ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် ပန်ကွမ်အုပ်စု ပန်ကွမ်ကျေးရွာနဲ့ ပန်သပြေကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Ta’ang Women’s Organization က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲခန့်မှာ အကြမ်းဖက်စစ်တပ်က ပန်ကွမ်အုပ်စု ပန်ကွမ်းကျေးရွာကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ၁၂ နာရီခွဲဝန်းကျင်ခန့်မှာ ပန်သပြေကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ပန်ကွမ်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း အသက် (၁၄)နှစ်အရွယ် ကိုရင် တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပန်သပြေကျေးရွာက ဒေသခံ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးကြီးလည်း ဝမ်းဗိုက်နဲ့ ကျောကုန်းတွေမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၅ လုံး၊ စာသင်ကျောင်းနဲ့ စေတီ ၁ ဆူ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Video – Ta’ang Women’s Organization

0 Shares:
You May Also Like
Read More

ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့မှု (ရုပ်/သံ)

တနင်္သာရီမြို့နယ် ထုံမခါကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ မြိတ်က ထုတ်ပြန်လိုက်ပါတယ်။
Read More

ရေပုတ်ကြီးကျေးရွာအတွင်း စစ်ကောင်စီလက်အောက်ခံတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့မှု မှတ်တမ်း Young Force UG ထုတ်ပြန် (ရုပ်/သံ)

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာအတွင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၃ ယောက်သေခဲ့တဲ့ ရုပ်သံကို Young Force UG က ထုတ်ပြန်လိုက်ပါတယ်။
Read More

ယနေ့မန္တလေးမြို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူထိခိုက်မှုရှိ (ရုပ်/သံ)

ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရတဲ့ မန္တလေးမြို့မှာ ယနေ့ မေလ ၁၀ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာရွာပြီး မိုးသီးကြွေမှုနဲ့ အဆောက်အအုံအမိုးများ လွှင့်ကျမှုကြောင့် လူထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံများထံက သိရပါတယ်။
Read More

ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားများပါလာတဲ့ ကားကို တိုက်ခိုက်ပြီး အကျဥ်းသား ရဲဘော် ၁ ဦးကို PDF များ ကယ်ထုတ်နိုင်ခဲ့ (ရုပ်/သံ)

မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း နိုင်ငံရေးအကျဥ်းသားတွေ တင်ဆောင်လာတဲ့ ကား ၂ စီးကို စောင့်ကြိုတိုက်ခိုက်ပြီး အကျဥ်းသား တော်လှန်ရေး ရဲဘော် ၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချောက်မြို့နယ် ပကဖလက်ရုံးစစ်ကြောင်း တာဝန်ရှိသူထံက သိရပါတယ်။
Read More

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးကုတ်မြို့ ဒေသခံ ၅ ဦးထက်မနည်း သေဆုံးပြီး အယောက်၂၀ ခန့် ဒဏ်ရာရ (ရုပ်/သံ)

မန္တလေးတိုင်း၊ မိုးကုတ်မြို့ပေါ်ကို စစ်ကောင်စီရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၂ဝ ခန့် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
Read More

ဆုံရွာ ပျူခေါင်းဆောင်နေအိမ်နှင့် ကင်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက် (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ဆုံရွာပျူစောထီးခေါင်းဆောင်ရဲ့ နေအိမ်နဲ့ ကင်းဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ကြဲချတိုက်ခိုက်ခဲ့တယ်လို့  Youth Guerrilla Counter Revolution -NZ မှ သတင်းထုတ်ပြန်ထား ပါတယ်။