မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း ခရီးသွားပြည်သူတွေထံ ဆက်ကြေးကောက်နေတဲ့ အကြမ်း ဖက်စစ်သားတွေကို တိုက်ခိုက်ခဲ့ရာ ၇ ယောက် သေဆုံးပြီး သေနတ် ၇ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ မြင်းခြံမြို့နယ်က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂ ရက်က မြင်းခြံမြို့နယ် ကုက္ကဲအထက်တန်းကျောင်းခွဲမှာ အထိုင်ချတပ်စွဲပြီး ခရီးသွားပြည်သူတွေထံက နေ့စဉ် ဆက်ကြေးကောက်နေတဲ့ အကြမ်းဖက်စစ်သားတွေကို အသင့် စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ အကြမ်းဖက်စစ်သား ၇ ယောက် သေဆုံးပြီး MA-3 ၆ လက်၊ ကျည်ဘောက် ၂၀၊ MA5 ၁ လက်၊ ၆၀မမ ၁ လက်၊ 5.56ကျည် ၉၀၄တောင့်၊ 9 မမကျည် ၅ တောင့်၊ 60 မမ ၃ ဖူး၊ အီနာဂါ ၂ဖူး၊ ဓား ၅ ချောင်း၊ လက်ပစ်ဗုံး ၂ လုံး၊ လေးခွ ၂ လက်၊ ဝက်အူလှည့် ၁ ချောင်း၊ ငွေသား ၁၄၉၂၀၀၀ ကျပ်၊ ဖုန်း ၇ လုံး၊ လက်ပတ်နာရီ ၂ လုံးနဲ့ စစ်အသုံးအဆောင်အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ တိုက်နယ်(၁) အနေနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့် လုယက် နှိပ်စက်နေတဲ့ စစ်တပ်ကို ဆက်လက်တိုက်ခိုက် သုတ်သင်ရှင်းလင်းသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

ဖားကန့်မြို့နယ်အတွင်း စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံး (ရုပ်/သံ)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ရာ ပြည်သူ ၃ ယောက်သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံက သိရပါတယ်။
Read More

Southern YSO PDF မှာ နတ်မိကျောင်း စစ်ဆင်ရေး စစ်ကြောင်း (၁) ရဲဘော်အယောက် ၃၀ အတွက် ကျည်ကာဝတ်စုံတပ်ဆင်ပေး (ရုပ်/သံ)

Southern YSO PDF မှာ ရှေ့တန်းရဲဘော်တွေရဲ့ အသက်လုံခြုံရေးအတွက် ရဲဘော်အယောက် ၃၀ စာ ကျည်ကာဝတ်စုံတွေ တပ်ဆင်ပေးခဲ့တယ်လို့ သိရပါတယ်။
Read More

နတ်မောက်မြို့နယ်အတွင်း ပျူစောထီးခေါင်းဆောင်နဲ့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ပိတောက်ငုတ်ရွာ ပျူစောထီးခေါင်းဆောင် ရွာအုပ်ကြီးတို့အဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ နတ်မောက် ပကဖ တပ်ခွဲထံက သိရပါတယ်။
Read More

ကျေးရွာ မီးရှို့ဖျက်ဆီးနေသည့် သီးလုံးပျူစောထီးများ၏ ကင်းစခန်းဘန်ကာအား RPG ဖြင့် ပြန်ထု (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ခြမ်း သီးလုံးပျူကင်းစခန်းဘန်ကာကို ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့ မနက်ပိုင်းမှာ RPG လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို လက်နက်ချဖို့ စည်းရုံးစဉ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ပျူ ၃ ယောက်သေ (ရုပ်/သံ)

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်းရှိ ပျူစောထီးတွေကို ဖေဖော်ဝါရီ ၂၇ ရက်က တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ချဖို့ သွားရောက်စည်းရုံးစဉ် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တဲ့အတွက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် -၄ တပ်ရင်းထံက သိရပါတယ်။
Read More

မာနယ်ပလောဒေသ ပြန်လည်ရရှိခြင်းအပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေး၏ ပြောကြားချက် (ရုပ်/သံ)

''ယနေ့ကျွန်တော်တို့ ဌာနချုပ်ကြီးကို ပြန်လည်ရယူတဲ့နေရာမှာ သွေးနဲ့ ချွေးနဲ့ အသက်နဲ့ ပေးဆပ်ရ တာ ဂုဏ်သိက္ခာနဲ့ ကမ္ဘာကျော်တဲ့ ဌာနချုပ်ကြီးကို ကျွန်တော်တို့ သမိုင်းမှတ်တိုင်အရ အကောင်းဆုံး ပြန်လည်ကာကွယ်နိုင်တဲ့ အခွင့်အလမ်းလက်ထဲ ပြန်ရောက်လာတယ်လို့ ကျွန်တော်တို့ ပြောချင်တယ်။ တိုင်းရင်းသားတော်လှန်ရေးအင်အားစုအားလုံးရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ဌာနချုပ်ဟောင်း ကြီးကို ပြန်လည်ရရှိတယ်လို့လည်း ပြောချင်ပါတယ်"