တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ဒီနေ့ ပြုလုပ်ကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနဲ့ ဒုတိယကမ္ဘာစစ် အောင်နိုင်တဲ့ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားမှာ ဖက်ဆစ်အာဏာရှင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တွေနဲ့ ဖက်လှဲတကင်း တွေ့ဆုံခဲ့တဲ့ပုံရိပ်တွေကို နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။ 

အဆိုပါစစ်ရေးပြပွဲကို တက်ရောက်နေတဲ့ အာဏာရှင်မင်းအောင်လှိုင်ဟာ တရုတ်အာဏာရှင် ရှီကျင့်ဖျင်၊ ရုရှားအာဏာရှင် ဗလာဒီမာပူတင်နဲ့ မြောက်ကိုရီးယားအာဏာရှင် ကင်ဂျုံအန်တို့ကို လိုက်လံပြီးတော့ လက်ဆွဲနှုတ်ဆက်နေတာကို မြင်တွေ့ရပါတယ်။

ဒါ့အပြင် အကြမ်းဖက်မင်းအောင်လှိုင်ဟာ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံရဲ့ ဝန်ကြီးချုပ်၊ အင်ဒိုနီးရှားသမ္မတတို့ကိုအပါအဝင် အာဆီယံ ခေါင်းဆောင်အချို့ကိုလည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစစ်ရေးပြပွဲကို အာဏာရှင် မင်းအောင်လှိုင် တင်ရောက်ခဲ့တဲ့ ပုံရိပ်တွေကို စစ်အုပ်စု လက်ဝေခံ မီဒီယာတွေနဲ့ စစ်တပ်လော်ဘီတွေက လူမှုကွန်ရက်တွေမှာ ဝေဝေဆာဆာ ဖော်ပြနေတာကိုလည်း တွေ့ရပါတယ်။

0 Shares:
You May Also Like
Read More

ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကို မြန်မာနိုင်ငံအတွက် တာဝန်ပေးအပ်ထားမှုအပေါ် ပြန်လည်သုံးသပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ထံ တောင်းဆိုတိုက်တွန်း

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ (Julie Bishop) ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးစီးပွားပဋိပက္ခ ရှိ၊ မရှိ အမြန်ဆုံးစစ်ဆေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီများ အမေရိကန် ဆိုင်းငံ့

အမေရိကန်အနေနဲ့ ယူကရိန်းကို ပေးအပ်တဲ့  စစ်ရေးအကူအညီတွေကို ခေတ္တဆိုင်းငံ့ထားလိုက်ကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတစ်ယောက်က မတ်လ ၃ ရက်မှာ ပြောဆိုခဲ့တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။
Read More

မြန်မာပြည်ကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ထောက်ပံ့ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် အတည်ပြု

မြန်မာပြည်မှာ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဘေးဒုက္ခရောက်ရှိခဲ့ရတဲ့ ပြည်သူတွေကို အကူအညီပေးရေး ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က အတည်ပြုလိုက်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။
Read More

မြန်မာပြည်က လိမ်လည်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ဒေါ်လာ ၃၀,၀၀၀ ဖြင့် ပြန်ရွေးခဲ့ရ

မြန်မာနိုင်ငံက လိမ်လည်လုပ်ငန်းတစ်ခုကနေ ဟောင်ကောင်နိုင်ငံသားတစ်ယောက် ဘေးကင်းစွာ အိမ်ပြန်နိုင်ခဲ့ပြီး အသက်ပြန်လျက် ပြန်လာနိုင်စေရေးအတွက် မိသားစုက ပြန်ပေးငွေများစွာ ပေးခဲ့ရကြောင်း သူတို့ကို ကူညီခဲ့တဲ့ ခရိုင်ကောင်စီဝင်ဟောင်းတစ်ယောက်က ပြောဆိုခဲ့တယ်လို့ South China Morning Post က ရေးထားပါတယ်။ 
Read More

မြဝတီငွေလိမ်ဂိုဏ်းတွင် လုပ်ကိုင်ခဲ့သည့် အိန္ဒိယနိုင်ငံသား ၅၄၀ ကျော်ကို ပြန်ခေါ်ဖို့ အိန္ဒိယအစိုးရက စစ်လေယာဉ်တစ်စင်း စေလွှတ်

အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို မဟာဗျူဟာ ၅ ရပ်နဲ့ တိုက်ဖျက်ဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ အသိပေးထုတ်ပြန်ပါတယ်။
Read More

မြန်မာ့အရေး အခြေအနေပိုဆိုးလာချိန် နိုင်ငံတကာက တုံ့ပြန်ရန် ပျက်ကွက်နေသည်ဟု ကုလလူ့အခွင့်အရေးအရာရှိ ဝေဖန်

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ မမြင်ရတဲ့ အကျပ်အတည်းကို တုံ့ပြန်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အမ်ဒရူးက အောက်တိုဘာလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ဝေဖန်လိုက်ပါတယ်။