အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ အခြေပြု ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာတွေ၊ တပ်ရင်း/တပ်ဖွဲ့တွေ၊ ဒရုန်းလက်ရုံးတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းလိုက်ပါတယ်။

အထူးတိုင်းစစ်ဌာနကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလကတည်းက စတင်ခဲ့ကြတာဖြစ်ပြီး တပ်ပြောင်းရွှေ့လုပ်ငန်းတွေ၊ စစ်ဆင်ရေးနဲ့ နယ်မြေစိုးမိုးမှုလုပ်ငန်းတွေကြောင့် အခုချိန်မှသာ ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

အထူးတိုင်းစစ်ဌာနကို တောင်ပိုင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF နည်းဗျူဟာ ၂၇၊ နည်းဗျူဟာ ၃၂၊ နည်းဗျူဟာ ၃၃၊ နည်းဗျူဟာ ၃၆၊ နည်းဗျူဟာ ၃၇၊ စုစုပေါင်း နည်းဗျူဟာ (၅) ခုနဲ့ စုဖွဲ့ထားပြီး တိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁၁) ရင်း၊ ဒရုန်းလက်ရုံးအထူးတပ်ဖွဲ့ (၄) ဖွဲ့ အပြင် တပ်ရင်းအတည်ပြုကုတ် မကျသေးဘဲ (စိစစ်ဆဲ) PDF တပ်ရင်း ၃ ရင်းနဲ့ ဒရုန်းတပ်ဖွဲ့  (၂) ဖွဲ့ ရှိနေသေးတယ်လို့ သိရပါတယ်။

အဖွဲ့ဝင်တွေအဖြစ် တိုင်းကွပ်ကဲရေးမှူး၊ ဒု-ကွပ်ကဲရေးမှူး၊ စစ်ဆင်ရေးအရာရှိ၊ စစ်ရေးအရာရှိ၊ စစ်ထောက်အရာရှိ၊ စစ်ထောက်လှမ်းရေးအရာရှိ၊ ပြည်သူ့လုံခြုံရေးအရာရှိ၊ ရုံးအဖွဲ့မှူး၊ နည်းဗျူဟာမှုး (၅) ယောက်နဲ့ စနစ်တကျ ဖွဲ့စည်းထားကာ စစ်ဆင်ရေးနယ်မြေအတွင်း အနီးကပ်ဆုံး ကွပ်ကဲစီမံ အုပ်ချုပ်နေတယ်လို့ သိရပါတယ်။

“ကရင်ပြည်နယ်မှာဆိုရင် KNU နဲ့ပူးပေါင်းပြီးတော့ ထိုင်း-မြန်မာနယ်စပ်က စခန်းတွေကို သိမ်းနေတာပေါ့နော်။ အခုဆိုရင် ၁ခု၊ ၂ခုလောက်ပဲ ကျန်တော့တယ်.. အားလုံးစိုးမိုးထားတဲ့ အခြေအနေရှိတယ်ပေါ့နော်။ ရေး-ထားဝယ်- တနင်္သာရီဒေသဆိုလည်း အားလုံးသော တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးတွေရှိပါတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲဖြစ်တာနဲ့အတူ ကျနော်တို့ စိုးမိုးနယ်မြေတွေလည်း ပိုပြီးရတယ်။ နောက်တခုက မွန်ပြည်၊ သထုံခရိုင်ပေါ့နော်။ ပဲခူးတိုင်းအတွင်းမှာလည်း ဗျူဟာတချို့ကို အထိုင်ချထားပါတယ်” လို့ အထူးတိုင်းစစ်ဌာနရဲ့ စစ်ရေးလှုပ်ရှားနေမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး တိုင်းကွပ်ကဲရေးမှူးဖြစ်သူ အောင်စံရှားက မောင်းကို ပြောပါတယ်။

အထူးတိုင်းစစ်ဌာနဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မဲပလီဗျူဟာ စခန်းကုန်းကို  တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လှဂွန်းပျိုစခန်းင တပ်ရင်းမှူးအပါ အခြားအဆင့် တပ်သား (၁၆) ယောက်ကိုလည်း လက်နက်တွေနဲ့တကွ အလင်းဝင်ရောက်လာအောင် စည်းရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနဲ့ ထိစပ်နေတဲ့ ထိုင်းမြန်မာနယ်စပ်က ရန်သူ့အထိုင်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာလည်း KNLA တပ်ဖွဲ့တွေနဲ့အတူ ထိုင်းမြန်မာနယ်စပ် စခန်းသိမ်းတိုက်ပွဲတွေ၊ ဖာပွန်မြို့သိမ်းတိုက်ပွဲနဲ့ အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲတွေကို ဆက်လက်ဖော်ဆောင်နေတယ်လို့ သိရပါတယ်။

အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ်မြေတွေအတွင်းမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ လုံးဝပြုလုပ်ခွင့်မရနိုင်သလို  ရွေးကောက်ပွဲအကြောင်းပြပြီး ထိုးစစ်ဆင်နေမှုတွေကနေ နယ်မြေ လုံးဝ မဆုံးရှုံးစေရေး၊ ပြည်သူလူထု လုံခြုံရေးနဲ့ အကာအကွယ်ပေးရေးကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်ရဲ့ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်တွေ၊ EROs တွေရဲ့  စစ်ရေးရည်မှန်းချက်တွေကို အတူတကွ လက်တွဲဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

0 Shares:
You May Also Like
Read More

မြန်မာ့အရေး လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးပြုလုပ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးဆွေးနွေးဖို့ တံခါးပိတ်အစည်းအဝေးတစ်ရပ်ကို နိုဝင်ဘာ ၂၀ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အရပ်သားတွေကို အကာအကွယ်ပေးရေး အဓိကဆွေးနွေးသွားဖို့ ယူကေက ခေါ်ယူတာဖြစ်ပြီး အာဆီယံနဲ့ ကုလသမဂ္ဂတို့က ခန့်အပ်ထားတဲ့…
Read More

သထုံ​မြို့ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ် ဝင်ရောက်တပ်စွဲကာ နေအိမ်များ ဖောက်ထွင်းပြီး ဒေသခံများကို နှိပ်စက်

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးသထူခရိုင်၊ သထုံမြို့နယ် အတွင်းက တက်တူကုန်း ကျေးရွာကို အာဏာသိမ်း စစ်တပ်က ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းဖျက်ဆီးကာ ဒေသခံ တယောက် ကိုလည်း ဖမ်းဆီး နှိပ်စက်တာတွေ လုပ်ခဲ့တယ်လို့ KNU ​ဗဟိုက သတင်း ထုတ်ပြန်ပါတယ်။ 
Read More

မြိုင်အနောက်ပိုင်းမှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါ အရပ်သား ၃ ယောက်သေပြီး အများအပြား ထိခိုက် ဒဏ်ရာရ…

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီရဲ့အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုရင်ကြီး ၁ ပါးအပါအဝင် အရပ်သား ၃ ယောက် သေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိခဲ့တယ်လို့ မြိုင် ပကဖ သတင်းတာဝန်ခံက မောင်းသတင်းဌာနကို ပြောပါတယ်။
Read More

ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာသည့် စစ်ကြောင်းမှ စစ်သား ၃ ဦးကို ဖမ်းမိ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း ကပစ ၂၂ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုထဲက အကြမ်းဖက်စစ်သား ၃ ယောက်ကို ဖမ်းမိခဲ့တယ်လို့ Young Revolution Front အဖွဲ့ထံက သိရပါတယ်။
Read More

စစ်ကောင်စီ စစ်ကြောင်းတစ်ခုလုံး ဖွဲ့စည်းပုံပျက်အောင် တိုက်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တွေကို ပြည်သူတွေ ကြိုဆို

ဘုတလင်မှာ စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုလုံးကို တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေကို ဒေသခံပြည်သူတွေက သပြေညိုနဲ့ ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Read More

စစ်သည်တော် ကျင့်ဝတ်စည်းကမ်း စာစောင်များကို 96 soldiers PDF မှာ ဖြန့်ဝေ (ဓာတ်ပုံသတင်း)

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ဝေတဲ့ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (CoC) လက်ကမ်းစာစောင်တွေကို 96 soldiers PDF တပ်ဖွဲ့မှာ ဟောပြောပို့ချကာ လေ့လာခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။