ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်ကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံတစ်ယောက် သေဆုံးခဲ့တယ်လို့ ရွှေတန်းမြေတပ်ဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၄ ရက် ဒီနေ့လယ် ၁၂ နာရီခွဲလောက်မှာ လက်ပံတန်းမြို့နယ်ရှိ ပြည်သူစစ်တွေက ထိတွေ့ပစ်ခတ်မှုမရှိဘဲ သရက်ချောင်းကျေးရွာထဲကို ဒရုန်းနဲ့ ဗုံးသီးလာရောက်ကြဲချခဲ့လို့ လူနေအိမ်ပေါ် တည့်တည့်ကျရောက်ပေါက်ကွဲကာ ဒေသခံ ကိုဇေယျာလင်း ဆိုသူ ထိမှန်သေဆုံးသွားတယ်လို့ ဆိုပါတယ်။

“သရက်ချောင်းကိုဒရုန်းကြဲတာ.. ၂လုံးချတယ်၊ တစ်လုံးက ရွာပြင်ကိုကျတယ်၊ တစ်လုံးက သေဆုံးသူ ကိုဇေယျာလင်းအိမ်ပေါ် တည့်တည့်ကျတယ်၊ အိမ်ကတော့ အမိုးတွေပွင့်သွားတယ်၊ အခြားထိခိုက်မှုကတော့ မသိရသေးဘူး” လို့ ရွှေတန်းမြေတပ်ဖွဲ့တာဝန်ခံက မောင်းကိုပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ကာကွယ်ရေးတပ်ဖွဲ့တွေ မရှိမှန်း‌သိပေမယ့် ပြည်သူတွေကို ထိခိုက်သေ‌ဆုံးစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို ဒရုန်းဗုံးသီးတွေ ကြဲချတိုက်ခိုက်တာမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

“ဘာစစ်ရေးအခြေအနေမှမဖြစ်ဘဲ ကြဲတာပါ၊ ပြည်သူတွေနေတဲ့ရွာဆိုတော့ အိမ်ပေါ်ကျတော့ အိမ်ထဲရှိတဲ့သူ ထိတာ။ အခုရဲဘော်တွေတော့ ကူညီပေးနေကြပါတယ်။ အခုလာကြဲတဲ့ရွာနဲ့ လက်ပံတန်း နဲ့က ၅ မိုင်လောက်ဝေးတာ” လို့ အထက်ပါ တာဝန်ခံက ဆက်ပြောပါတယ်။

သရက်ချောင်းရွာကို အရင်ကလည်း စစ်ကော်မရှင်တပ်က အခုလို ဒရုန်းနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပေမယ့် သေဆုံးသူတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

လက်ရှိမှာတော့ သရက်ချောင်းရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး တချို့ကတော့ ရွာထဲမှာပဲ ဆက်လက်နေထိုင်ကြဆဲဖြစ်တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်တပ်က မနေ့ကလည်း လက်ပံတန်းမြို့နယ် စီတုန်းရွာဘေးကို ဗုံးသီး လာရောက်ကြဲချခဲ့ပါသေးတယ်။

0 Shares:
You May Also Like
Read More

လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃ ယောက်သေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ လောင်းလုံးမြို့မရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းထဲက စစ်ကောင်စီတပ်သား ၃ယောက် သေဆုံးသွားတယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

မုံရွာ-မန္တလေးလမ်းမပေါ်ရှိ မုံရွေးတိုးဂိတ်စခန်းကို တော်လှန်ရေးတပ်များ ဝင်ရောက်သိမ်းပိုက်မှု စစ်အုပ်စု ၈ ဦး သေပြီး၊ လက်နက် ၅ လက် ရရှိ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်က အကြမ်းဖက်စစ်တပ်ရဲ့ မုံရွေးတိုးဂိတ် အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှုမှာ အကြမ်းဖက် စစ်သား ၈ ယောက် သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Budalin Defense Force (BDF) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
Read More

ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ်တံတားအနီးကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေ

မကွေးတိုင်း၊ ဆင်ဖြူကျွန်းမြို့နယ် နွယ်တမယ် တံတားအနီးကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်နေတာလို့လည်း သိရပါတယ်။
Read More

စလင်းမှ ဆင်ဖြူကျွန်းသို့ အင်အားလာဖြည့်သည့် စစ်ကောင်စီ သံပြားကာယာဉ် ၁ စီးကို ကြားဖြတ်တိုက်ခိုက်ရာ ၁ ဦး သေ

မကွေးတိုင်း၊ စလင်းမြို့ကနေ ဆင်ဖြူကျွန်းမြို့ကို အင်အားလာဖြည့်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၂၀ ခန့်ပါ သံပြားကာကား ၁ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ ယောက် သေဆုံးခဲ့တယ်လို့ ဗမာ့တပ်တော် (BAMAR ARMY) က ထုတ်ပြန်ပါတယ်။
Read More

၂၀၂၆ ခုနှစ်အစတွင် အဆင့်မြင့်ပညာကျောင်းနှင့် ဆေးတက္ကသိုလ်များကို ဖွင့်လှစ်ရန် စီစဉ်နေဟု ဒေါက်တာဇော်ဝေစိုးပြော

“အခုဆိုရင် မြေပြင်ပညာရေးဝန်ကြီးရုံး ၊ မြေပြင်ကျန်းမာရေးဝန်ကြီးရုံး ရှိပါတယ်။ တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ်။ ပညာရေးနဲ့ ကျန်းမာရေး အကောင်အထည်ဖော်မှုတွေကို မြေပြင်မှာရှိတဲ့ဆရာ၊ ဆရာမတွေ၊ မြေပြင်မှာရှိတဲ့ ပညာရေးဝန်ဆောင်မှုတွေကို ပေးနေတဲ့ တော်လှန်ရေးအစကတည်းက အခုချိန်ထိပေးနေတဲ့ CDM ဆရာ ၊ဆရာမတွေ အင်အားစုတွေ့နဲ့ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးအနေနဲ့ဆိုရင် CDM ကျန်းမာရေးစောင့်ရှောက်တဲ့သူတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တွေ့ဖြစ်တယ်.. တိုင်ပင်တယ်၊ ကျနော်တို့ရဲ့ လွတ်မြောက်ဒေသမှာရှိနေတဲ့ ပြည်သူတွေအတွက် အကောင်းဆုံးကျန်းမာရေး ၊ ပညာရေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့အတွက် တိုင်ပင်ဆွေးနွေးပြီး တည်ဆောက်မှုတွေ ပြုလုပ်နေပါတယ် ” လို့ ဒေါက်တာဇော်ဝေစိုးက ဆက်ပြောပါတယ်။
Read More

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကျပ်ငွေ (၉၁၈.၂၃) သန်းကို အကူအညီလိုအပ်နေသူတွေအတွက် ပံ့ပိုးနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ - NUG ၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း  အမှန်တကယ် အကူအညီလိုအပ်နေသူတွေကို ကျပ် (၉၁၈.၂၃) သန်း ပံ့ပိုးကူညီပေးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။