား ဝင်ရောက်တိုက်ခိုက်ရာ ၂ဖက်ထိခိုက်မှုသေဆုံးရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့နဲ့ ဘန်ကာကင်း၁ခုကို သိမ်းပိုက်မီးရှို့ နိုင်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။