နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထောင်ချထားတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ ထိန်းချုပ်ထားတဲ့ နေ့စဥ်ထုတ်သတင်းစာတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မိန့်ခွန်းကို နေ့စဥ်နဲ့အမျှ ထည့်သွင်းဖော်ပြနေပါတယ်။

၁၉၄၇ ခုနှစ် မတ်လ ၁၃ ရက်က ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့တဲ့ အသံလွှင့် မိန့်ခွန်းကောက်နှုတ်ချက်ဆိုပြီးတော့ “ရွေးကောက်ပွဲ ဖျက်မယ်ဆိုတဲ့လူတွေကိုတော့ ကျုပ်တို့ အစိုးရကလဲ ဒီတိုင်း ကြည့်နေမှာ မဟုတ်ဘူး။ အပြင်းအထန် နှိပ်ကွပ်ရမှာပဲ။ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ယှဉ်ပြိုင် ရွေးကောက်တဲ့နေရာမှာတော့ ဘယ်သူ့ကိုမှ ကျုပ်တို့ အစိုးရက နှောင့်ယှက်မှာ မဟုတ်ဘူး။ သို့သော် ဖျက်လိုဖျက်ဆီး လုပ်တဲ့လူမှန်သမျှကိုတော့ အာဏာကုန် နှိမ်နင်းပစ်မှာပဲဆိုတာ ရှင်းရှင်းကြီး သတိပေးထားပါရစေ” လို့ အကြမ်းဖက်စစ်တပ်က ဒီရက်ပိုင်း ဆက်တိုက်ဆိုသလို ဖော်ပြနေတာ ဖြစ်ပါတယ်။

အဆိုပါ မိန့်ခွန်းဟာ တိုင်းပြည်လွတ်လပ်ရေးရရှိဖို့အတွက် ရွေးကောက်ပွဲမှာ မှန်ကန်တဲ့ အမတ်တွေကို ရွေးချယ်ဖို့၊ ပါဝင်ယှဉ်ပြိုင်မယ့် အမတ်လောင်းတွေအနေနဲ့ ပြည်သူကို မျက်နှာမူပြီး ပြည်သူအပေါ် သစ္စာစောင့်သိဖို့နဲ့ နိုင်ငံရေးသမားတွေအပါအဝင် လူငယ်တွေ စည်းလုံးညီညွတ်စေဖို့တို့ကို အလေးပေး ပြောကြားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းဖြစ်ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတွေကို အကြမ်းဖက်မှုတွေ ကျူးလွန်ဖို့အတွက် နိုင်ငံရေးအမြတ်ထုတ် အသုံးပြုနေတဲ့ အာဏာသိမ်းစစ်ကော်မရှင်ဟာ လက်ရှိမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုတွေကို နိုင်ငံတစ်ဝန်းမှာ အများပြည်သူပိုင်နေရာတွေကနေ ဆက်တိုက်ဆိုသလို ဖယ်ရှားတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်ရဲ့ အာဏာကို မတရားသိမ်းယူပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို လက်ရှိအချိန်ထိ ဖမ်းဆီးထိန်းသိမ်းကာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတာဖြစ်ပါတယ်။

အတုအယောင် ရွေးကောက်ပွဲရဲ့ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်မှာ နိုင်ငံတဝှမ်းလုံးရှိ မြို့နယ် ၃၃၀ အနက် ၁၀၂ မြို့နယ်မှာ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားတဲ့ စစ်အုပ်စုဟာ အနိမ့်ဆုံး ထောင်ဒဏ် ၃ နှစ်ကနေ အမြင့်ဆုံး သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေတစ်ရပ်ဆိုပြီးတော့လည်း ဇူလိုင် ၂၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

တော်လှန်ရေးရဲဘော်များကို စစ်သားထင်ပြီး ဧည့်ခံဖို့ပြင်နေရင်း ရာအိမ်မှူး ပစ်ခတ်ရှင်းလင်းခံရ

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းအုပ်စု၊ ရှမ်းကုန်းရွာက စစ်မှုထမ်းဟောင်းလည်းဖြစ်တဲ့ ရာအိမ်မှူး ဦးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ Black Tiger ပြောက်ကျားတပ်ဖွဲ့ထံက သိရပါတယ်။
Read More

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်ပွဲမဖြစ်ပွားဘဲ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။
Read More

လှိုင်သာယာ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင် ကျော်သူဝင်း(ခ) ရွှေမန်းဆိုသူ နဲ့ ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရပြီး အရေးပေါ်ကုသနေရကြောင်း Golden Valley  Warriors အဖွဲ့ထံက သိရပါတယ်။
Read More

နိုင်ငံရေးမှာ ရိုးသားဖို့လိုပြီး မရိုးသားခြင်းရဲ့ ရလဒ်ကို မိမိတို့နိုင်ငံ ခံစားနေရတယ်လို့ မင်းအောင်လှိုင် တပြန်ကြီးပြော

နိုင်ငံရေးမှာ ရိုးသားဖို့ လိုအပ်ပြီး ရိုးသားမှုမရှိခြင်းရဲ့ အကျိုးဆက်ကို လက်ရှိမိမိတို့နိုင်ငံမှာ မြင်တွေ့နေရပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
Read More

ခင်ဦးမြို့ပေါ် တိုက်ပွဲမှာ ရဲဘော် နွေဦး ကျဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ထိတွေမှု့ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့ရကြောင်း သိရပါတယ်။
Read More

ဝမ်းတွင်းတွင် တောင်ယာလုပ်သည့် အမျိုးသား ၂ဦးကို စစ်တပ် ပစ်သတ်ပြီး အလောင်းမြှုပ်၊ အလောင်းမြှုပ်ထားသည့် မြေပုံနား မိသားစုဝင်များကို ကပ်ခွင့်မပေး

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အကြမ်းဖက်စစ်တပ်က တောင်ယာလုပ်ငန်းလုပ်ကိုင်သူ ၂ ယောက်ကို ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့ကြောင်း၊ မိသားစုကိုပါ တွေ့ခွင့်မပေးကြောင်း Voice Of Wundwin အဖွဲ့တာဝန်ရှိသူက မောင်းကို ပြောပါတယ်။