အကြမ်းဖက်စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ ဘုံသဘောတူညီချက်ကို ဒီနေ့မှာ ပူးတွဲ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၊ ကာကွယ်ရေးဌာန (DoD) ဌာနမှူးနဲ့ ကိုယ်စားလှယ်အဖွဲ့တို့ဟာ လူထုတော်လှန်ရေး မဟာမိတ် အင်အားစု (PRA Magway) က ဗဟိုကော်မတီဝင်တွေနဲ့ ဩဂုတ် ၃၀ ရက်မှာ ပထမအကြိမ် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ ဘုံသဘောတူညီချက် (၃) ရပ်ကို ချမှတ်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းယူခဲ့တဲ့နေ့ကစပြီး ဒီနေ့အချိန်အထိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေတွေ ပြည်သူလူထုအပေါ် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းသွားဖို့အတွက် အာဏာရှင်စနစ် အမြစ်ပြတ်ပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်တဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော်လှန်ရေး မဟာ မိတ်အင်အားစု (PRA – Magway) တို့ဟာ နိုင်ငံရေးအရ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) နဲ့ လူထုတော် လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့ဟာ တစ်ဖက် နဲ့ တစ်ဖက် စစ်ရေး နိုင်ငံရေးအရ အပြန်အလှန် ကူညီရပ်တည်သွားမယ်လို့လည်း သဘောတူညီခဲ့ကြောင်း သိရပါတယ်။

0 Shares:
You May Also Like
Read More

TRI ဗျူဟာက တပ်သားသစ်များ ခေါ်ယူနေ၊ LGBTQ လိင်စိတ်ခံယူမှု ကွဲပြားသူများပါ တပ်သားသစ်အဖြစ် လျှောက်ထားနိုင်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ TRI ဗျူဟာ - အမှတ် (၁၂၂) တပ်ရင်းက တိုက်ပွဲဝင်မယ့် တပ်သားသစ်ရဲဘော်တွေကို ဖိတ်ခေါ် ထားပါတယ်။
Read More

တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာသည် စစ်အုပ်စု အရာရှိအဆင့်အပါ ၆ ဦး မိုင်းဆွဲခံရ

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် တောင်လည်စစ်ဆေးရေးဂိတ်ကို ထွက်လာတဲ့ စစ်အုပ်စုအရာရှိအဆင့်အပါ ၆ ​ယောက်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် ၃၆၀၂ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
Read More

နတ်တလင်း၊ မကျီးပင် စစ်ဆေးရေးဂိတ်မှ စစ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တောင်ညိုဆည်၊ မကျီးပင်စစ်ဆေးရေးဂိတ်က စစ်သားတွေဟာ စခန်းကို ထားရစ်ခဲ့ကာ စခန့်စွန့်ခွာ ထွက်ပြေးကုန်တယ်လို့ ဒေသတွင်း တော်လှန်ရေးရဲဘော်တွေထံက သိရပါတယ်။
Read More

မြင်းခြံခရိုင်အတွင်း စစ်အုပ်စုနှင့် PDF များ ထိတွေ့တိုက်ပွဲဖြစ်ပွားနေ၊ နှစ်ဖက်ထိခိုက်မှုများရှိသလို စစ်အုပ်စုက လေကြောင်း အဆက်မပြတ် အသုံးပြုနေ

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်နဲ့ တောင်သာမြို့နယ်တို့မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
Read More

စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူများ အာဇာနည်နေ့ကို မမေ့လျော့စေရန် စလင်း(ပကဖ) ရဲဘော်များ နှင်းဆီပန်းများ ကမ်းဝေကာ နှိုးဆော် (ဓာတ်ပုံသတင်း)

မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းရှိ ခရီးသွားပြည်သူတွေကို ဇူလိုင်လ ၁၉ ရက် မနက်ဖြန်မှာ ကျရောက်မယ့် (၇၈) ကြိမ်မြောက် "အာဇာနည်နေ့" ကို မမေ့‌လျော့နေစေဖို့ စလင်း(ပကဖ) ရဲဘော်တွေ နှင်းဆီပန်းများ ကမ်းပေးကာ သတိပေးနှိုးဆော်ခဲ့တယ်လို့ သိရပါတယ်။
Read More

လူ့အခွင့်အရေးနေ့တွင် မိခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ကျဥ်းများကို လွှတ်ပေးရန် သားဖြစ်သူ ကိုထိန်လင်း တောင်းဆို

ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ မိခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ သားဖြစ်သူ ကိုထိန်းလင်းက ဒီက‌နေ့တောင်းဆိုလိုက်ပါတယ်။ လက်ရှိ မြန်မာပြည်မှာတော့ လူ့ဂုဏ်သိက္ခာ၊ အမှန်တရား၊ တရားမျှတမှုတွေကို အကြမ်းဖက်အာဏာရှင်က နေ့စဉ် ချိုးဖျက်နေတာဖြစ်တယ်လို့ ပြောဆိုပါတယ်။