ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး-မူးကားလမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ရာ စစ်တပ်က ဒုတပ်ရင်းမှူး အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက် ခန့် ဒဏ်ရာရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ညပိုင်းမှာ တရားဝင်ထုတ်ပြန်ထားပါတယ်။

ကျောက်ကြီးမြို့နယ်ကနေ မူးမြို့နယ်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပိုင်းကို စက်တင်ဘာလ (၂) ရက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့က မြက်ရဲရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဒုတပ်ရင်းမှူး တစ်ယောက်နဲ့ တပ်ခွဲမှူး တစ်ယောက် အပါအဝင် (၆) ယောက် သေဆုံးပြီး (၁၆) ယောက်ခန့် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး လက်နက်ခဲယမ်း အများအပြားကိုလည်း တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက သိမ်းဆည်း ရရှိခဲ့တယ်လို့ KNU က ဆိုပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာတွေ၊ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးခဲ့ပေမယ့် ထိခိုက်သေဆုံးမှု အများအပြားနဲ့ တပ်ပြန် ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

ကျောက်ကြီး-မူးကားလမ်းပိုင်းကို အကြမ်းဖက်စစ်တပ်က ပြန်လည်ရယူရေးအတွက် လက်နက်ကြီးတွေနဲ့ နေ့စဥ် ပစ်ခတ်နေသလို မြေပြင်စစ်ကြောင်းတွေနဲ့ အဆက်မပြတ် ထိုးစစ်ဆင်နေတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်က လမ်းတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ KNU က ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်က ကျောက်ကြီး-မူးကားလမ်း တစ်လျှောက် လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကားလမ်းမဘေး တစ်လျှောက် ရှိ ကျေးရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပြီး မိုးတွင်းကာလဖြစ်တာကြောင့် ဘေးဒုက္ခ များစွာ ရင်ဆိုင်ကြုံတွေ့နေရသလို အရေးပေါ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မိခင်နေမကောင်းလို့ ဆေးထွက်ဝယ်ရင်း BGF ကားနဲ့ တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ယောက်ဟာ စစ်ဘေးရှောင်လာသူတွေဖြစ်နေ

ကရင်ပြည်နယ် မြဝတီမြို့မှာ အောက်တိုဘာ ၂၆ ရက်နေ့က နယ်ခြားစောင့်တပ် BGF ကားနဲ့တိုက်မိလို့ သေဆုံးခဲ့တဲ့ မောင်နှမ ၂ ယောက်ဟာ ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လာကြသူတွေဖြစ်တယ်လို့ မိသားစုဝင်တွေဆီက သိရပါတယ်။
Read More

ကျိုက်ဒုံနဲ့ နို့တကောမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့နဲ့ နို့တကောမြို့နယ်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းပစ်ခတ် တိုက်ခိုက်မှုကြောင့် အရပ်သူ အမျိုးသမီး (၁) ယောက် ထိမှန်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး - KNU (ဗဟို) က ထုတ်ပြန်ပါတယ်။
Read More

အာဏာသိမ်းစစ်အုပ်စု သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာကျင်းပခဲ့တဲ့ နေပြည်တော်မှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်

သင်္ကြန်ပွဲကိုပျော်ရွှင်စွာကျင်းပခဲ့တဲ့ မင်းအောင်လှိုင်နဲ့ အစိုးရဝန်ထမ်းတွေတည်ရှိရာ နေပြည်တော်ကို ဗဟိုပြုကာ သင်္ကြန်အကျနေ့ မနက်အစောပိုင်းမှာ အင်အားရစ်ချ်တာစကေး ၄.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ကထုတ်ပြန်ပါတယ်။
Read More

ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့ရဲ့ အရာရှိသင်တန်း အပတ်စဥ် (၁) နှင့် တပ်သားသင်တန်း အပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ အခမ်းအနား

ကရင်နီပြည်အခြေစိုက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF) အနေနဲ့ အရာရှိသင်တန်းအပတ်စဥ် (၁) နဲ့ တပ်သားသင်တန်းအပတ်စဥ် (၂၄) သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။
Read More

မင်းအောင်လှိုင်ကို ICC ဖမ်း၀ရမ်းထုတ်ရေး ပြည်တွင်းလှုပ်ရှားမှု (ဓာတ်ပုံသတင်း)

အင်းလေး အမျိုးသမီးသမဂ္ဂက ဦးဆောင်ကာ ပြည်သူတွေနဲ့အတူ အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်နိုင်ရေး လှုံ့ဆော်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
Read More

ကလေးမြို့နယ် ကြံသာကျေးရွာတိုက်ပွဲအတွင်း ရဲဘော် အောင်ကိုမင်း (ခ) အိုဘားမား ကျဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း ကြံသာကျေးရွာတိုက်ပွဲအတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၁ဦး ကျဆုံးခဲ့ကြောင်း Ranger Kalay Defense Force တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။